Monday, April 8, 2013

ထိုင်းလက်နက်ကိုင်နှင့် မြန်မာတပ် ပစ်ခတ်မှု ကြောင့် မြန်မာ စစ်သား ၁၃ ယောက်သေသည်ဟုသည့် သတင်းမှာ အမှားဖြစ်

ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်းလက်နက် ကိုင် များနှင့် မြန်မာအစိုးရ တပ်များ သောကြာနေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်းထိုင်း နိုင်ငံခြား
 ရေးဝန်ကြီး က ငြင်းဆိုလိုက်သည်။
နားလည်မှု လွဲမှားခြင်းသာ ဖြစ်သည်ဟု ဝန်ကြီး Surapong Tovichakchaikul၏ ဖြေရှင်းချက် အားကိုးကား၍ထိုင်းနိုင်ငံအခြေစိုက်ဘန်

ကောက်ပို့စ်သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
ယမန်နေ့ကသတင်းဌာနအချို့တွင် မြန်မာ့ တပ် မတော် မှ အင်အား ၁၃ ဦး ကျဆုံးခဲ့ ရပြီး နှစ် ဦး ပျောက် ဆုံးခဲ့
သည့်ပစ်ခတ်မှု  တခုကော့သောင်းခရိုင်တွင် ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေး သတင်းရပ် ကွက် အား ကိုး ကား၍ ဖော်ပြခဲ့ကြသည်ကို ဝန်ကြီးက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာ့တပ်မှ စစ်သား ၁၃ ဦးမှာ တောထဲတွင် လမ်းပျောက်၍ အခြား ကင်းလှည့်တပ်ဖွဲ့အား စက်မှ အကူအညီတောင်းစဉ် တောမီးလောင်ကျွမ်းသံများအား အကောက်အယူလွဲကာ တိုက်ပွဲဖြစ်နေ သည်ဟု မှတ်ထင်မှားခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးက ဖြေရှင်းသည်။
သို့သော် ဘန်ကောက်ပို့စ်ကမူ လက်နက်ကိုင်များနှင့် ကင်းလှည့်တပ်များ ထိုနယ်စပ်ဧရိယာတွင် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ခဲ့ကြောင်းဆက်လက်ရေးသားဆဲဖြစ်ပြီး ပျောက်ဆုံးစစ်သား နှစ်ဦးလည်း ရှာ မတွေ့သေးကြောင်း ၎င်းတို့သတင်းရင်းမြစ်အား ကိုးကား၍ ရေးသား ထားသည်။

From: မဇ္ဈိမ

No comments:

Post a Comment