Saturday, August 15, 2020

 ငြိမ်းချမ်းရေး အမှန်တကယ်လိုချင်ရင်ရိုးသားကြဖို့ လိုတယ

၂၁ ပင်လုံညီလာခံ ကို သြဂုဏ်လ ၁၉ ရက်နေ့ တွင်ကျင်းပမယ်လို့ သိရတယ်။ထူးခြားတာImage may contain: 3 people, people sittingက
ဒီ တစ်ခေါက် ပင်လုံ မှာ အကြမ်းဖက်အဖွဲ့ အဖြစ်ကြေငြာ​ထားတဲ့ AA ကို အစိုးရ ကမဖိတ်တော့ တာပဲ။ပထမ တော့ ဒီလို မဖိတ်တာကို အစိုးရ အနေ နဲ့ AA အပေါ်ရက်စက်ရာ ပစ်ပယ်ရာ ကျတယ် လို့ ထင်ခဲ့မိသေးတယ်။

နိုင်ငံရေးလေ့လာသူ​ ဦးသန်စိုးနိုင် က လည်း AA ကို မဖိတ်တဲ့ အပေါ် ဝေဖန်ထားတာတွေ့ရတယ်။ ဒါ​​ပေမဲ့ သေချာပြန်တွေးတဲ့ အခါ အစိုးရ ရဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒ ပြောင်းလဲ လာပြီးလား လို့ ထင်မြင်မိတယ်။

ဘယ်နိုင်ငံအစိုးရ မဆို အကြမ်းဖက်သမား ကိုတော့ စားပွဲဝိုင်းမှာ အတူ စကားပြောချင်ကြမှာ  မဟုတ်ဖူး။ဒီလိုပဲ လက်နက်ကိုင်အဖွဲ့တွေကို သေနက်ကိုင်ပြီး ဗဟိုအစိုးရ နဲ့ တိုက်ရိုက် ငြိမ်းချမ်းရေး ဆွေးနွေးခွင့်​ပြုတာကလည်း ဒီနိုင်ငံ မှာ ပဲတွေ့ဖူး​ကြလိမ့်မယ်။

ကြားမှာ အဆင့်တွေ မခံဘဲ ဆွေးနွေးခွင့်ပြုတာဟာ ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေ
ကို အထူးအခွင့်အရေးတစ်ရပ်ပေးထားတာဖြစ်ပါတယ်။ဒါကို KIA TNLA နဲ့ MNDAA တို့ က သူတို့ မဟာမိတ် AA ကို မဖိတ်တဲ့ အတွက်မတတ်ဖူးပုံစံမျိုးသတင်းတွေ ထွက်နေတယ်။အတည်ပြုနိုင်တဲ့ သတင်းတော့ မတွေ့သေးဘူး။

ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ပတ်သက်လာရင်ရိုးသားမှူမရှိကြတဲ့အဖွဲ့တွေ၂၁ ပင်လုံ ကို တတ်သည်  မတတ်သည်​ဖြစ်စေ သိပ်ထူးခြားသွားတာတော့ မဟုတ်ဖူး။ကျွန်တော် စိတ်ဝင်စားတာက AA ကို မဖိတ် တဲ့ ​အစိုးရ ရဲ့ပြောင်းလဲလာတဲ့ မူဝါဒ ကိုပါ။

မိဘ တွေဟာ သားဆိုး သမီးဆိုး တွေ ကို လည်းပစ်ရိုးထုံးစံမရှိဖူး ဆိုတဲ့ အတိုင်း အခု ဒီမိုကရေ
စီ အစိုးရ နှစ်ဆက် မှ မဟုတ်ဖူး။ခေတ်အဆက်​ဆက် အစိုးရ တိုင်း ဟာ ပြည်တွင်းငြိမ်းချမ်းရေး
နဲ့ ပတ်သက်လာရင် သဘောထားအကြီးဆုံးထား​ကာ ညှင်သာစွာကိုင်တွယ်ခဲ့​ကြတယ်။တပ်မတော်
ကလည်း ရန်သူကို အမြစ်ပြတ်ချေမှူန်းရေး ထက်ရင်ဆိုင်ထိန်းချုပ်​ရေးမူကိုသာ ကျင့်သုံးခဲ့တာ
တွေ့ရမယ်။

ယုတ်အစွာဆုံး စစ်အာဏာရှင်ဆိုတဲ့ စစ်အစိုးရတောင် စစ်မတိုက်ဘဲ အစိုးရ နာမည်နဲ့ မလိုက်အောင် ငြိမ်းချမ်းရေးကို သူတတ်နိုင်သလောက်လုပ်သွားခဲ့တယ်။ဒါ​ပေမဲ့ စစ်အစိုးရ ဟာ Mandate မရှိတဲ့ အတွက် ငြိမ်းချမ်းရေးထက်
အပစ်ခက်ရပ်စဲ​ရေး လောက်သာ လုပ်နိုင်ခဲ့တာတွေ့ရမယ်။

စစ်အစိုးရရဲ့Mandateမရှိတာကိုအခွင့်ကောင်းယူပြီးရိုးသားမှူမရှိဘဲဝင်မှိန်းကာကျည်လွတ်မြေအဖြစ်ခေတ္တနားခို ဖို့ ကြိုးပမ်းခဲ့ကြလို့ ဒီမိုကရေစီခေတ် ဦးသိန်းစိန် အစိုးရ လက်ထက် မှာ မြန်မာနိုင်ငံမြောက်ပိုင်း အရှေ့မြော က်ပိုင်းတစ်ခု လုံး စစ် ပြန်ဖြစ်ခဲ့ရတယ်။ဘာကြောင့် ဖြစ်ခဲ့ရသလဲ။

စစ်အစိုးရ မို့ အပြီးသက်ငြိမ်းချမ်းရေး မလုပ်နိုင်တာကိုအခွင့်ကောင်းယူပြီး လူ လက်နက်အင်အားတည်ဆော က်ခဲ့ကြတယ်။လူ လက်နက် အားကောင်း​ လာတဲ့ အခါလက်နက်ကိုင်ပြီး ဝမ်ပေါင်နိုင်ငံ တည်ထောင်မယ် ကြိုးပမ်းလာလို့ တိုက်ပွဲတွေပြန်ဖြစ်ခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

စစ်အစိုးရ ခေတ် အပစ်ခက်ရပ်စဲရေး ကိုအခွင့်ကောင်းယူပြီး အင်အားတည်ဆောက်ကြတဲ့ လက်နက်ကိုင် အဖွဲ့တွေထဲမှာ KIA ကအဆိုးဆုံးပဲ။၁၉၉၄ မှာ အပစ်ခက်ရပ်စဲရေးလက်မှတ်ရေးထိုးတော့ တပ်မဟာ၎ ခု မှာ
လူအင်အား ၃၀၀၀ မပြည့်ခဲ့ဖူး။၂၀၁၁ ငြိမ်းချမ်းရေးပျက်တော့ KIA စစ်အင်အား ၂၅၀၀၀ လောက်
ဖြစ်လာတယ်။ဒီ အထဲ မှာ ကချင်ပြည်နယ်ထဲကရှမ်းနီ တွေ ကို ပါ ခြောက်တစ်ဖုံ ချော့တလှည့်
နဲ့ လူသစ်စုခဲ့လို့ ရှမ်းနီလူငယ်တစ်ထောင်ကျော်KIA ထဲ ရောက်သွားတယ်။

ဒီလို ရှမ်းနီတွေ ကိုလူသစ်စုနိုင်ဖို့ အတွက် အန်ဘန်လ ကမိုးကောင်းဒေသ ရွာတစ်ချို့ ဖွံဖြိုးရေး လုပ် စည်းရုံးခဲ့လို့မိုးကောင်းမြို့နယ် မှာ ရှိတဲ့ ရွာတစ်ရွာဆို အန်ဘန်လ ရွာ လို့ အမည်တွင်သည်အထိ ဖြစ်ခဲ့တာကို လေ့လာကြည့်ရင်သိနိုင်တယ်။

ဒါတောင် စစ်အစိုးရ နဲ့ ၁၉၉၄ သဘောတူညီချက်မှာ လူသစ်မစုရဖူး။တပ်အင်အားမတိုးချဲ့ရဖူးရေးထိုးထားပေမဲ့ တပ်မဟာအသစ်တွေတပ်ရင်းအသစ်တွေတိုးချဲ့ခဲ့လို့အင်အား၂၅၀၀၀နီးပါးဖြစ်လာတယ်။နောက်ထပ်ပြီးAA နဲ့ TNLA ကို လည်း ထပ်မွေးထုတ်လိုက်​သေးတယ်။

၂၀၁၁ မှာ KIA အင်အားကောင်းလာတော့ခလရ ၂၁ စစ်ကြောင်း ကို ခြုံခိုပြီးစတိုက်ကာ ငြိမ်းချမ်းရေးကို ဖျက်ဆီးပစ်လိုက်တယ်။ဒီလို တပ်မတော်စစ်ကြောင်းတွေ ကို တိုက်ခိုက်
တဲ့ နေရာ မှာရှမ်းနီ ရခိုင် ပလောင် လက်နက်ကိုင်အဖွဲ့တွေကို ရှေ့ဆုံးတိုက်ခိုင်းကာ အသေခံခိုင်း
ခဲ့တယ်။

တစ်ခါ အရေးကြီးKIA စခန်းကုန်း မှန်သမျှ မှာ ဂျိမ်းဖော မဟုတ်တဲ့ ရခိုင် ပလောင် ရှမ်းနီ တွေ  ထားကာ အသေခံ တိုက်ခိုက်ခိုင်းခဲ့လို့ ရှမ်းနီ ပလောင်ရခိုင် မရူ အဇီး ဇိုင်ဝါ လချိပ် လဝေါ် လီဆူးစတဲ့ လူငယ် သေကြေခဲ့ကြရတယ်။ဒါကြောင့်ရှမ်းနီလူငယ်တွေKIAကနေခွဲထွက်လာခဲ့ကြတာတွေ့ရမယ်။

ပြောချင်တာ ပြည်တွင်းငြိမ်းချမ်းရေး နဲ့ ပတ်သက်ရင် KIA ဟာ ရိုးသားခြင်းမရှိသလို
KIA မွေးဖွားပေးလိုက်တဲ့ TNLA နဲ့ AA ဟာလည်း ကလိမ်ကကျစ်တွေပဲ။ဒါကြောင့် AA ကို
မဖိတ်လို့ KIA TNLA ကမတတ်ဖူးဆိုရင် လည်း ဝမ်းနည်းစရာ မရှိဘူး။

ကမ္ဘာ့သမိုင်း စာမျက်နှာ ​တွေမှာ ငြိမ်းချမ်းရေးလုပ်ဖို့ တောင်းဆိုကြသူတွေ ဟာ စစ်ရှူံးနေသူတွေရဲ့ အလုပ်။ကျွန်တော် တို့ဟာ စစ်ရှူံးလို့ ငြိမ်းချမ်းရေး လုပ်နေတာ မဟုတ်ဘူး။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နဲ့ သားစဉ်မြေးဆက်အရေးကို ရှေးရှူ့ပြီး
ငြိမ်းချမ်းရေး လုပ်နေကြတာ။ဒါကိုစစ်နိုင်တဲ့ လေသံ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတတ်
ကာ ပြည်ထောင်စု ကို အမွေလာမခွဲကြနဲ့ လို့ ပြောချင်တယ်။ဒါကြောင့်လည်း တို့တာဝန်အရေးသုံးပါး ဆိုတဲ့အမျိုးသား အကျိုးစီးပွားကို စစ်အစိုးရက ချမှတ်ခဲ့တာ သဘောပေါက်ကြဖို့လိုသလို၂၀၀၈ ခြေဥ  အရ ပြည်ထောင်စု ကို ကာကွယ်နေရတာ ဖြစ်တယ်ဆိုတာကိုလည်း ပြည်သူတွေ သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အပိုင်း ၂ မနက်ဖြန် ဆက်တင်းပေးပါ့မယ်။

အောင်နိုင်သူ(2020.August.12)


No comments:

Post a Comment