Sunday, April 14, 2013

" ကမ္ဘာ့ပထမဆုံးသောလေယာဉ်ပြန်ပေးဆွဲမှုကြီး မှာ..မြန်မာနိုင်ငံမှာဖြစ်တာပါ

၁၉၇၀ခုနှစ်အစောပိုင်းနှင့် နောက်ပိုင်းနှစ်များတွင် လေ
ယာဉ်ပြန်ပေးဆွဲမှုသတင်းများမကြာခနသတင်းစာ များတွင်   ရေး သားဖော်ပြကြသည်။သို့သော်လည်းစစ်အေးတိုက်ပွဲ ကာလပြီးဆုံးချိန် တွင် လေယာဉ်ပြန်ပေး ဆွဲ မှု သတင်း များကိုမဖတ်ရ၊မကြားရသလောက်ဖြစ်နေသည်။9/11ဟုခေါ် သည့် အမေရိကန်နိုင်ငံ နယူးေ ယာက်မြို့ရှိ World Trade Center အဆောက်အအုံကြီးကို ဆီအပြည့်ဖြည့် ထားသောေ လယာဉ် ကြီး များဖြင့် အာရပ်အကြမ်း ဖက်သမားများ က ဝင်ရောက်တိုက်ခိုက်သဖြင့်မီးလောင်ပျက်စီးပြိုကျကာအမေ ရိ ကန် အများအပြားအပါဝင် လူမျိုးပေါင်းစုံ ၃,၀၀၀ ကျော် တို့သေကြေခဲ့ရသည်။ ဤအကြမ်းဖက် လုပ် ရပ်ကြောင့်လူ သား အားလုံးတုန်လှုပ်ခဲ့ ရသည့် အပြင် ယနေ့တိုင် မပြီးဆုံးနိုင်သေးသော အာဖဂန် စစ်ပွဲနှင့် အီရတ်စစ်ပွဲတို့ ၏မြစ်ဖျားခံရာ ဟုဆိုလျှင်မမှားနိုင်ပေ။
သမိုင်းဖြစ်စဉ်တို့ကိုပြန်ကောက်လျှင် လေယာဉ်ပြန်ပေးဆွဲမှု၏ အစသည်မြန်မာနိုင်ငံ မှဖြစ်သည် ကိုတော့ သိ သူနည်း မည်ဖြစ်သည်။ သို့သော်လည်း ၁၉၅၄ ခုနှစ် ဇွန်လက မင်္ဂလာဒုံလေဆိပ်မှ ပျံတက်လာသော ဒါကို တာလေယာဉ်ကြီးကို စောကျော်အေးဦးဆောင်သောလူ (၃)ယောက် ကပြန်ပေးဆွဲခဲ့ကြသည်။ ကမ္ဘာ မှာ ပထမဆုံးသောလေယာဉ်ပြန်ပေးဆွဲခြင်းဖြစ်သည်။ထိုလေယာဉ် ကို ပုသိမ်ခရိုင် ဂွ နှင့် ချောင်းသာ အကြားရှိ ပင်လယ်သဲသောင်ပြင်ပေါ်တွင်ဆင်းသက်ခိုင်းခဲ့ သည်။ ဖြစ်တောင့်ဖြစ်ခဲ၊ ကြုံတောင့်ကြုံခဲဖြစ်ရပ် တစ်ခုပင်ဖြစ်သည်။ စာရေးသူမှ ခဲရာခဲဆစ် ရှာဖွေလေ့လာရေးသားထားခြင်းဖြစ်သည်။

အထူးခြားဆုံးဖြစ်ရပ်ကား လေယာဉ်ပြန်ပေးဆွဲရာတွင်ဦးဆောင်ခဲ့သော ဦးစောကျော်အေးနှင့် သက်ရှိထင် ရှားတွေ့ ဆုံမေးမြန်းနိုင် ခဲ့ခြင်းပေတည်း။ မြန်မာ့သမိုင်းထဲမှ ထူးခြားသောသမိုင်းဖြစ်ရပ် တစ်ခုကို မှတ်တမ်း တင်နိုင်ခြင်းဖြစ်သည်။ ယခုပင်လျှင် ဦးစောကျော်အေးမှာ အသက် (၈၆)နှစ် ရှိပေပြီ။ ဧဝံဂလိ ခရီး ထွက်နေ ဆဲ။

ယခုစာအုပ်ကား "မြန်မာနိုင်ငံ၏ ကမ္ဘာ့ပထမဆုံးသောလေယာဉ်ပြန်ပေးဆွဲမှုကြီး" ပင်ဖြစ်သည်။

No comments:

Post a Comment