Saturday, November 2, 2013

တောင်ကြီး တန်ဆောင်တိုင် နိုင်ငံခြားသားများကို ဝင်ကြေးမကောက်

ကမ္ဘာလှည့် ခရီးသွား နိုင်ငံခြားသားများ အထူးစိတ်ဝင်စား သွားရောက် လည်ပတ်လေ့ ရှိသော ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရိုးရာပွဲတော်ကြီး တစ်ခုဖြစ်သော တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ကာလအ တွင်း နိုင်ငြံ ခား သားများကို ဝင်ကြေး ကောက်ခံမှု များရပ် ဆိုင်းလိုက်ကြောင်း ရှမ်းပြည်နယ် အစိုးရအ ဖွဲ့ စီမံ ကိန်းနှင့် ဘဏ္ဍာအခွန်ဝန်ကြီး ဦးခွန်သိန်းမောင်  က ပြောကြားသည်။
“မနှစ်ကအထိတော့ ကောက်ခံမှု ရှိတယ်။ ဒီနှစ်တော့ မကောက်တော့ဘူး” ဟု ၎င်းကဆိုသည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စတင်ကျင်းပလေ့ရှိရာ ၂၀၁၂ ခုနှစ်တွင် ဝင်ကြေးအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် ကျပ် ၅၀၀၀ နှုန်း ကောက်ခံ ခဲ့ကြောင်း၊ ယင်းသို့ကောက်ခံမှုများလုပ်ဆောင်မည်ကို ခရီးသွား ကုမ္ပဏီများကို အချိန်နောက်ကျမှ အကြောင်း ကြားခဲ့ခြင်းနှင့် ပွဲတော်အတွင်း ရောက်ရှိနေသည့် နိုင်ငံခြားသားများထံမှ ဝင်ကြေးကို လိုက် လံကောက်ခံခြင်း ဖြစ်သော ကြောင့် နိုင်ငံခြားသား ဧည့်သည်များ စိတ်အနှောင့် အယှက် များ ဖြစ်ကြကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း (အင်းလေးဇုန်) ဥက္ကဋ္ဌ ဦးဇော်ဌေးအောင်က ဆိုသည်။
၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့ ထိ မီးပုံးပျံပြိုင်ပွဲများ၊ မီးကျည်လွှတ်ခြင်းများ၊ မသိုးသင်္ကန်းရက် လုပ်ပူဇော်ခြင်းများ၊ ကထိန်ပွဲတော် ကျင်းပ ခြင်းများနှင့် ပျော်ပွဲရွှင်ပွဲများဖြင့် နိုင်ငံတကာပွဲတော် တစ်ခုကဲ့ သို့ ဖြစ်အောင် လုပ်ဆောင်သွားမည် ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲ အမည်ခံလောင်းကစားမှုများကို ခွင့်ပြုမည်မဟုတ်ကြောင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖြစ်မြောက်ရေးကော်မတီဝင် တောင်ကြီး ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ပြောကြား သည်။

No comments:

Post a Comment