Tuesday, March 31, 2015

မဖြစ်စေချင်ဘူး

သို့ သော် ...
ဖြစ်လာတော့မယ့် ...
အရိပ်အယောင်တွေ မြင်နေရလို့  ...
နောက်ဆုံး အနေနဲ့  ..
မေတ္တာရပ်ခံကြည့်တာ...
ဆရာမ နော်စီဖိုးရာစိန် ...
သေချာ စဉ်းစားပေးပါ ....
ဘောကျော်ဟဲ ...
ခင်ဗျား သေချာ ပြန်စဉ်းစားပေးပါ ...
ကရင်ပြည်နယ်မှာ ...

မြေမြုပ်မိုင်းတွေ ...
ခြေပြတ်လက်ပြတ်တွေ ...
ပြန်ပေါ်လာမယ့် တရားခံဟာ ...
ခင်ဗျားတို့ ကြောင့် မဖြစ်ပါစေနဲ့  ...
ခင်ဗျားတို့ ခွဲထွက်ရင် ...
တပ်မဟာ ၅ ပါလာမယ် ...
တပ်မဟာ ၂ က ...
တစ်ချို့ တစ်ဝက်ပါလာမယ် ..
အခု DKBA ကျော်သက်က ...
စောဆန်းအောင်ကို ပြန်လက်ခံပြီး ...
အင်အား၁၀၀ လောက်နဲ့  ...
KAFတပ်ဖွဲ့ ခေါင်းစဉ်ပြပြီး ...
တပ်မဟာ ၅ အောက် ခိုလှုံဖို့ ..
ကမ်းလှမ်းလာတာကို ...
ခင်ဗျားတို့  လက်ခံလိုက်တယ်လို့  သိရတယ် ...
မြိုင်ကြီးငူက ဗိုလ်ပိကလဲ ..
အင်အား ၆၀လောက်နဲ့  ..
လာပေါင်းတယ်လို့ သိရတယ် ...
သေချာ ပြန်စဉ်းစားပေးပါ ...
တပ်မဟာ ၅ ရဲ့ အဓိက ၀င်ငွေ ...
ဖာပွန် ရွှေတွင်းတွေက ရတဲ့  ...
ကုမ္ပဏီ တစ်ခုကို ....
လေလံကြေး သိန်းတစ်သောင်း နဲ့  ..
ကုမ္ပဏီ လေးငါးခု ...
ကန်ထရိုက်ပေးထားတဲ့  ကိစ္စသည် ....
ခင်ဗျားတို့ ခွဲထွက်တာနဲ့  ...
အစိုးရက အဲဒီ ကုမ္ပဏီတွေကို ...
သေချာပေါက် ကျပ်တော့မှာပါ ...
ခင်ဗျားတို့ နဲ့  ဘယ်သူမှ ...
အလုပ်လုပ်တော့မယ် မဟုတ်ပါ ...
လက်ရှိ အခြေအနေဟာ ...
ယိုးဒယားကလဲ ...
ခင်ဗျားတို့ ကို ...
မထောက်ပံ့ တော့တဲ့  အခြေအနေ ...
တပ်မဟာ ၇ ခုမှာ ...
၂ က တစ်ချို့  နဲ့  ...
၅ ကပဲ ကိုယ့်ဘက်ပါမယ့် အခြေအနေ ..
ဒါတွေဟာ ...
ခင်ဗျားတို့  သေချာ စဉ်းစားသင့်ပါတယ် ...
စစ်ဖြစ်ရင်တော့ ...
တပ်မတွေ အများကြီး ...
ထပ်တက်လာတော့ မှာပါ ...
ကျန်ခဲ့တဲ့  ...
ကေအန်ယူတပ်မဟာတွေကလဲ ...
ခင်ဗျားတို့ ကို ...
ဝိုင်းတိုက်တော့မှာပါ ...
စစ်ကို မလိုချင်ပါနဲ့  ...
ငြိမ်းချမ်းရေးကို ယူပေးပါ ...
ကေအန်ယူ အဖွဲ့ ဥက္ကဌ မူတူးစေးဖိုးနဲ့  ...
တပ်မဟာ ၁၊၃၊၄၊၆၊၇ ..
ကျန်တဲ့ ဗဟိုကော်မတီဝင်တွေနဲ့  ...
ကေအန်ယူ အများစုရဲ့ ...
ဆန္ဒကို လေးစားပေးပါ ...
ဒေါနမြေက ဖားစည်သံတွေ ...
ခင်ဗျားတို့ ကြောင့် ...
မဆိတ်သုန်းသွား ပါစေနဲ့  ...
ထပ်ပြောပါရစေ ...
ဒေါနမြေက ဖားစည်သံတွေ ...
ခင်ဗျားတို့ ကြောင့် ...
မဆိတ်သုန်းသွား ပါစေနဲ့ ဗျာ ..
FROM-YE MOE

No comments:

Post a Comment