ဗြိတိန်တယ်လီဗေး
 ရှင်းအစီ အစဉ် 'Hollyoaks' ရဲ့ မင်းသမီး တစ်လက်ဖြစ်တဲ့ ဂျနီဖာမက် ကယ်ဖီးဟာ 
Ibiza ကမ်းခြေမှာ အရမ်းကို Sexy ဖြစ်တဲ့ ရေကူးဝတ်စုံနဲ့ 
ဓာတ်ပုံရိုက်ကူးခံခဲ့ပြီး နောက် တစ်ဟုန်ထိုးနာမည်ထွက်လာခဲ့ ပါတယ်။
အသက်၃၂နှစ်အရွယ် မက် 
ကယ်ဖီးရဲ့နာမည်အပြည့်အစုံက ဂျနီဖာ ဂျိုအန်းမက်ကယ်ဖီးဖြစ်ပြီး သူဟာ ခန္ဓာ 
ကောက်ကြောင်း အလှတွေကို မဖုံးနိုင်မဖိ နိုင်ဖြစ်စေတဲ့ one-piece 
ရေကူးဝတ်စုံနဲ့ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုဖြန့်ဝေ လိုက်တဲ့အခါ
 ပုရိသ အပေါင်းက တစ်ခဲ နက်အားပေးခဲ့ကြပါတယ်။ သူဟာ အသား အရေ အလှကိုတော့ သဘာဝ 
အတိုင်းထားရှိပြီး မိတ်ကပ် လိမ်းခြယ်ခြင်း မပြုခဲ့ပါဘူး။
'Hollyoaks' ရဲ့ Channel အစီ အစဉ်မှာ 
မာစီဒီးမက်ကွင်း အဖြစ်သရုပ် ဆောင်ထားတဲ့ မက်ကယ်ဖီးက ဒီလိုခန္ဓာ အလှရ ရှိအောင် 
ဘယ်လိုကြိုးပမ်းခဲ့ ကြောင်း ဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။ သူ ဟာ 
ရုပ်ရှင်ရိုက်ကူးခြင်းတွေ လေးလခန့် အနားယူခဲ့ပြီး အားကစားခန်းမမှာ လေ့ 
ကျင့်ခဲ့လို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အစာတွေရွေးချယ်စားသောက်ခဲ့ကြောင်း
 နဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းရေးအ တွက် Lighterlife Fast ဆိုတဲ့ ဝိတ်ချဆေး
 တစ်မျိုးကို မှီဝဲခဲ့ကြောင်း ပြောပြသွားခဲ့ပါ တယ်။
Yangon Media Group



