Tuesday, April 9, 2013

ကေအိုင်အေ ဧ။် C4U +S. မဟာဗျူဟာအခင်းအကျင်း

ထူးခြားသောသတင်းလား ? ဦးအောင်မင်းရဲ့ ထာဝရငြိမ်းချမ်းရေးမဟာဗျူဟာကို ကေအိုင်အေမှ C4U ( China, UN,US,UK,UNFC) နိုင်ငံရေးမဟာဗျူဟာအခင်းအကျင်းအသစ်ဖြင့် နှစ်သစ်တွင် စီအိုင်အေ အဖွဲ့ နောက်ကွယ်မှ  Invisible  Hand အဖြစ် ဂျပန်အစိုးရကို အသုံး ချပြီး ဆောင်ရွက် မည်ဖြစ်ကြောင်းထူးခြားစွာမထင်မှတ်ဘဲကေအိုင်အေအတွင်းစည်းမှအလွန်ရင်းနှီးသော ကျောင်းနေ ဖက် တစ်ဦးမှ ပြောသည်ဟု နမ့်ခမ်းသစ်ကုန်သည် တစ်ဦးထံမှကြားသိရသလို ပိုပြီးထူးဆန်းသည်မှာ ၄င်းတိုက်ကွက်တွင် အမေစုကို အတွင်းစည်းမှပါဝင်ပေးဖို့ညှိနှိုင်းမှုပြုလုပ်နေသည်ဟု သိရပါသည်။ အမေစုကလည်းဂျပန်ခရီးစဉ်ရှိနေသလို ဆွေးနွေးဖို့ရက်နောက်ဆုတ်ထားတယ်ဟု ကိုလနန် ကပြောတာကြောင့် သို့လောသို့လောဖြစ်စရာဟုထင်ရသည်။ကေအိုင်အေမှ အရှေ့တီမော စတိုင် C4U+S (စု) ကိုတိုင်တည်တောင်းဆိုပြီး လက်ရှိအစိုးရပြုတ်ကျသည်အထိ မဟာဗျူဟာ ရည်မှန်း ချက်ဖြစ် တယ်လို့ ထူးထူးခြားခြားကြားမိသည့်အတွက် စိတ်ဝင်စားစရာကောင်းလာသော ကစားပွဲဖြစ် လာမည်ဟု ထင်ရသည့်အတွက် မဖြစ်မနေစောင့်ကြည့် သင့်သော နှစ်သစ်ပွဲ တစ် ပွဲဖြစ်လာနိုင်သလို ကေအိုင်အေ နဲ့ ဦးအောင်မင်း ဘယ်သူသာမလဲစောင့်ကြည့်ကြရအောင်။ ခရီးသွားဖို့ရှိ သဖြင့် အကျယ် မဆွေးနွေးနိုင်တော့ပါ။ သိတတ်ထင်မြင်ကြားသိသူများဆက်ဆွေးနွေးကြပါရန်။ OE

No comments:

Post a Comment