Saturday, April 6, 2013

ဗြိတိသျှကောင်စီ၏ လေလှိုင်းမှတဆင့် အင်္ဂလိပ်ဘာသာ လေ့လာခြင်း အစီအစဉ် စတင်

Photo

ဧပြီလ ၆ ရက် ။   ။ Obla Air ဟု ခေါ်သော ဗြိတိသျှကောင်စီရဲ့ ဇာတ်လမ်း ပမာ ရေဒီ ယို အင်္ဂလိပ်စာ သင်ခန်းစာ အစီအစဉ် တရပ်ကို ဧပြီလ ၃ ရက်ကစပြီး Mandalay FM နှင့် Pyinsawadi FM တို့ကနေ တဆင့်  ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့ည ၉:၀၀ နာရီကနေ ၉:၁၅ အထိ စတင် ထုတ်လွှင့်နေ ပြီ ဖြစ် ပါတယ်။ အဆိုပါ သင်ခန်းစာ အစီအစဉ် ကို လေလှိုင်းကနေ တဆင့် နားဆင်ခြင်ြး   ဖင့်  ဗြိတိသျှကောင်စီမှာ ကိုယ်တိုင် လာရောက် သင်ယူရန် အခက်အခဲရှိကြ တဲ့ ကျေးလက်ဒေသများမှာရှိတဲ့ အင်္ဂလိပ်စာသင်ယူလိုသော ပြည်သူပြည်သားများပါ နားဆင်နိုင်
မှာဖြစ်ပြီး အင်္ဂလိပ်စာ စွမ်းရည်များ တိုးတက်လာနိုင်တဲ့ အကျိုးကျေးဇူးများ ရရှိကြမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းအရာမှာ Freeport မြို့တွင် အခြေစိုက်သော Obla လေကြောင်းလိုင်း မှ လေကြောင်းလိုင်းပိုင်ရှင်နဲ့ လေယာဉ်မှူးဖြစ်တဲ့ Max Obla နှင့် သူရဲ့ဝန်ထမ်းများ၊ ခရီးသည် များရဲ့ ဘဝဇာတ်ကြောင်း အဖုံဖုံကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် စိတ်ဝင်စားဖွယ် တင်ဆက် ထားတာ ဖြစ်ပါတယ်။ အဲဒီလို ထုတ်လွှင့်နေတဲ့ စီးရီးတစ်ခုမှာ ၁၅ မိနစ်ခန့်ကြာတဲ့ ဇာတ်လမ်းတို အပိုင်း ၂၀ ပိုင်း ပါဝင်ပြီး စုစုပေါင်း ၄ စီးရီး (အပိုင်း ၈၀) ထုတ်လွှင့်သွားမည် ဖြစ်တယ်လို့ ဆိုပါတယ်၊ ဒီအစီအစဉ်ဟာ အင်္ဂလိပ်စာ စတင် သင်ကြားလိုသူများကို အဓိကထား ပြုလုပ်ထားခြင်း ဖြစ်ပြီး နားဆင်သူများအတွက် ဇာတ်လမ်းအတွင်းမှာ အသုံးပြုထားတဲ့ စကားလုံးများကို အစီအစဉ်မှူးများ က မြန်မာဘာသာနဲ့ ပြန်ဆို ရှင်းလင်းထားပါတယ်။
အဆိုပါယခု ရေဒီယိုအင်္ဂလိပ်စာသင်ခန်းစာအစီအစဉ်ဟာဗြိတိသျှကောင်စီ၏ဒုတိယမြောက်  မြန် မာနိုင်ငံတွင် လူထုအတွင်းသို့ အခမဲ့ ဖြန့်ချီပေးတဲ့ အင်္ဂလိပ်ဘာသာ သင်ခန်းစာ အစီအစဉ် ဖြစ် ပါတယ်၊ ဗြိတိသျှကောင်စီ၏ Word on the Street ဟု အမည်ပေးထားတဲ့ အင်္ဂလိပ်ဘာသာစကား သင်ကြားရေး ရုပ်မြင်သံကြား အစီအစဉ်ကို MRTV4 နဲ့ For Edu ရုပ်သံလိုင်းများမှာ ၂၀၁၂ ကနေ စတင် ပြသခဲ့ပြီး၊ ဒါ့အပြင် အသင်းဝင် ငါးသောင်းနီးပါးရှိတဲ့ www.myanmarnetwork.net ကိုလည်း အခမဲ့အင်္ဂလိပ်ဘာသာ လေ့လာလိုသူများအတွက်၂၀၁၀ ခုနှစ်မှ စတင် လွှင့်တင်ပေး ထားတယ် လို့ ပြောပါတယ်။ ရေဒီယို အင်္ဂလိပ်စာ သင်ခန်းစာ အစီအစဉ်နှင့် ပါတ်သက်သော သတင်း အချက် အ လက်များကို ဗြိတိသျှကောင်စီ၏ https://www.facebook.com/BritishCouncilMyanmar  နှင့် http://www.myanmar-network.net တို့တွင် အပါတ်စဉ် ဖော်ပြသွား မှာ ဖြစ်ပါတယ်။


ရတနာပုံသတင်း

No comments:

Post a Comment