Saturday, April 6, 2013

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလတွင်း နာမည်ကျော် အနုပညာရှင်များရှိ ရာ ဖျော်ဖြေရေးမဏ္ဍပ်များ


Photo
  မြန်မာနိုင်ငံ၏ နာမည်ကျော် ရောခ့်ဂီတ အဖွဲ့ရဲ့ဝိုင်းတော်သားများ ဖြစ်ကြတဲ့ 
 လေးဖြူ၊ အငဲ၊ မျိုးကြီး၊ဝိုင်ဝိုင်းတို့ဟာ  ပြည် လမ်းမှာရှိတဲ့ Air Bagan မဏ္ဍပ်မှာအကြိုနေ့ ကနေ အကြတ်နေ့ အထိ လေးရက်တိုင်တိုင်
 ဖျော်ဖြေပေးသွားမှာ ဖြစ်တယ်လို့ ပုဂံ  Entertainment မှ ဦးဝင်းမြင့်စိုး က ပြောပါ တယ်။အလားတူ "မင်းလမ်း ရခိုင်မုန့်တီ ဆိုင်ရှေ့မှာ ရှိတဲ့ My New April မဏ္ဍပ်မှာ နန်းဆုရတီ စိုးရယ် အောင်လ၊ ဆိုတေး၊ ရတနာမိုင်တို့ က ဖျော်ဖြေကြမှာပါ" ဟု တေးသံရှင်သရုပ်ဆောင်နန်းဆုရတီစိုးက ပြောပါတယ်။လူငယ်ပရိသတ်ကြိုက် ဖြစ်တဲ့S.I.R  ရောခ့် ဂီတအဖွဲ့ရဲ့ အဖွဲ့ ဝင် များ ဖြစ်ကြတဲ့ Big Bag၊ Wanted၊ Idiots အဖွဲ့တို့ဟာ ကန်တော်ကြီး မျှော်စင်
ကျွန်း မှာ ရှိတဲ့ Grand Royal မဏ္ဍပ်မှာ ဖျော်ဖြေသွားကြမှာ ဖြစ်တယ်လို့ S.I.R အဖွဲ့ရဲ့ မန်နေဂျာ ကိုဒီမိုးက ပြောပါတယ်။ "တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ကတော့ ကျွန်တော်က ဒီနှစ်သင်္ကြန် ရန်ကုန် က Alpine မဏ္ဍပ်မှာ ရှိပါမယ်" လို့ ပြောဆို ပါ တယ်။


ရတနာပုံသတင်း

No comments:

Post a Comment