Monday, June 8, 2015

သတင်းအစုံအလင်မှာ..



ဆီးဂိမ်းမှာ မြန်မာနိုင်ငံအတွက် ၀ူရှူးအားကစားကနေ ရွှေတံဆိပ်ယူပေးခဲ့တဲ့ ညီမလေးနှစ်ယောက် ဆုယူတဲ့အချိန် နိုင်ငံတော်သီချင်းဆိုရင်း ဂုဏ်ယူတဲ့ စိတ်နဲ့ မျက်ရည်ကျလာတဲ့ ဗီဒီယိုဖိုင်လေးကြည့်ပြီး သူတို့တွေကို လေး စားမိတယ်။ တစ်ချိန်တည်း မှာပဲ နိုင်ငံတော်အလံကို မီးရှို့ခဲ့သူတွေ၊ တက်နင်းခဲ့ သူတွေ နိုင်ငံတကာအားကစားပွဲတွေမှာကိုယ့်နိုင်ငံ  အလံကို ဂရုမစိုက်နိုင်အားသူတွေကိုလည်း ရွံမုန်းမိလာတယ်။
IS အဖွဲ့ စစ်သွေးကြွတစ်ယောက်က သူတို့အခြေစိုက်စခန်းရှေ့မှာ ကိုယ့်ကိုယ်ကို ဓာတ်ပုံရိုက်ပြီး အင်တာ နက်ပေါ် တင်တာကိုတွေ့လိုက်လို့ အမေရိကန်လေတပ်က နောက် ၂၂ နာရီအကြာမှာ အဲဒီစခန်းကို ဗုံးကြဲနိုင် ခဲ့တယ် ဆိုတဲ့ သတင်းဖတ် ရတော့ ပြုံးမိတယ်။ ကိုယ့်ဆီမှာလည်း စစ်မင်းသားတွေက အများသား ရှိတာကိုး။
ဘင်္ဂလီတွေ သနားစဖွယ်မိုးရေခံနေတဲ့ ဓာတ်ပုံလေးရယ်၊ ၂ နှစ်အရွယ် ဘင်္ဂလီကလေးကို မြန်မာနိုင်ငံကပါ ဆိုပြီး တံဆိပ်ကပ်ဓာတ်ပုံရိုက်နေတာတွေ့တော့ ဘယ်သူ့ကိုမှ စိတ်မဆိုးချင်တော့ဘဲ ကိုယ့်မီဒီယာကိုပဲ စိတ်တိုတယ်။ ကိုယ့်ပြည်တွင်းမှာ ဒုက္ခမျိုးစုံရောက်နေပြီး အကူအညီလူတွေသူတွေကို ကူညီနိုင်ဖို့ထက် အစိုးရကို တိုက်ခိုက် အပုပ်ချဖို့လောက် ရေးတတ်တော့ သောက်ရေနပ်မမှန်တဲ့ မြန်မာပြည်သူတွေရှိတာ လူမသိဘဲ ရေသန့်ဘူးနဲ့ မိုးရေခံတဲ့ ဘင်္ဂလီကို ကမ္ဘာသိတယ်။ ကမ္ဘာက သနားတယ်။

ဝ နယ်မြေမဟုတ်တဲ့ အစိုးရသစ်တောကြိုးဝိုင်းထဲ သစ်ဝင်ခုတ်တဲ့ တရုတ်တွေ ဖမ်းထားတဲ့ကိစ္စ တိုင်းမှူးနဲ့ ၀ တပ်ဖွဲ့အကြား သဘောတူညီချက်ရဆိုတဲ့သတင်းကို ဖတ်ရတော့ တစ်ရန်တော့ စိတ်အေးရလိုက်ရတယ်။ တစ်ချိန်တည်းမှာ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ KIA က ဆက်ကြေးကောက်နေတဲ့ သတင်းတွေ ဖတ်ရပြန်တော့ စိတ်က တိုလာပြန်ရော။ ဒီလို လုပ်ချင်ရာလုပ်လိုက်၊ အဆင်မပြေရင် စစ်ထတိုက်လိုက်၊ ပြီးရင် ငြိမ်းချမ်းရေးဆွေးနွေးလိုက် ဆိုတော့ စိတ်ထဲမှာ တစ်ခုခုကို ဘ၀င်မကျချင်တော့ပြန်ဘူး။

စစ်တပ်ထဲကို ၀င်ရောက်မဲဆွယ်ခွင့်ပေးမှသာ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာနိုင်မယ်လို့ လွှတ်တော်အမတ် ဒေါ်ညိုညိုသင်းကပြောတော့ စစ်သားတွေတိုက်ပွဲဝင်နေချိန်မှာ နောက်ချန် မိသားစုတွေ ဓမ္မစင်္ကြာရွတ်ချိန်မှာ အန်တီတို့လဲ လာဝင်ရွတ်ပေးမှ ပြည်သူ့ကိုယ်စားလှယ် အစစ် ဖြစ်မယ်လို့ ပြန်ပြောလိုက်ချင်မိတယ်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ဆယ်တန်းဖြေဆိုသူ (၅၉၇,၉၄၆)ဦးရထဲက အောင်တဲ့သူ (၂၂၄,၈၄၇)ဦး ဂုဏ်ထူးရရှိသူ (၅၃,၂၂၅)ဦးရှိပြီး (၁၇၁,၆၂၂)ဦးမှာ ရိုးရိုးအောင်မြင်သူများဖြစ်ကြောင်း ပညာရေးဦးစီးဌာန၏ ထုတ်ပြန်ခဲ့တယ်။ တက္ကသိုလ်အသီးသီးမှာ တက်နေဆဲ ကျောင်းသားတွေနဲ့ ဒီနှစ် တက္ကသိုလ်အသီးသီးမှာ တက်မယ့် ကျောင်းသား ၂ သိန်းကျော်ကသာ နိုင်ငံရဲ့ အနာဂတ်တွေ ဖြစ်လာမှာမို့ ထောင်ထဲမှာ တစ်သွေးတစ်မွေး ၀ဖြိုးပြီး အချုပ်ကားပေါ်မှာ ပြုံးရွှင်နေတဲ့ ကျောင်းသားအမည်ခံတွေကို ထောင် မြန်မြန်ချပြီး အနားပေးဖို့ လိုနေပြီလို့တော့ တွေးမိပြန်တယ်။

အက်ဒမန် ပင်လယ်အတွင်းမှာ လှေစီးပြေးဘင်္ဂလီတွေ ရှာဖွေဖို့ ပြုလုပ်နေတဲ့ ထိုင်းနဲ့ အမေရိကန် လေတပ် ပူးပေါင်း ရှာဖွေရေးလုပ်ငန်းမှာ ဘင်္ဂလီ တစ်ကောင်မှ မတွေ့လို့ ဇွန်လ ၁၁ ရက်နေ့မှာ ရှာဖွေရေး အစီအစဉ် ရပ်ဆိုင်းတော့မယ် ဆိုတဲ့ သတင်းဖတ်ရတော့ သူတို့ပြောတဲ့ ထောင်ပေါင်းများစွာ ဘင်္ဂလီတွေ ဘယ်ရောက် ကုန်လဲ တွေးစရာ ဖြစ်လာတယ်။ ကိုယ့်နိုင်ငံရေတပ်တော်ချက်က ဟိုက လေယာဉ်တွေနဲ့ရှာတာမတွေ့ဘဲ ကိုယ်က ရှာတာ ၈၀၀ ကျော်တွေ့ရတယ်လို့။

တောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါကြောင့် သေဆုံးသူ ၅ ဦးရှိပြီး ကျောင်းတွေလည်း ပိတ်ထားတဲ့သတင်းကို ဖတ်အပြီး သူငယ်ချင်းတစ်ယောက်နေမကောင်းတာကို မားစ် စပြီ ဆိုပြီး လှမ်းစလိုက်တယ်။ သူက မားစ်လည်း မသိ၊ အီဘိုလာလဲ ခပ်ဝါးဝါး၊ ကြက်ငှက်တုပ်ကွေးတောင်မှ ကြက်တွေငှက်တွေဖြစ်တာလား လူဖြစ်တာလားဆိုပြီး ပြန်မေးနေတော့ စမိတဲ့ငါ မှားပါတယ်လို့ ပြောလိုက်ရတယ်။



ဦးဦးတိမ်

No comments:

Post a Comment