အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္မာမြို့အနီး ဂဂ္ဂရာ အမည် ရှိတဲ့ရေကန်ရဲ့အနီးမှာ
သီတင်းသုံးခိုက် အရှင် သာရိပုတ္တရာသည်စမ္မာပြည်သားဒကာများနှင့်အတူ တကွ ဘုရားရှင်ထံကိုချဉ်းကပ်ရှိခိုးပြီး ``အရှင် ဘုရား
ပေးလှူတဲ့ အလှူဒါနဟာ ရံခါအကျိုးကြီးပြီး ရံခါအကျိုးမကြီးဖြစ် တတ်ပါသလား´´
လို့ မေးလျှောက်တယ်။
ဘုရားရှင်က-
``သာရိပုတ္တရာ မှန်တယ်။ ပေးလှူတဲ့အလှူဒါနဟာ ရံခါ အကျိုးကြီးပြီးရံခါအကျိုးမကြီးဖြစ်တတ်တယ်´´လို့မိန်
ဘုရားရှင်က-
``သာရိပုတ္တရာ မှန်တယ်။ ပေးလှူတဲ့အလှူဒါနဟာ ရံခါ အကျိုးကြီးပြီးရံခါအကျိုးမကြီးဖြစ်တတ်တယ်´´လို့မိန်
့တော်မူတယ်။
``အရှင်ဘုရား အလှူရဲ့အကျိုးဟာ ဘယ်အတွက် ရံခါ အကျိုးကြီးပြီး ဘယ်အတွက်ရံခါ အကျိုးမကြီးဖြစ် ရပါ သလဲ´´လို့ လျှောက်ထားတော့ ဘုရားရှင်က-``သာရိပုတ္တရာ ဤလောက၌ အချို့သောပုဂ္ဂိုလ်များဟာ-
(၁) ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ အလှူကိုပေးတယ်။
(၂) နှောင်ဖွဲ့အပ်သော စိတ်ရှိသည်ဖြစ်၍ အလှူကိုပေးတယ်။
(၃) သိုမှီးခြင်းကို ငဲ့ကွက်လျှက် အလှူကိုပေးတယ်။
(၄) အလှူရဲ့အကျိုးကို နောက်ဘ၀ ခံစားရမှာပဲလို့ရည်ရွယ်ပြီး အလှူကိုပေးတယ်။ အဲဒီအလှူရှင်ဟာ ကွယ်လွန်ပြီးတဲ့နောက် နတ်ဖြစ်ခြင်းဆိုတဲ့အကျိုးကို ခံစားနိုင်ခွင့်ရှိတယ်။
သူ့အကျိုးပေးကုန်သွားလျှင် အောက်ဘုံသို့ပြန်ကျလိမ့်မယ်။
သာရိပုတ္တရာ ဤလောက၌ အချို့သောပုဂ္ဂိုလ်များကတော့-
(၁) ငဲ့ကွက်ခြင်းမရှိဘဲ အလှူကိုပေးတယ်။
(၂) နှောင်ဖွဲ့တဲ့ စိတ်မရှိဘဲ အလှူကိုပေးတယ်။
(၃) သိုမှီးခြင်းကို မငဲ့ကွက်ဘဲ အလှူကိုပေးတယ်။
(၄) နောက်ဘ၀ဆိုတဲ့ ရုပ်နာမ်ရဲ့ အထောက်အပံ့အတွက် မဟုတ်ပါဘဲအလှူပေးခြင်းဟာ
ကောင်းမွန်မြင့်မြတ်တဲ့တရားဖြစ် တယ်လို့နှလုံးသွင်းပြီး အလှူကိုပေးတယ်။
(၅) မိဘရိုးရာရှေးအခါက ပြုခဲ့တဲ့တရားမို့ မိဘဘိုးဘွားတို့ရဲ့အစဉ်ကိုမပျက် စေချင်လို့ အလှူကိုပေး တယ်။
(၆) ရဟန်းဆိုတာ လူတို့လိုဝမ်းရေးအတွက်အခြားအလုပ်မျိုး လုပ်ကိုင်နိုင်ခွင့်မရှိဘူး။ အလှူခံစားတဲ့ အလုပ်မျှ သာ ရှိတယ်။
အခြားအလုပ်မျိုးလုပ်ကိုင်ခွင့်ရှိတဲ့ ငါတို့က လုပ်ကိုင်ခွင့်မရှိတဲ့ ရဟန်းတို့အား အထိုက် အလျှောက် ပေး လှူသင့် တယ်လို့ယူဆပြီး အလှူကိုပေးတယ်။
(၇) အလှူရှင်ကြီးတွေကို အားကျပြီးတော့လည်း ပေးလှူတတ်ကြတယ်။
(၈) အလှူပေးတယ်ဆိုတာဟာ စိတ်ကိုကြည်လင်စေတယ်။ နှစ်သက်ဝမ်းမြောက်စရာဖြစ်တယ်လို့ ယူဆပြီး ပေးလှူတာ လည်းရှိတယ်။
(၉) သမထ၊ ၀ိပဿနာစိတ်ရဲ့ အဆင်တန်ဆာဖြစ်အောင် အခြံအရံဖြစ်အောင်အထောက် အပံ့ဖြစ်အောင်ပေးလှူ တာ လည်းရှိတယ်။
အဲဒီလို အသီးသီးသော ရည်မှန်းချက်တွေနှင့် ပေးလှူကြရာမှာရုပ်နာမ်ကို ငဲ့ကွက်ခြင်း စသည်မရှိဘဲ သမထ ၀ိပဿနာ စိတ်ရဲ့အဆင်တန်ဆာဖြစ်အောင် ပေးလှူခဲ့လျှင် ထိုအလှူဒါနဟာ ဘုံအားဖြင့်ဗြဟ္မာ ဘုံရောက်အောင်အ ကျိုးပေးနိုင် တယ်။ ပုဂ္ဂိုလ်အားဖြင့်ဆိုလျှင် အနာဂါမ်ထိအောင်အကျိုးပေးနိုင်တယ်။
``ချစ်သားသာရိပုတ္တရာအလှူဒါနရဲ့အကျိုးကြီးခြင်းမကြီးခြင်းဟာဤလိုပေးလှူသူရဲ့"စိတ်ဓါတ်"ကွာခြားမှုကြောင့်ဖြစ် တယ်။´´
(ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး၏ ဒါနဟူသည်မှ-)
``အရှင်ဘုရား အလှူရဲ့အကျိုးဟာ ဘယ်အတွက် ရံခါ အကျိုးကြီးပြီး ဘယ်အတွက်ရံခါ အကျိုးမကြီးဖြစ် ရပါ သလဲ´´လို
(၁) ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ အလှူကိုပေးတယ်။
(၂) နှောင်ဖွဲ့အပ်သော စိတ်ရှိသည်ဖြစ်၍ အလှူကိုပေးတယ်။
(၃) သိုမှီးခြင်းကို ငဲ့ကွက်လျှက် အလှူကိုပေးတယ်။
(၄) အလှူရဲ့အကျိုးကို နောက်ဘ၀ ခံစားရမှာပဲလို့ရည်ရွယ်ပြီး အလှူကိုပေးတယ်။ အဲဒီအလှူရှင်ဟာ ကွယ်လွန်ပြီးတဲ့နောက် နတ်ဖြစ်ခြင်းဆိုတဲ့အကျိုးကို ခံစားနိုင်ခွင့်ရှိတယ်။
သူ့အကျိုးပေးကုန်သွားလျှင် အောက်ဘုံသို့ပြန်ကျလိမ့်မယ်။
သာရိပုတ္တရာ ဤလောက၌ အချို့သောပုဂ္ဂိုလ်များကတော့-
(၁) ငဲ့ကွက်ခြင်းမရှိဘဲ အလှူကိုပေးတယ်။
(၂) နှောင်ဖွဲ့တဲ့ စိတ်မရှိဘဲ အလှူကိုပေးတယ်။
(၃) သိုမှီးခြင်းကို မငဲ့ကွက်ဘဲ အလှူကိုပေးတယ်။
(၄) နောက်ဘ၀ဆိုတဲ့ ရုပ်နာမ်ရဲ့ အထောက်အပံ့အတွက် မဟုတ်ပါဘဲအလှူပေးခြင်းဟာ
ကောင်းမွန်မြင့်မြတ်တဲ့တရားဖြစ်
(၅) မိဘရိုးရာရှေးအခါက ပြုခဲ့တဲ့တရားမို့ မိဘဘိုးဘွားတို့ရဲ့အစဉ်ကိုမပျက်
(၆) ရဟန်းဆိုတာ လူတို့လိုဝမ်းရေးအတွက်အခြားအလုပ
အခြားအလုပ်မျိုးလုပ်ကိုင်ခွင့်ရ
(၇) အလှူရှင်ကြီးတွေကို အားကျပြီးတော့လည်း ပေးလှူတတ်ကြတယ်။
(၈) အလှူပေးတယ်ဆိုတာဟာ စိတ်ကိုကြည်လင်စေတယ်။ နှစ်သက်ဝမ်းမြောက်စရာဖြစ်တယ်လို့ ယူဆပြီး ပေးလှူတာ လည်းရှိတယ်။
(၉) သမထ၊ ၀ိပဿနာစိတ်ရဲ့ အဆင်တန်ဆာဖြစ်အောင် အခြံအရံဖြစ်အောင်အထောက် အပံ့ဖြစ်အောင်ပေးလှူ တာ လည်းရှိတယ
အဲဒီလို အသီးသီးသော ရည်မှန်းချက်တွေနှင့် ပေးလှူကြရာမှာရုပ်နာမ်ကို ငဲ့ကွက်ခြင်း စသည်မရှိဘဲ သမထ ၀ိပဿနာ စိတ်ရဲ့အဆင်တန်ဆာဖြစ်အောင် ပေးလှူခဲ့လျှင် ထိုအလှူဒါနဟာ ဘုံအားဖြင့်ဗြဟ္မာ ဘုံရောက်အောင်အ
``ချစ်သားသာရိပုတ္တရာအလှူဒါနရဲ့အကျိုးကြီးခြင်းမကြီးခြင်းဟာဤလိုပေးလှူသူရဲ့"စိတ်ဓါတ်"ကွာခြားမှုကြောင့်ဖြစ် တယ်။´´
(ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး၏ ဒါနဟူသည်မှ-)
No comments:
Post a Comment