Sunday, April 14, 2013

တပ်တော်ဝင်ခြင်း အခမ်းအနား တက်ရောက်

 
  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ
ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေ က 
တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြု လက်ဆောင် အဖြစ်
စစ်ရေယာဉ် ပုံစံငယ် ကို ဂါရ၀ပြု ပေးအပ်စဉ်
တပ်မတော်(ရေ) ၏ စစ်ရေယာဉ် များ တပ်တော်ဝင်ခြင်း အခမ်းအနား ကို ယနေ့ မွန်းလွဲပိုင်းတွင် သံလျင် တပ်နယ် ၊ အမှတ်(၃) ရေတပ် ဆိပ်ခံ တံတား၌ ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အားပေး ချီးမြှင့်သည်။
အဆိုပါ အခမ်းအနား သို့ ညှိနှိုင်း ကွပ်ကဲရေးမှူး ( ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုက်ကြီး လှဌေးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ ၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ် ခင်အောင်မြင့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီး များ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး ၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ၊ သံလျင် တပ်နယ်မှူး နှင့် သံလျင် တပ်နယ်မှ အရာရှိ ၊ စစ်သည် မိသားစု များ တက်ရောက် ကြသည်။
 
တပ်မတော်(ရေ)၏ စစ်ရေယာဉ်များ
တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်တော်ဝင် စစ်ရေယာဉ်မျာအား
တွေ့ရစဉ်
 
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သည် အခမ်းအနား ကျင်းပ ပြုလုပ်သည့် အမှတ်(၃) ရေတပ် ဆိပ်ခံ တံတား နေရာသို့ ရောက်ရှိ လာပြီးနောက် စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် တင်အောင်စန်း က ယနေ့သည် တပ်မတော်(ရေ) ၏ မျိုးဆက်သစ် အင်အား များ ဖြစ်သော အမြန်သွား တိုက်ခိုက်ရေး စစ်ရေယာဉ် ၄ စီး ၊ ယာဉ်တင် ကမ်းထိုး ရေယာဉ် ၂ စီး ၊ ရေပေါ် လွန်းကျင်း (ဆရာရှမ်း) ၁ စီး ၊ စုစုပေါင်း စစ်ရေယာဉ် ၇ စီး တို့ကို တပ်တော် ၀င် ပြုလုပ်ပြီး တပ်မတော်(ရေ) ၏ အဓိက တိုက်စွမ်းအား ဖြစ်သော စစ်ရေယာဉ်စု များတွင် အင်အား ဖြည့်တင်းသော အခမ်းအနား ဖြစ်ကြောင်း ၊ ယခု တပ်တော်ဝင် သည့် အမြန်သွား တိုက်ခိုက်ရေး ရေယာဉ် ၄ စီး နှင့် ယာဉ်တင် ကမ်းထိုး ရေယာဉ် တို့အား တပ်မတော် (ရေ)မှ တာဝန်ယူ တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု တပ်တော်ဝင် သည့် ရေပေါ် လွန်းကျင်း သည် မြန်မာ နိုင်ငံတွင် ပထမဦးဆုံး ရေပေါ် လွန်းကျင်း တစ်စီး ဖြစ်ကြောင်း ၊ ရေပေါ်လွန်းကျင်း အား ကုန်းဘောင်ခေတ် မင်းတုန်းမင်း လက်ထက်က ရေနွေးငွေ့ စက်တပ် ထားသော ပထမဦး ဆုံး တိုက်သင်္ဘော အား တည်ဆောက် ပေးနိုင်ခဲ့သည့် မြန်မာ လက်သမား ဆရာ ဆရာရှမ်း ကို ဂုဏ်ပြုသော အားဖြင့် ရေပေါ်လွန်းကျင်း (ဆရာရှမ်း) ဟု အမည်ပေး ထားကြောင်း ၊ စစ်ရေ ယာဉ် များကို တပ်တော်ဝင် ပြုလုပ် နိုင်ခဲ့သည့် အတွက် ပင်လယ်ပြင် ကာကွယ်ရေး တာဝန် ထမ်းဆောင် နိုင်မှု စွမ်းရည် ပိုမို မြင့်မား လာစေ သကဲ့သို့ စစ်ရေယာဉ် များကိုလည်း ပင်လယ်ပြင် တွင် လွန်းတင် ပြင်ဆင်မှု များ ပြုလုပ် နိုင်မည် ဖြစ်ကြောင်း ဖြင့် စစ်ရေယာဉ်များ တပ်တော်ဝင် အခမ်းအနား နှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်း တင်ပြသည်။
တပ်မတော်(ရေ)၏ စစ်ရေယာဉ်များ
တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်တော်ဝင် စစ်ရေယာဉ်မျာအား 
တွေ့ရစဉ်
 
 တပ်မတော် (ရေ)၏ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း
အခမ်းအနား ကျင်းပစဉ်

ထို့နောက် ရေတပ် သင်္ဘောကျင်း ဌာနချုပ် ၊ ခေတ္တ ဌာနချုပ်မှူး က တပ်တော်ဝင် စစ်ရေယာဉ် များနှင့် ပတ်သက်သော စာရွက်စာတမ်း များအား တာဝန်ရှိသူ တစ်ဦးထံ သို့ လွှဲပြောင်း ပေးအပ် ခဲ့သည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ က တပ်တော်ဝင် အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြု လက်ဆောင် အဖြစ် စစ်ရေယာဉ် ပုံစံငယ် များကို ဂါရ၀ ပြု ပေးအပ်သည်။
ထို့နောက် စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်မှူးချုပ် တင်အောင်စန်း က စစ်ရေယာဉ် များအား တပ်တော်ဝင် စစ်ရေယာဉ် များအဖြစ် ကြေညာ လိုက်သည် နှင့် စစ်တီးဝိုင်း တပ်ဖွဲ့မှ နိုင်ငံတော် သီချင်းအား တီးမှုတ်ပြီး တပ်တော်ဝင် အလံလွှင့် တင်ခြင်း ၊ ခေါင်းလောင်း ရှစ်ချက်တီး ခြင်း ၊ နိုင်ငံတော် အလံလွှင့်တင် ခြင်း ၊ တပ်မတော် (ရေ) အလံလွှင့် တင်ခြင်း ၊ နိုင်ငံတော် အလံ အလေးပြုခြင်း နှင့် တာဝန်ကျ တပ်ဖွဲ့များ ဖွဲ့စည်းခြင်း စသည့် တပ်တော်ဝင် လုပ်ငန်းစဉ် များကို အစီအစဉ် များအတိုင်း ဆောင်ရွက် ကြသည်။
၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် တပ်တော်ဝင် စစ်ရေယာဉ် များအား လှည့်လည် ကြည့်ရှုကြရာ တာဝန်ကျ တပ်ဖွဲ့များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား လိုက်လံ ရှင်းလင်း ပြသ ကြသည်။
ထို့နောက် တပ်တော်ဝင် စစ်ရေယာဉ် များက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အား သရုပ်ပြ စမ်းသပ် မောင်းနှင် ပြသကြပြီး တပ်တော်ဝင် အခမ်းအနား ကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။
 
Pyi Chit Thar

No comments:

Post a Comment