Sunday, April 14, 2013

စိုင်းစိုင်း ခမ်းလှိုင်နှင့် သက်မွန်မြင့်ရည်းစား ရန်ဖြစ်

မကြာသေးမီက ကျင်းပခဲ့သော စိုင်းစိုင်း မွေးနေ့ စတိတ်ရှိုးတွင်စိုင်းစိုင်းခမ်းလှိုင်ကသက်မွန်မြင့်အား
 ပွေ့ချီနေ သည့်ပုံများ အင်တာနက်စာမျက်နှာ များ တွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။
ယင်းပုံနှင့်ပတ်သက်၍ သက်မွန်မြင့်၏ ချစ်သူဖြစ်သူ ကိုမျိုးအောင်သန်းက Fuji House အမည် ရှိ ကော်ဖီ ဆိုင်တွင် ၁၁.၄.၂၀၁၃ နေ့က စိုင်းစိုင်းနှင့်ဆုံမိစဉ် မကျေမနပ်ပြောကြားရာမှအချေအတင် စကား များ ခဲ့ကြကြောင်း သိရသည်။
ထို့နေ့က မျက်မြင်တွေ့သူများက ပြောကြားရာတွင် 
ကိုမျိုးအောင်သန်းမှာအနည်းငယ်မူးယစ်နေခဲ့ 
 ကြောင်းစိုင်းစိုင်းအားတွေ့သည်နှင်အပြေးလျှောက် သွားကာ မကျေမနပ်ပြောခဲ့ကြောင်း ၄င်း၏အသွင် မှာရန်ပြုမည့်အသွင်မျိုးဖြစ်နေ၍ ဘေးလူများက၀ိုင်း ၀န်းဆွဲကြရာမှ အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ ရကြောင်း သိရသည်။
ပြဿနာမှ အကျယ်အပြန့်ဖြစ်ပွားခြင်းမရှိသော်လည်း သိရှိလိုက်ရသူများအဖို့ ဟာသသဖွယ် ပြောစ ရာ တစ် ရပ် ဖြစ်သွားခဲ့လေသည်။

No comments:

Post a Comment