Friday, July 3, 2015

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးသို့ ကေအိုင်အေ(ကချင်)အဖွဲ့က လက်နက်ကြီးဖြင့် အကြောင်းမဲ့ နှောက်ယှက်ပစ်ခတ်

နေပြည်တော် ၊ ဇွန် ၂၈
၁၀၅ မိုင် - ကြူကုတ်သွား လမ်းဆုံနေရာအနီး တစ်ဝိုက်၌ဇွန် ၂၇ရက်ည ၁၁ နာရီခန့် တွင် ပေါက် ကွဲသံ ၃ ချက်ကြားသိရသဖြင့် နယ်မြေခံ တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၀င်များက ယနေ့နံနက်တွင် သွားရောက် စစ်ဆေး ရာ ကေအိုင်အေ(ကချင်)အဖွဲ့က နောက်ပွင့် လက်နက်ကြီးဖြင့် အကြောင်းမဲ့ နှောက်ယှက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ယာဉ်စစ်ဝင်း၏ အရှေ့ဘက် ပြည်ထောင်စု လမ်းမကြီးဘေးရှိ ရွှေလိပ်ပြာ ထမင်းဆိုင်ရှေ့ ညာဘက်တွင်လည်းကောင်း၊ မြန်မာနိုင်ငံသားများ
ဘဏ်ရှေ့ မြက်ခင်းပြင် တွင် လည်းကောင်း၊ ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်၏မြောက်ဘက် အုတ်နံ ရံခြံစည်းရိုး တွင်လည်းကောင်း လက်နက်ကြီးကျည်များ အသီးသီး ထိမှန်ခဲ့ကြောင်း တွေ့ရှိရသည်။

လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ရွှေလိပ်ပြာ ထမင်းဆိုင်မှ မနန်းခမ်းနွမ် ၂၆ နှစ် (ဘ)ဦးမောင်ခိုင်၏ ညာလက်မောင်းတွင် မိုင်းစထိမှန် ဒဏ်ရာရ ရှိခဲ့ပြီး ဆိုင်အဆောက်အဦတံစက်မိတ် အမိုးသွပ်ပြား များ ပေါက်ထွက်ခြင်း၊ ဆိုင်ရှေ့တွင် ရပ်ထားသော အပြာရောင် ဆလွန်းယာဉ်ထိမှန်
ပျက်စီးခြင်း၊ မြန် မာနိုင်ငံ သားများဘဏ် မျက်နှာစာရှိမှန်များ အက်ကွဲပျက်စီးခြင်း၊ ကုန်စည်ဒိုင်အုတ်နံရံ ခြံစည်းရိုး ကွဲအက်ခြင်း၊ ကုန်စည်ဒိုင်ရှေ့တွင် ရပ်ထားသော အဖြူရောင်ကွန်တင်နာယာဉ်ငယ်၊ စက်သုံးဆီသယ်ယာဉ်နှင့် အဖြူရောင်တွဲကား(၂)စီး စုစုပေါင်းယာဉ် ၄ စီးတို့၏ ရှေ့လေကာမှန်များ ကွဲအက်ပျက်စီးခြင်းများ ဖြစ်ပေါ် ခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ကေအိုင်အေ(ကချင်)အဖွဲ့ အနေဖြင့် ပြည်သူအများ အထိတ်တလန့် ဖြစ်စေ ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ မြို့ရွာများကို အဝေးမှ လက်နက်ကြီးဖြင့် နှောက်ယှက်ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ဒေသခံပြည်သူများမှ စိုးရိမ်မှု များ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment