ကွန်ပျူတာစနစ်ချို့ယွင်းမှုကြောင့် ကမ္ဘာတစ်ဝန်း လေကြောင်းခရီးစဉ်များ နှောင့်နှေးခဲ့
ကမ္ဘာတစ်ဝန်း လေကြောင်းလိုင်းများတွင် ချိတ်ဆက်အသုံးပြုလျက်ရှိသည့် Sabre
လေကြောင်းလိုင်း လုပ်ငန်း သုံး ကွန်ပျူ တာစနစ် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့်
ကမ္ဘာ တစ်ဝန်း လေကြောင်းခရီးစဉ် နှောင့်နှေး ကြန့်ကြာ မှုများ
ကြုံတွေ့ခဲ့ရသည်။ Sabre လေကြောင်းလိုင်းစနစ်မှာ အင်္ဂါနေ့ နံနက်ပိုင်းက
ရပ်ဆိုင်း သွား ခဲ့ခြင်းဖြစ် သည်။ Sabre က ကွန်ပျူတာစနစ်
ချို့ယွင်း မှုဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ၎င်းတို့၏ ပညာရှင် များက အခြေအနေကို
ပုံမှန်ပြန်ဖြစ်ရန် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန် ပြော
ကြား ခဲ့သည်။
၂ နာရီကြာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် Sabre လေကြောင်းလိုင်းသုံး
ကွန်ပျူတာစနစ် ကို ပြန် လည် ချိတ်ဆက် အသုံးပြုနိုင်ပြီ ဟု ကုမ္ပဏီက ကြေညာသည်။
Sabre ၏ လေကြောင်းလိုင်း လုပ်ငန်း သုံး ကွန်ပျူတာ စနစ်ကို ကမ္ဘာတစ်ဝန်း
လေကြောင်းလိုင်း အများအပြားက သုံးစွဲလျက်ရှိသည်။ ယခုဖြစ်ပေါ် ခဲ့သော
ကွန်ပျူတာစနစ် ချို့ယွင်းမှုကြောင့် Alaska Airlines, American, Cathay
Pacific,Frontier,JetBlue,LAN,Quantas,United,VirginAmerica နှင့်VirginAustralia လေကြောင်းလိုင်း တို့၏ ခရီးစဉ် များ နှောင့်နှေးကြန့်ကြာမှု
ကြုံခဲ့ရသည်။
From: Planet Myanmar Network
No comments:
Post a Comment