Friday, April 5, 2013

မြောက်ကိုရီးယားနယ်စပ်တစ်လျှောက်တရုတ်တပ်အင်အားတိုးချဲ့ချထား

 
imagesတင်းမာမှုအရှိန်မြင့်မားလာသည့်ကိုရီးယား
ကျွန်းဆွယ်အရေး နှင့်ပတ်သက်၍ရတက် မအေးဖြစ်  နေသည့် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏တပ်အင်အား အချို့ကို မြောက်ကိုရီးယား နယ်စပ်အနီးဖြန့်  ကျက်ချထားလိုက်သည် ။ဖြန့် ကျက်  ချထားသည့်တပ်အင်အားတွင် တိုက်လေ ယာဉ်များအားအသင့်ပြင်ထားခြင်းအမြောက် နှင့် သံချပ်   ကာတပ်များလည်းပါဝင် သည်။

တရုတ်သည် မြောက်ကိုရီး ယား၏ အဓိကမဟာမိတ်ဖြစ်ပြီး၊  နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးသဘောတူ    စာချုပ်လက်မှတ်ရေးထိုးထားသည်။   ထို့ကြောင့် ကိုရီးယား ကျွန်းဆွယ်   အတွင်းဖြစ်ပေးလာဖွယ်ရှိသည့်   စစ်ရေးပဋိပက္ခများနှင့်ပတ်သက်  ၍တရုတ်တပ် မတော် က အဆိုး ဆုံးအခြေအနေကိုမျှော်မှန်းတော့   လိုအပ်သည့်စစ်ပြင်ဆင်မှုများနှင့်   ၂၄နာရီ တပ်အသင့်ဖြစ်ရေး သတိ  ပေးအမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။အကယ်၍ ကိုရီးယား ကျွန်း  ဆွယ်တွင် စစ်ဖြစ်ပွားလာပါက မြောက်ကိုရီးယားစစ်ဘေးဒုက္ခ သည်များ တရုတ်နိုင်ငံအတွင်း အလုံး အရင်းဖြင့်ဝင်ရောက်မည့် အရေးကိုလည်း တရုတ်ကစိုးရိမ်    မကင်းဖြစ်နေသည်။

ကျော်စိန်
HotNewsweekly

No comments:

Post a Comment