Monday, April 8, 2013

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း




မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည် ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီးရှင်းလင်း
ထားတဲ့ ကြေညာချက်တစ်စောင်ကို ရန် ကုန် မြို့တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။
တရုတ်ပြည်ရွှေလီမြိုမှာကျင်းပခဲ့တဲ့အစို
 ရနဲ့KIOတို့နောက်ဆုံးဆွေးနွေးပွဲမှာ
နောက်တစ်ကြိမ် ဆွေးနွေး ပွဲကို ဧပြီလ (၁၀)ရက်နေ့မတိုင်ခင်ကျင်းပဖို့သဘောတူညီခဲ့ကြပေမဲ့၊ တရုတ် အစိုးရက ကန့်ကွက်ခဲ့တဲ့
အတွက် မြန်မာ အစိုးရက ဆွေးနွေးပွဲရက်ရွှေ့ဆိုင်းလိုက်တဲ့  သဘောမျိုး မြန်မာ သတင်းမီဒီယာ တချို့ က ရေးသားဖေါ်ပြခဲ့ကြပါတယ်။
အဲဒီသတင်းတွေဟာ အဖြစ်မှန်နဲ့ လွဲချော်နေတဲ့အတွက်  တရုတ်သံရုံးအနေနဲ့ စိတ်မကောင်းဖြစ် ရပါတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဆက်လက်ပြီး မြန်မာ့ အိမ်နီးချင်း မိတ်ဆွေစစ်ဖြစ်တဲ့ တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ အချုပ် အခြာ အာဏာနဲ့ ဂုဏ်သိက္ခကို လေးစားသမှု ရှိတဲ့အပြင်၊  မြန်မာအစိုးရရဲ့ အမျိုးသားစည်း လုံးညီညွတ်ရေး၊တိုင်းရင်းသားချင်းသဟဇာတဖြစ်ရေး ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးနေ ပါတယ်၊ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း က  ရွှေလီမြို့မှာ နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တရုတ် အစိုးရက နှစ်ကြိမ် ကမကထပြု စီစဉ်ပေးခဲ့ပါတယ်၊ အဲဒီဆွေးနွေးပွဲတွေကြောင့် မြန်မာအစိုးရနဲ့ KIO/KIAတို့ကြား ယုံကြည်မှု တည်ဆောက် နိုင်ခဲ့သလို၊ တင်းမာမှု ပဋိပက္ခတွေကိုလည်း လျှော့ချနိုင် ခဲ့ပြီး၊ အခြေအနေတွေ တဖြည်းဖြည်း တည်ငြိမ်မှု ရလာ တာနဲ့အတူ၊ လူသားချင်း စာနာရေး အကူ အညီတွေလည်း ရောက်ရှိနိုင်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်၊ ရှေ့အနာဂတ်မှာလည်း တရုတ်ပြည် အနေနဲ့ မြန်မာအစိုးရက တောင်းဆိုလာရင် ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ဆွေးနွေး ပွဲသဘောတူညီချက်အရနောက်တစ်ကြိမ်ဆွေးနွေးပွဲမကျင်းပဖြစ်တဲ့အဓိကအကြောင်းက ထောက်ပံ့  ပို့ဆောင်ရေး အစီအစဉ်မှာ ပြဿနာရှိနေလို့ ပဲဖြစ်ပါတယ်၊ မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ တခြား သတင်းရင်းမြစ်တွေအရ သင်္ကြန်ပြီးရင် ဆွေးနွေးပွဲတွေ ပြန်စနိုင်တယ်လို့ သိရပါတယ်လို့ ရန်ကုန် မြို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
RFA

No comments:

Post a Comment