Monday, April 8, 2013

ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီ China Mobile နှင့် Vodafone ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာ့ဆက်သွယ်ရေးမှ တင်ဒါခေါ်ယူထားမှုကို အခြားနိုင်ငံတကာ ထိပ်တန်းကုမ္ပဏီများနှင့်အတူ ၀င်ရောက်ယှဉ်ပြိုင်

နယူးဇီလန်နိုင်ငံရှိ Vodafone အဆောက်အအုံကို တွေ့ရစဉ်
(photo: www.commons.wikimedia.org)
မန်ယူအသင်းအားစပွန်ဆာပေးခဲ့ဖူး သည့် Vodafoneကုမ္ပဏီအနေဖြင့် မြန်မာ့ဆက်သွယ်
]ရေး ကဏ္ဍသို့ ၀င်ရောက်ယှဉ်ပြိုင်လုပ်ကိုင်ရန် စီစဉ်ထားကြောင်း နိုင်ငံတကာ သတင်း ၀က်ဘ် ဆိုက်များတွင် ဖော်ပြချက် အရ သိရသည်။
ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ် သည့်တရုတ်နိုင်ငံမှ China Mobileလီမိတက်နှင့်  ပူးပေါင်းကာ Vodafone Group မှ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ယှဉ်ပြိုင် လုပ်ကိုင် မည်ဖြစ်ပြီး ထိုသို့လုပ် ကိုင် ရန် အတွက်လည်း လျှောက်ထားပြီး ဖြစ်သည်ဟု သိရသည်။
မြန်မာ့ဆက်သွယ်ရေး အနေဖြင့် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ သူများကို ဖိတ်ခေါ် ထားပြီး Vodafone အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် Operators လုပ်ငန်းအတွက် လည်းကောင်း၊ ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်သည့်လုပ်ငန်း အပါအ၀င် ဆက်သွယ်ရေး လုပ်ငန်းစုံတွင် မြှုပ်နှံ လုပ် ကိုင် ရန် လျှောက် ထား ခြင်း ဖြစ်သည်။
Vodafone သည် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍသို့ ၀င်ရောက်ရန် အတွက် အမေရိကန် ရင်းနှီးမြှုပ်နှံ သူ ဂျော့ရှ်ဆိုးရော့ ပိုင်ဆိုင်သည့် Quantan Strategic Partners၊ ဂျမေကာနိုင်ငံမှ Digicel ကုမ္ပ ဏီနှင့် မြန်မာနိုင်ငံမှ FMI ကုမ္ပဏီတို့ ဖက်စပ်တည်ထောင်ထားသည့် ကုမ္ပဏီဖြင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ၏ ထိပ်တန်းဆက်သွယ်ရေး ကုမ္ပဏီ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နော်ဝေနိုင်ငံ များမှ ဆက်သွယ်ရေး ကုမ္ပဏီများစွာဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုမှာ နိုင်ငံ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းပင် မရှိကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် နိုင်ငံ့လူဦးရေ၏ ၇၅ မှ ၈၀ ရာခိုင်နှုန်းအထိ သုံးစွဲမှုနှုန်း မြင့်လာရန် လုပ်ဆောင်မည့် ဈေးကွက်အပေါ် သုံး သပ်ကာ နိုင်ငံတကာမှ ကုမ္ပဏီကြီးများ ၀င်ရောက်ယှဉ်ပြိုင် ကြခြင်းလည်း ဖြစ်သည်

Credit : Here

No comments:

Post a Comment