Monday, April 8, 2013

ကိုယ်ပျောက် တိုက်လေယာဉ်များအား တောင်ကိုရီးယား နိုင်ငံမှ ၀ယ်ယူမည်


မြောက်ကိုရီးယား နိုင်ငံမှ နျူကလီးယားလက်
နက် ဖြင့်စစ်ရေးအရခြိမ်းခြောက်မှုများ၊ နှစ်နိုင် ငံနယ်စပ်ရှိစက်မှုဇုံရပ်ဆိုင်းထားမှုစသည့် အပြန် အလှန်တင်းမာမှုများ မြင့်တက်နေချိန်တွင် 
 တောင်ကိုရီးယားနိုင်ငံအနေဖြင့်အမေရိကန်နိုင် ငံလုပ် ကိုယ် ပျောက် တိုက်လေယာဉ်များ ၀ယ် ယူ လိုက်ပြီ ဖြစ် သည်။

အမေရိကန်နိုင်ငံအနေဖြင့်လည်း မြောက် ကိုးရီး ယားနှင့်ဆက်ဆံရေးတင်းမာပြီးမဟာမိတ် တောင် ကိုးရီး ယား နိုင်ငံနှင့် ပူးတွဲစစ်ရေး လေ့ ကျင့် မှုများ ၊ တိုက် လေယာဉ် များဖြင့် ပျံသန်း စောင့်ရှောက်ပေးခြင်းများ ပြုလုပ် ခဲ့ပြီး ယခုအ ခါ တောင် ကိုးရီးယား နိုင်ငံ ၏ တိုက်လေယာဉ် ၀ယ်ယူရေး ကမ်းလှမ်းချက် ရောင်း ချသွားရန် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကသဘောတူလက်မှတ် ရေးထိုးပေးလိုက်ပြီ ဖြစ် ကြောင်းသိရသည်။ တောင် ကိုးရီးယား နိုင်ငံမှ ၀ယ်ယူ မည့် ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ပစ္စည်း များတွင် Lockheed Martin Corp F-35 ကိုယ် ပျောက် တိုက်လေယာဉ်နှင့် Boeing Co's F-15 Silent Eagle တိုက်လေယာဉ် နှစ်မျိုးအပြင် ရေဒါ အသစ် များ ၊ အီလက်ထရွန်နစ် စစ်ဆင်ရေး စနစ်များနှင့် အခြား  ကိရိယာ ပစ္စည်းများလည်း ပါဝင်သည်။

source: Reuters

No comments:

Post a Comment