ခင်ဗျားတို့ပဲ ၅၀၀၀ ကျပ်တန် ၅၀၀၀ ကျပ်တန်
ဆင်းကဒ်နဲ့ အော်နေကြပြီး ဟော ခုတစ်ကယ် လည်း ရောင်းပေးရော ၁၅၀၀ကျပ်
(ဖုန်းပြော ဆို ခ ၃၀၀ကျပ်ဖိုး ပါပြီးသား) ဗျာ ... ကဲ ခင်ဗျား တို့ ပြော တာ ထက်
၃၅၀၀ သက်သာတယ် ... ပြီးတော့ကောလဟလလိုအ၀င်ကောအထွ က်ေ ကာ ပေးရ မယ် ဆိုတာလည်း မဟုတ်ဘူးဗျာ ... ကျေ နပ်သေးဘူးလား ...
တစ်လက ၂၅၀၀ကျပ်ဖိုး ၂လ ၅၀၀၀ကျပ်ဖိုး မပြောမနေရလို့လေး ပါနေတာကို ပွစိပွစိနဲ့ ... ဖုန်းပြောဆိုခတစ်မိနစ်ကို၃၅ကျပ်နဲ့ဆို ၇၁မိ နစ်ကျော် ၊ ၂၅ကျပ်နဲ့ဆို မိနစ် ၁၀၀ဗျာ ... တစ်လကို မိနစ်၁၀၀ (တစ်ရက်ကို ၃မိနစ်ကျော်ကျော်လေး) ကို ဖုန်းတစ်လုံးဝယ်ပြီး မပြောတော့ ဘူးလားဗျ ... ဒါဆို ဘာအတွက် ဖုန်းဝယ်သတုန်း ... တစ်ရက်မှ ၃မိနစ်တောင် ဖုန်းပြောစရာမရှိဘဲ ၀ယ်ကိုင်မနေတော့နဲ့ဗျာ ... နောက်ဆုံး “ ဟေ့ကောင် မင်းငါ့ကို ပြန်ခေါ်” တစ်ရက် သုံးခါလုပ် တာတောင် တစ်လ ၂၅၀၀ ကျပ်တော့ ကျမယ်ဆိုတာ နားလည်သင့်တယ် ... ခုက ဈေးလျှော့ပေး တဲ့သူကိုမှ အားမနာ ...
ပြီးတော့ ကဒ်ဝယ်ပြီး ၁၅ရက်အတွင်း ဖုန်းကဒ်ကို မသုံးရင် ကဒ်ပျက်မယ်ဆိုတာက မသုံးဘဲ ဥထား မယ့်သူတွေရန်ကနေ ကာကွယ်ပြီး အများပြည်သူကို အမှန်တစ်ကယ်သုံးစေချင်လို့ ပါတဲ့စည်းမျဉ်း ပါပဲ ... ဆိုင်တွေကတောင် ဟန်းဆက်ဝယ်ရင် ဖုန်းကဒ်အလကားပေးမယ်ဆိုရင်တောင် ဟန်းဆက် မရောင်းရ ရင် ကဒ် အလကားရှုံးမှာ ... ဒီလိုမျိုးတမင်လုပ်ထားပြီး မြန်မာပြည်သူပြည်သားအားလုံး ဖုန်းသုံးနိုင်အောင် လုပ်ထားပေးတာကို ကျေးဇူးတင်ပါဦး ...
ကျနော်ခုရောက်နေတဲ့တိုင်းပြည်မှာတောင်တစ်ကဒ်ကို၂ဒေါ်လာ(၁၇၀၀ကျပ်လောက်) ပေးရတယ်ဗျာ ... ဖုန်းပြောခ မ ပါသေးဘူး ... ငွေဖြည့်ကဒ်က အနည်းဆုံး ၃၀ဒေါ်လာ (၄၅ရက်အတွင်း သုံး .. မသုံး လည်း ကုန်မယ် ... ဖုန်းပြောခ နည်းနည်းသက်သာတာကတော့ ကွာတာပေါ့ဗျာ) ... ဒေါ်လာ ၃၀ = ၂၅၀၀၀ ကျပ်လောက် ကို ၄၅ရက်အတွင်း မပြောမနေရ ... ကဲ မြန်မာပြည်က ရက်ပေါင်း ၆၀မှ ၅၀၀၀ကျပ် ... ဘယ်လောက်သာလဲ ...
ဖုန်းဟန်းဆက်ဝယ်ရဦးမယ်တွေ ဘာတွေ အတွန့်မတက်ပါနဲ့ဗျ ... ဖုန်းပြောရုံဆို သိပ်ဈေးမကြီး ပါဘူး ... ဖုန်းပြောရုံတင်မဟုတ်ဘဲ ကင်မရာကလည်း ရိုက်ချင်သေး၊အင်တာနက်လည်း သုံးချင်သေး ၊ သီချင်းလည်း နားထောင် ချင်သေး ၊ ဂိမ်းကြီးကြီးလည်း ကစားချင်သေးလို့ ဟန်းဆက် အကောင်း ၀ယ် တာကတော့ ခင်ဗျားတို့ ရဲ့ အပိုဆန္ဒလေ ... အစိုးရက ဖုန်းကဒ်ဈေးချပေးပြီးပြီ ... ဟန်းဆက် ကတော့ သူတို့နဲ့ မဆိုင်တော့ ဘူးဗျို့ ...
အသက်သာဆုံးလုပ်ထားပေးတာကိုအရိုးများသလေးချီးခါးသလေးလုပ်နေကြသေးတယ်... တော်ေ တ်ာပေါက် လာပြီ ... အလကားပေးရင်တောင် ခုမှပေးလား လုပ်ဦးမယ် ထင်တာပဲ ...
မောင်ဝီ က ဘာကောင်မှတော့ မဟုတ်ပေမယ့် အစိုးရကောင်းရင် ချီးမွမ်းပြီး မကောင်းရင် တတ်သိ သလောက်လေး အော်တတ်တဲ့ အမှန်မြင်စိတ်လေး ရှိအောင် ကြိုးစားတည်ဆောက်နေတဲ့သူပါပဲ ... နေရာ တကာ အစိုးရဆန့်ကျင်ရပြီးရော ပျော်နေတဲ့သူ မဟုတ်ကြောင်းပါ ...။

No comments:
Post a Comment