Friday, January 23, 2015

တက္ကစီသမားတစ်ဦးကို လူအများရှေ့ရိုက်နှက်သည့် ရွှေဧည့်သည်ယာဉ်နောက်လိုက်ကို အမှုဖွင့်

ရွှေဧည့်သည်ယာဉ်လိုင်းယာဉ်နောက်လိုက်က အငှား ယာဉ်မောင်းတစ်ဦးကို ၀င်ရောက် ရိုက်နှက်သော အမှုတွင် အငှား ယာဉ်မောင်းက ညစ်ညမ်းစွာ ပြောဆိုမှု၊ အပြင်းအထန်ဒဏ်ရာ ရရှိ စေမှု တို့ဖြင့် အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၂၀ ရက်က ဖြစ် ပွားခဲ့သော အဆိုပါအမှုတွင် အ ငှားယာဉ်မောင်းက တရားလိုလုပ် ၍ ပုဒ်မ (၂၉၄)၊ (၃၂၅) တို့ဖြင့် ရွှေဧည့်သည်ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်ကို အမှုဖွင့်ထားကြောင်း တာမွေ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ် မှူး ရဲမှူးခင်မောင်မြက ပြောသည်။‘‘အဲဒီ ယာဉ်နောက်လိုက်က ရွှေဧည့်သည်ယာဉ်လိုင်းက တရား ၀င်ခန့်ထားတဲ့ ယာဉ်နောက်လိုက် မဟုတ် ဘူး လို့ ယာဉ်လိုင်းဘက်က ပြောပါတယ်။ မင်္ဂလာဈေးဘက် ကို ညဘက်ဈေးဝယ်ဖို့လာရင်း နဲ့ ဒရိုင်ဘာနဲ့ ယာဉ်နောက်လိုက် နှစ် ယောက်လုံးနဲ့ ခင်နေတော့ ၀င်ပြီး တော့ ကူလုပ်ပေးရင်း အဲဒီ လိုဖြစ် သွားတာလို့ စုံစမ်းသိရှိရပါတယ်’’ ဟုယင်းအမှုကို လက်ခံဆောင်ရွက်နေသော တာမွေမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ထွန်းမင်းအောင်က ပြောသည်။
ကျူးလွန်သူ၏အမည်နှင့် နေရပ်ကို စုံစမ်းသိရှိထားပြီးဆက်လက်၍ ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
‘‘ဒီကိစ္စက တက္ကစီသမားနဲ့ ယာဉ်နောက်လိုက်ကြား မော် တော်ယာဉ်ပြေး ဆွဲနေစဉ်အတွင်း ဖြစ် ပွား ခဲ့ တယ်လို့ သိရပါတယ်။ ပြီးတော့ အဲဒီယာဉ်နောက် လိုက် မှာ အထွက်မှတ်ပုံတင်စာရင်းမရှိ ဘူးလို့ သိရပါတယ်။ သက်ဆိုင်ရာ ယာဉ်လိုင်းက သူ့စည်းကမ်းနဲ့ အညီ ဆောင်ရွက်ပေးဖို့ တာဝန်ရှိ ပါတယ်’’ဟု မော်တော်ယာဉ်လိုင်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြော သည်။
အဆိုပါဖြစ်ရပ်မှာ ဇန်န၀ါရီ ၂၀ ရက်၊ မွန်းလွဲ ၄ နာရီခွဲခန့် တွင် ရွှေဧည့်သည် အမှတ် (၁) ယာဉ် လိုင်းမှ ယာဉ်နောက်လိုက် သည် မင်္ဂလာဈေးမီးပွိုင့်၌ ယုဇနပလာဇာဘက်မှ မင်္ဂလာဈေး ဘက် သို့ကွေ့ ရန် ရှေ့မှ ပရို ဘောက်စ်အမျိုးအစား အငှား ယာဉ်ကို ရှေ့တိုးခိုင်းရာမှ ၎င်းယာဉ်နောက် လိုက်က ကားပေါ် တွင်ပါလာသောတုတ်ဖြင့် အငှားယာဉ်မောင်းကို ဆင်းရိုက်နှက်ခဲ့ ခြင်းဖြစ် သည်။ အနီးအနားဝန်း ကျင်ရှိ အမြင်မတော်သူများက ၀င်ရောက်တားဆီးခဲ့ပြီး ယင်း သို့ပြုမူမှုကို မကျေနပ်၍ ယာဉ် နောက်လိုက်နှင့် ရွှေဧည့်သည် ယာဉ်အားခဲများဖြင့်ဝိုင်းပေါက်ခဲ့သည်။ ယာဉ်နောက်လိုက်သည် ယုဇနပလာဇာဘက်သို့ ထွက်ပြေး သွားပြီး ရိုက်နှက်ခြင်းခံရသော အငှားယာဉ်မောင်းမှာ ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။ ရွှေဧည့်သည်ယာဉ်လိုင်းကို ယင်းအမှုနှင့်ပတ်သက်၍ သုံးကြိမ်ထက်မနည်း ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

No comments:

Post a Comment