Sunday, April 14, 2013

နိုင်ငံသားစိစစ်ရေးကဒ်များ စမတ်ကဒ် ပြောင်းမည်

လက်ရှိအသုံးပြုနေသော မြန်မာနိုင်ငံသားဖြစ်
ကြောင်း ပန်းရောင် နိုင်ငံသားစိစစ်ရေးကဒ်ပြား များအစားစမတ်ကဒ်အဖြစ် ပြောင်း ကိုင်ရတော့ မည်ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာနအရာရှိကြီးတစ်ဦးက
 ပြော သည်။ “ကဒ်က အဆင့်မြင့်တော့ ကုန်ကျ မယ့်ငွေကို တွက်ရမှာဖြစ်တယ်။ ဈေးနည်းနည်း များနိုင်လို့ ဆွေးနွေးနေရတာ၊ စမတ်ကဒ်များအဖြစ် ပြောင်းဖို့အတွက်တော့ စီစဉ်နေပါပြီ” ဟု အဆို ပါ အရာရှိတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ တွင် နိုင်ငံလုံးဆိုင်ရာ ပြည်လုံး ကျွတ် သန်းကောင် စာရင်း ကောက် ခံမှု ပြုလုပ်ခြင်းကို ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂ လူဦးရေ ရံပုံငွေအဖွဲ့၏ အကူ အညီဖြင့် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ကောက်ခံ မည် ဖြစ်သောကြောင့် ယခုအခါ ပြည်နယ်နှင့် တိုင်းဒေ သကြီး အလိုက် မှတ်ပုံတင်များကို လွယ်ကူစွာ ပြုလုပ်ပေးလျက်ရှိကြောင်း ယင်းဝန်ကြီးဌာနက သိရသည်။ လတ် တလော ပန်းရောင် မှတ်ပုံတင်ကဒ် တစ်ခုအတွက် ကုန်ကျမည့်ငွေ မှာ လျှောက် လွှာဝယ်ယူကြေး၊ သွေး စစ်ဆေး ခနှင့် ဓာတ်ပုံရိုက်သည့် ကုန်ကျငွေတို့အဖြစ် ထောင်ဂဏန်းခန့်သာ ကုန် ကျသော်လည်း စမတ် ကတ် မှာ ယင်းထက်ပို၍ ကုန်ကျနိုင်ကြောင်း သို့သော်လည်း အသုံးပြုရာတွင် သပ်ရပ်၍ ရေစိုတာရှည် ခံ မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ယာဉ်မောင်းလိုင်စင်ကဒ်ကို စမတ်ကဒ် အဖြစ် ပြောင်းလဲ၍ လွန်ခဲ့သော သုံးနှစ်ခန့်က စတင်ကျင့်သုံးခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၁၆ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment