Saturday, November 2, 2013

ပဲခူးတိုင်း ဒေသကြီး အတွင်း ရေကြီး ရေလျှံမှု ဖြစ်ပွား သဖြင့် တပ်မတော် သားများမှ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်


နေပြည်တော် အောက်တိုဘာ ၃၁
ပဲခူးတိုင်း ဒေသကြီး အတွင်း မိုးသည်းထန်စွာရွာန်းမှုကြောင့်  
 ပေါက်ခေါင်းမြို့နယ် အတွင်း ရှိ တောင်နဝင်းဆည် ရေပို လွှဲ  မှ ရေစီးဆင်းမှုကြောင့်မုံကုန်း
 ကျေးရွာ အတွင်း ရေဝင်ရောက် ကာ ယာမြေဧက ၃ဝ ခန့် ပျက်စီး သွားခဲ့ပြီး အောက်တိုဘာ ၂၉ ရက်က အဆို ပါ ကျေးရွာ ရှိ ရေဘေး တွေ့ကြုံရ
သည့် ပြည် သူ ၂၅ဝဦးအတွက် နယ်မြေခံတပ်မှ ထမင်းထုပ်၊ မုန့်နှင့် ရေသန့်ဘူးများ ပေးဝေခဲ့သည်။


အလားတူ အောက်တိုဘာ ၂၉ ရက်တွင် ရေတာရှည်မြို့နယ် အတွင်းရှိ ငှက်ကြီးတောင် ရေကာတမံ ကျိုးပေါက် သွားသဖြင့် တပ်မတော် သားများက တမံဖို့ခြင်းနှင့် အောက်တိုဘာ ၃ဝရက်တွင် စစ်တောင်းမြစ် အနောက်ဘက် ကမ်းရှိ ရေတာရှည် မြို့နယ်၊ ဆင်ဂွေ့ကျေး ရွာ၊ ရွာသစ် ကျေးရွာ၊ ကျွဲရိုင်းပင် ကျေးရွာနှင့် အုန်းပင်ကွေ့ ကျေးရွာ တို့တွင် ရေအနက် ၃ပေခန့် ဝင်ရောက်ခဲ့ သဖြင့် ရေဘေးသင့် ပြည်သူ ၁၂၅၆ ဦးအား ရေဘေးလွတ် ရာနေရာများသို့ လည်းကောင်း၊ စစ်တောင်းမြစ် အရှေ့ဘက် ကမ်းရှိ ကရင်ချောင်း ကျေး ရွာ၊ တောင် သာ ကျေးရွာ၊ ထုံးဘို ကျေးရွာ၊ ကျေးမင်း ကျေးရွာနှင့် ပိတောက်ကုန်း ကျေးရွာတို့တွင် ရေအနက် ၉ ပေခန့် ဝင်ရောက် မှုကြောင့် အဆိုပါ ကျေးရွာများရှိ ရေဘေးသင့် ပြည်သူ ၃၆၁၆ ဦးတို့ အား ရေဘေးလွတ်ရာ နေရာများသို့ လည်းကောင်း အသီးသီး ကူညီပြောင်းရွှေ့ ပေး ခဲ့ ကြောင်းနှင့် လိုအပ်သည့် ဆေးဝါး ကုသမှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment