General Motors ကားကုမ္ပဏီက 4G LTE ချိတ်ဆက်မှုစနစ်ပါဝင်သည့် ကားများကိုလာမည့်နှစ်တွင် ရောင်း ချမည်ဟု သိရသည်။
AT&T နှင့် GM ၏ OnStar ဝန်ဆာင် မှုတို့သည် 4G LTE ချိတ်ဆက်ထား သည့်
ကား သန်းပေါင်းများစွာ ကို ဈေးကွက်သို့ တင်သွင်းရန် အတွက်
သဘောတူညီမှုရရှိခဲ့ပြီး အဆိုပါကားများကို ၂၀၁၄ နှစ် ကုန်ပိုင်းတွင်
ရောင်းချမည်ဖြစ်ကြောင်း၊ ထို့အပြင် Chevrolet, Buick, GMC နှင့် Cadillac
ကားများ တွင်လည်း ကြိုးမဲ့ချိတ် ဆက်မှုစနစ်ပါဝင်လာဖွယ်ရှိကြောင်း General Motors မှ ပြောကြားခဲ့သည်။
4G LTE ချိတ်ဆက်မှုစနစ် ပါဝင်သည့်ကားများကို 4G LTE hot spot အနေဖြင့်
ထောက်ပံ့ပေးနိုင် သည့် အတွက် tablet များ၊ စမတ်ဖုန်းများနှင့် အခြားသော
မိုဘိုင်းထုတ်ကုန်များဖြင့် အသုံးပြုနိုင် မည်ဟု သိရသည်။
Ref: CNET

No comments:
Post a Comment