Tuesday, March 31, 2015

ကိုးကန့်သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့် နေအိမ်အတွင်းမှ၁၀၉၃၉ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်၊ မတ် ၃၀
တပ်မတော်စစ်ကြောင်းများက
 လောက်ကိုင်ဒေသအတွင်း နယ်မြေရှင်း လင်းခြင်း များ ဆောင်ရွက်လျက်
ရှိရာမတ်၂၉ရက် နံနက် ၇ နာရီခန့် တွင် ဒေသခံပြည်သူအချို့
၏ သတင်းပေးချက်အရ ကိုးကန့်သောင်းကျန်းသူ အဖွဲ့များ ခိုအောင်းနေထိုင်သည့် တာရွှေထန်ကျေးရွာ အရှေ့မြောက်ဘက် ကြွယ်ပါးရွာအနီး ခြံဝင်းအတွင်းရှိနှစ်ထပ်အိမ် တစ်လုံး အား ၀င်ရောက်ရှင်း လင်းစဉ် နေအိမ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၆၅၅၁၂ ပြား (ကာလတန်ဖိုး ၉၉၈၂ သိန်းကျော်ခန့်)၊ အဖက်ဒရင်းအမှုန့် ၁ ကီလိုခန့် (ကာလတန်ဖိုးကျပ် ၂၇ သိန်းခန့်)၊ ဆိုဒီယမ် အက်စီတစ်အင် ဟိုက်ဒရိုက်အမှုန့် တစ်ဘူးလျှင် ၅၀၀ ဂရမ်ပါ ၆၀ ဘူး (ကာလတန်ဖိုး ကျပ်သိန်း ၃၀ ခန့်)၊ ဒိုင်မီသိုင်းဆာလဖိတ် ၂၀၀ လီတာပါ တိုင်ကီ ၁၅ လုံး (ကာလတန်ဖိုး ကျပ်သိန်း ၉၀၀ ခန့်)၊ ကတော့ပါ ဖန်ပေါင်းချောင်း ၂ ခု၊ ကြွေကတော့ အကြီး ၂ ခု၊ လေမှုတ်မော်တာ ၂ ခု၊ ကျောက်စိမ်းတုံး အရွယ်စုံ ၃၀ တုံး၊ စုစုပေါင်း ကာလတန်ဖိုး ၁၀၉၃၉ သိန်းကျော်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ် ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များမှ ဒိုင်မီသိုင်းဆာလဖိတ် တိုင်ကီ ၁၅ လုံးအား ကြွယ်ပါးရွာတွင် စနစ်တကျ ဖျက်ဆီးခဲ့ပြီး ကျန်ပစ္စည်းများ အား မြန်မာနိုင်ငံမူးယစ်ဆေးဝါး ကာကွယ်တားဆီးနှိမ်နင်းရေးတပ်ဖွဲ သို့ စနစ်တကျ အပ်နှံခဲ့ကြောင်း သိရှိရသည်။
ကိုးကန့်သောင်းကျန်းသူများသည် တစ်မျိုးသားလုံး လူညွှန့်တုံးစေမည့် မူးယစ်ဆေးဝါးများကို ထုတ် လုပ်၍ ကိုယ်တိုင်သုံးစွဲသည် သာမက ရောင်း ၀ယ်ဖြန့်ဖြူးခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်းနှင့် ၄င်းမှရရှိ လာသော ငွေကြေးများဖြင့် လက်နက်ခဲယမ်းများဝယ်ယူ၍ အပြစ်မဲ့ဒေသ ခံပြည်သူအချို့အား အတင်းအဓမ္မလက်နက်များ တပ်ဆင်ပေးပြီး မူးယစ်ဆေးဝါးအသုံးပြုစေ ကာ လောက် ကိုင်ဒေသတိုက်ပွဲများတွင် တိုက်ပွဲဝင်စေလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီ

No comments:

Post a Comment