Tuesday, April 9, 2013

ရွေးကောက်ပွဲစနစ် ပြင်ဆင်နိုင်ရန် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ်အတိုင်းသာ ကျင့်သုံးမည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား

ရွေးကောက်ပွဲစနစ် ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်ပြန်စသည့် အချိန်တွင် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ် အတိုင်းသာ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဧပြီ ၈ ရက်က နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
4.9.2“ပါတီတချို့ကအဆိုပြုတဲ့ပီအာစနစ်ပြောင်းလဲ 
ဖို့ဆိုတာကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင် ကဆုံးဖြတ်ခွင့်မရှိပါဘူး။လွှတ်တော်ကဆုံးဖြတ် 
ရမှာပါ။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို လိုက် နာမှာ ဖြစ်ပါတယ်။ လွှတ်တော်ကို တင်သွင်းပြီး လို့ ၂၀၁၃ ခုနှစ်အတွင်းမှာ အတည် မပြုနိုင်ဘူး ဆိုရင်ရွေးကောက်ပွဲစနစ်ပြင်ရန်မရှိပါဘူး။ဘာ
လို့လဲဆိုတော့ပြင်ဆင်ချိန်နည်းလို့ပါ။ ကျွန်တော့်သဘောနဲ့ပြင်လို့မရပါဘူး။ကျွန်တော် ကတော့ ပြဋ္ဌာန်းတဲ့စနစ် အပေါ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေက “လက်ရှိ ကျင့်သုံးနေတဲ့ မဲအများဆုံးရသူ အနိုင်ယူစနစ်အစား လွှတ်တော်တွင် ပါတီကိုယ်စားလှယ်များ အချိုးကျ ပါဝင်နိုင်ရေး ပီအာစနစ် ကို ကျင့်သုံးသင့်ပါတယ်။ ဒီစနစ် စတင်ကျင့်သုံးကာစမှာတော့ တိုင်းရင်း သားတွေ နေ ထိုင် တဲ့ ပြည်နယ်တွေမှာတော့မဲအများဆုံးရသူအနိုင်ယူစနစ်အတိုင်းပဲထားပြီး တိုင်းဒေသကြီး နယ်မြေ များတွင် ကိုယ်စားလှယ် အချိုးကျ ပါဝင်မှု ပီအာစနစ် ကျင့်သုံးသင့်ပါတယ်။ မဲပေးသူတွေ မဲဆန္ဒ ရှင်တွေရဲ့ ဆန္ဒမဲတွေ အဟောသိကံ မဖြစ်ဖို့ လွှတ်တော်တွင် အားလုံးပါဝင် ဆောင်ရွက်နိုင်မှုကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။
“ပီအာစနစ်မှာ ကောင်းတာတွေ ရှိပါတယ်။ ပြည်သူတွေက မှန်၊ မှား တောင် ကောင်းကောင်း မသုံး တတ်သေးဘူး။ ပီအာစနစ်နဲ့ သွားမယ်ဆိုရင် ပါတီစုံဖြစ်တဲ့အတွက် ပါတီ ငယ်တွေ ပျောက် သွားနိုင်တယ်။၂၀၁၅ မှာ မသုံးသင့်သေးဘူး။ ကျွန်တော်တို့ ညီနောင်ပါတီတွေနဲ့ တိုင်ပင်ဆွေးနွေး ပြီး မသုံးသင့်ကြောင်း အကြံပြု လိုပါတယ်” ဟု အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

၂၀၁၅ မတိုင်မီမှာ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ။ အများလက်ခံနိုင်တဲ့ စနစ်ဖြစ်ဖို့ လိုပါတယ်။ လက်ရှိစနစ်အတိုင်းသာ သွားသင့်တယ်။ ၂၀၂၀ လောက်မှာ ဆိုရင်တော့ နိုင်ငံ ၇၀ လောက်မှာ သုံးနေတဲ့ အချိုးကျစနစ် ပီအာကို တစ်ဆင့်ပြီးတစ်ဆင့် သုံးသင့်ပါတယ်။ ပီအာစနစ်နဲ့ လက်ရှိဖွဲ့စည်းပုံက မကိုက်ညီဘူး။ ကာလတစ်ခုအထိ လေ့လာသင့်ပါတယ်...
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က “၂၀၁၅ မတိုင်မီမှာ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ။ အများလက်ခံနိုင်တဲ့ စနစ်ဖြစ်ဖို့ လိုပါတယ်။ လက်ရှိစနစ် အတိုင်းသာ သွားသင့်တယ်။ ၂၀၂၀ လောက်မှာ ဆိုရင်တော့ နိုင်ငံ ၇၀ လောက်မှာ သုံးနေတဲ့ အချိုးကျစနစ် ပီအာကို တစ်ဆင့်ပြီးတစ်ဆင့် သုံးသင့်ပါတယ်။ ပီအာစနစ်နဲ့ လက်ရှိဖွဲ့စည်းပုံက မကိုက်ညီဘူး။ ကာလတစ်ခုအထိ လေ့လာသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးဝင်းမြင့်က “၁၉၄၇၊ ၁၉၇၄၊ ၁၉၈၉၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွေအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ နိုင်သူအားလုံး ယူတဲ့စနစ်ပဲ သုံးခဲ့တာပါ။ ခေတ်အဆက်ဆက် သုံးခဲ့တဲ့ အဲဒီစနစ်ကိုတောင် ပြည်သူတွေက မှန်အောင် မသုံးနိုင်သေးဘူး။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲပြီးမှ အချိုးကျစနစ်က ဆူညံလာ တာ တွေ့ ရပါတယ်။ အဲဒီစနစ် ကျင့်သုံးဖို့ အခြေအနေ ပေးရဲ့လား။ အခုလို ဒီမိုကရေစီ ကူးပြောင်းရေး ကာလမှာ သင့်တော်ရဲ့လား၊ ဒီမိုကရေစီ အလေ့အကျင့် မရှိသေးတဲ့ မဲဆန္ဒရှင်တွေနဲ့ လိုက်လျော ညီထွေမှု ရှိရဲ့လား။ သုံးသပ်သင့်ပါတယ်။ ပီအာစနစ်ကြောင့် အချိုးကျ ကိုယ်စားလှယ် နေရာရမှာ ပဲဆိုပြီး ၀င်လာမယ့် ပါတီတွေ များလာမယ်။ မဲဆန္ဒနယ် အပိုင်မရှိတဲ့ အတွက် မဲဆန္ဒရှင်တွေ အတွက် ဘယ်လို တာဝန်ယူမလဲ။ စတာတွေ စဉ်းစားဖို့ လိုပါတယ်။ ပီအာစနစ်အရဆိုရင် ပါတီကြီးတွေ ပဲ အားသာပြီး ပါတီငယ်တွေက ယှဉ်နိုင်ဖို့ ခဲယဉ်းသွားမယ်” ဟု ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၅၆ ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မဲဆွယ်စည်းရုံးရာတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ကိုယ်စားလှယ် မှတ်ပုံတင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ်ငါးသိန်း ပေးသွင်းနေခြင်းကို လျှော့ချပေးရန်လည်း ဆွေးနွေးခဲ့သည်။ ထို့ပြင် ၂၀၁၃ ခုနှစ်အတွင်း လစ်လပ်နေသော မဲဆန္ဒနေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုကို လက်ရှိ လောလောဆယ် အချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ် မရှိသေးကြောင်းနှင့် ၂၀၁၄ ခုနှစ်တွင် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲ အစီအစဉ်များကို ချပြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment