Monday, April 8, 2013

သင်္ကြန်ကာလ နီးကပ်လာပြီဖြစ်သဖြင့် လူငယ်များ သင်္ကြန်ဖက်ရှင်များ စတင်ပြင်ဆင်

သင်္ကြန်ကာနီးကပ်လာပြီဖြစ်သဖြင့် လူငယ်များသင်္ကြန်ပွဲ ဆင်နွှဲရန်ဖက်ရှင်တစ်ခုဖြစ် သည့် အ၀တ်အ စားများ စတင် ၀ယ်ယူ နေ ကြပြီဖြစ်သဖြင့် ဖက်ရှင်ဆိုင်များရောင်း
အားကောင်းလျက် ရှိကြောင်း တော် ၀င်စင် တာရှိZoop ဖက်ရှင်ဆိုင်မှအရောင်းတာဝန်ခံကိုအောင်ခိုင်ဝင်းက 
 ပြောကြားသည်။
“သင်္ကြန်နီးလာတော့ ဖက်ရှင်ဆိုင်တွေရောင်း အားတတ် လာ တာပေါ့။ အရင်က ထက် ရောင်း ရတယ်။သင်္ကြန် တွင်း လူငယ်တော်တော်များ များကတီရှပ်ဝတ်ကြတာ များတော့ တီရှပ်တွေ ရောင်းကောင်းတယ်။ အခု နှစ် ဘောင်း ဘီဆို ရင်အခု crazy colour တွေဝယ်ကြတာ များတယ်” ဟု ကိုအောင်ခိုင်ဝင်း ကပြောကြား သည်။ သင်္ကြန်တွင်း ၀တ်ဆင်ရန် ၇၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ကြားဈေးနှုန်း ရှိသည့် တီရှပ်များ ရောင်း အား ကောင်း လျက်ရှိပြီး၊  ၁၀၀၀၀ကျပ်မှ၂၀၀၀၀ကျပ် ကြားဈေးနှုန်း ရှိသည့် ဘောင်း ဘီများကိုဝယ်ယူသူများပြားေ ကြာင်း သိရသည်။ သင်္ကြန်တွင်းတွင် လူငယ်များမှာ ဦးထုပ်ဝတ် ဆင်လေ့ရှိကြရာ ယခုနှစ်တွင် ဦးထုပ်ရှေ့ ခြမ်း တွင်ကြယ်သီးများ၊ ဘော်ကြယ်များ၊ ကျောက်များတပ်ဆင်ကာဒီဇိုင်းထွင်ထားသည့်ဦးထုပ်များ ဈေး ကွက် အတွင်းသို့ ၀င်ရောက် လာပြီး အဆိုပါ ဦးထုပ်များမှာ တန်ဖိုးတစ်သောင်းငါးထောင် ကျပ် နှင့် အထက် ရှိပြီး ရောင်းအား ကောင်းလျက်ရှိကြောင်း သိရသည်။
“ညီမကတော့ ဒီနှစ်မဏ္ဍပ်ထိုင်မှာပါ။ ဆံပင်ကိုတော့ တစ်ခေါင်းလုံး ကျစ်ဆံမြှီးကျစ်မယ်။ အရင် နှစ်တွေတုန်းကတော့ကျစ်ဆံမြှီးကို ရောင်စုံကြိုးတွေထည့်ပြီးကျစ်တာခေတ်စားတယ်။ဒီနှစ်တော့ ရောင်စုံကြိုး မထည့်ဘူး။ အခုနောက် တစ်မျိုးပေါ်နေတာရှိတယ်။ ကျစ်ဆံမြီးတွေအပေါ်မှာ ကြယ်ပုံလေးတွေ တပ်မယ်” ဟု သင်္ကြန်အတွက် ပြင်ဆင်နေသူ မရွှေဇင်မေ ကပြောကြားသည်။
သင်္ကြန်အချိန် နီးကပ်နေပြီဖြစ်သဖြင့် အ၀တ်အစား ၀ယ်လိုအားတတ်နေပြီး အကျီင်္ဈေးများလည်း အနည်းငယ် တတ်လျှက်ရှိကြောင်း သိရသည်။

From:မြန်မာ့ခေတ်

No comments:

Post a Comment