Saturday, April 6, 2013

မွေးနေ့မှာ သူငယ်ချင်းတွေ၊ ပရိသတ်တွေနဲ့ သိုက်သိုက်ဝန်းဝန်း နေရတာ ကြိုက်တယ် စိုင်းစိုင်းခမ်းလှိုင်


Photo

ဧပြီကို မြန်မာပြည်သူပြည်သားတိုင်း ရင် ခုန် တမ်းတ လွမ်းမောကြပါတယ်။ ဘာကြောင့်ဆို နက္ခတ်ရာသီ (၁၂) ပါး အ နက် ပထမဆုံးသော ရာသီခွင်ဖြစ်တဲ့  မိဿရာသီကဧပြီလထဲမှာပြီးတော့  မြန်မာ
တို့ရဲ့ အတာကြူးတဲ့ တန်ခူးလ။ ဒီလထဲမှာပဲ ဆယ်ကျော်သက် လူငယ်တွေရဲ့ နှုတ်ခမ်းနီ မလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ရှိပြန်တယ်လေ။ အနုပညာရှင်တွေထဲမှာ မွေးနေ့ကို နှစ်
စဉ်နှစ်တိုင်း (၉) နှစ်ဆက်တိုက် အနုပညာ မောင်နှမတွေ၊ သူ့ရဲ့ အမာခံ ပရိသတ်တွေနဲ့ ကျင်းပ
လာနိုင်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ တစ်နှစ်ပြီးရင် နောက်တစ်နှစ် ဘယ်လိုထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ တင်ဆက်မလဲဆိုတာကို သူ့ပရိသတ်တွေကလည်း စိတ်ဝင်စားပါတယ်။

စိုင်းစိုင်းက Birthday နဲ့ ပတ်သက်ပြီး ကံကောင်းသူလား။

  အဲဒီလို ပြောလို့ ရပါတယ်။ ကျွန်တော့် မွေးနေ့ရှိုးကို ဒီနှစ်အပါအဝင်ဆိုရင် (၉) နှစ် ရှိပြီ။ သူငယ် ချင်းတွေနဲ့ သီချင်းဆို၊ ပရိသတ်တွေနဲ့ ပျော်စရာကြီး။ အဲဒီလို သိုက်သိုက်ဝန်းဝန်းလေး နေရတာ ကျွန်တော်ကြိုက်ပါတယ်။
ဧပြီလက စိုင်းစိုင်းအတွက် ဘယ်လို လမျိုးလဲ။
  ကျွန်တော်က (၁၂) လ ရာသီတွေထဲမှာ ဧပြီလကိုချစ်တယ်။ဧပြီလထဲမှာကျွန်တော့်မွေးနေ့ရှိတယ်။  သင်္ကြန်ပွဲတော်ကြီး ရှိတယ်။ ဧပြီလက ကျွန်တော့်အတွက် ချစ်စရာကောင်းပြီး ပျော်စ ရာေ ကာင်း တဲ့ လပေါ့။
Birthday Show ပြီးရင် သင်္ကြန်ကရော ဘယ်မှာ ရှိမှာပါလဲ။
  ကျွန်တော် ရန်ကုန်မှာပဲ မဏ္ဍပ်ဆောက်ပါမယ်။
Birthday Show မှာ ဒိတ်ဒိတ်ကြဲထဲကသီချင်း ဘယ်နှပုဒ်လောက် ဆိုမှာလဲ။ ကျွန်တော် သီချင်းအပုဒ် လေးဆယ်လောက် ဆိုဖို့ ပြင်ဆင်ထားတယ်။ ပြီးတော့ ကျွန်တော်ပရိ သတ်တွေ ပြန်တဲ့အချိန် အဆင်ပြေအောင် ကျွန်တော် ညနေ (၆) နာရီမှာ စပြီး ဖျော်ဖြေပါမယ်။ ကျွန်တော်က အရင်နှစ်တွေက ပရိသတ်စုံအောင် စောင့်ရင်းနဲ့ ဖျော်ဖြေချိန် နောက်ကျ တတ်ပါ တယ်။ အဲဒီအခါ ပြန်ချိန်နောက်ကျတယ်။ ပရိသတ်တွေထဲမှာ ရန်ကုန်နဲ့ နည်းနည်းဝေးတဲ့ နေရာက ပရိသတ်တွေလည်းရှိတော့ သူတို့အတွက် စဉ်းစားပြီး စောစောဆိုဖို့ စဉ်းစားလိုက်တာပါ။
ကိုယ်ပြင်ဆင်မျှော်လင့်ထားပြီးမှ ဖြစ်မလာတဲ့ ဖြစ်ရပ်မျိုးတွေ ဘဝမှာ ကြုံဖူးလား။ ကြုံခဲ့ရင်ရော ဘယ်လိုဖြေဖျောက်လဲ။
  လူဆိုတာ အမြဲတမ်း ပြည့်စုံနေတာမှ မဟုတ်တာ။ ကျွန်တော့်မှာလည်း အားနည်းချက်၊ အားသာ ချက်တွေ ရှိပါတယ်။ ကိုယ်မျှော်လင့်တိုင်းလည်း ဖြစ်ချင်မှ ဖြစ်လာတာကိုး။ ကျွန်တော်တို့ စာမေး ပွဲဖြေ သလိုပေါ့။ သင်္ချာကို အမှတ်တစ်ရာ ရမယ်လို့ တွက်ထားခဲ့ပေမယ့် တကယ်အောင်စာရင်း ထွက်တော့ မရခဲ့ဘူး။ ဘဝကိုလည်း အဲဒီလိုပါပဲ။ မနှစ်ကဆိုရင် ကျွန်တော် Performance တွေ လည်း သေချာပြင်ဆင်ထားတယ်။ ဒါပေမဲ့ ကျွန်တော် မလုပ်လိုက်ရဘူး။ မိုးသက်လေပြင်း ကျလာ လို့ ကြုံရတဲ့ ခဏမှာတော့ တော်တော် စိတ်မကောင်းဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်ဒါကိုစိတ်ပျက်နေ လို့ မပြီးဘူးလေ။ နောက်ထပ် ဘာတွေလုပ်မှာလဲ၊ လုပ်ရမှာတွေ အများကြီးရှိတယ်။ စဉ်းစားလိုက်   ရ င် ကျွန်တော်က သွေးအေးတယ်ဗျ။
စိုင်းစိုင်း လွန်ခဲ့တဲ့ လေးနှစ်က မှတ်မှတ်ရရ ဖြစ်ရပ်တစ်ခု..
  လွန်ခဲ့တဲ့ လေးနှစ်က ကျွန်တော့်မှာ တရားဝင် ရည်းစားရှိတယ်။ 

လွန်ခဲ့တဲ့ လေးလက..
  ကျွန်တော် တော်တော်ပျော်နေပါတယ်။
ဒါဆိုရင် လွန်ခဲ့တဲ့ လေးရက်ကရော.. အဲဒီရက်ကလည်း ပျော်စရာကောင်းပါတယ်။
နောက်လေးနှစ်မှာ ဘာဖြစ်ချင်လဲ။ ကျွန်တော် အဲဒီလို မပြောတတ်ဘူးဗျ။
8DAYS လေးနှစ်ပြည့် အမှတ်တရစကား...
 
လေးနှစ်ဆိုတာ ကလေးလေးဆိုရင် စကားတီတီတာတာတွေ ပြောပြီး ချစ်စရာ ကောင်း တာလေး ရယ်၊ နည်းနည်း အမြင်ကတ်စရာ ကောင်းတဲ့ အကျင့်လေးတွေလည်း ရှိလာတယ်။ ဒါပေမဲ့ အသက် တစ် ခုနဲ့တစ်ခုက တူမှမတူတာ။ ဆင်မှာ ဆင်သက်၊ ခြင်မှာ ခြင်သက်၊ ကျားမှာ ကျားသက်ဆိုတာ ရှိတယ်ဆိုတော့ ဂျာနယ်တစ်စောင်အနေနဲ့ လေးနှစ်ဆိုတာက လူနဲ့ပြောမယ်ဆိုရင် အပျိုကြီး ဖားဖား ဖြစ်တဲ့အချိန် အလှသွေးကြွယ်နေတဲ့ အချိန်လို့ ပြောရမယ်ထင်တယ်။ နောင်နှစ်များစွာမှာ တင့်တယ်လှပစွာ ရှင်သန် ရပ်တည်နိုင်ပါစေ။ ဧပြီလ (၁၀) ရက်မှာ ကျရောက်မယ့် စိုင်းစိုင်းခမ်း လှိုင်ရဲ့ မွေးနေ့မှာ သူငယ်ချင်း မိတ်ဆွေ ပရိသတ်များနဲ့ Birthday Show ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင် ပါစေ၊ ချစ်လမ်းခရီး သာယာဖြောင့်ဖြူးပါစေ...
8DAYS Journal

No comments:

Post a Comment