From : .. 7day
ဇာတ်ရုပ်သည် ကိုယ်တိုင်အားရ ကျေနပ်သောဇာတ်ကောင်
တစ်ခု ဖြစ်သောကြောင့် ယင်းဇာတ်ရုပ် နှင့် အကယ်ဒမီဆု
ရရှိခဲ့ပါက လိပ် ပြာသန့်ကြောင်း လူမင်းကပြော သည်။
‘‘ကြယ်စင်မော်ကွန်းမှာ ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင်
တာလည်းအားရတယ်။ အစ်ကို အစည်းအရုံးဥက္ကဋ္ဌ
အနေနဲ့လော ကအတွက်ဆောင်ရွက်တာက တစ်ပိုင်းပဲ။
ဒါပေမဲ့ ကိုယ့်ရဲ့မိခင် ပင်မတပ်ရင်းက သရုပ်ဆောင်ပဲ လေ။ သရုပ်ဆောင်အတွက်ကို ဘယ်လောက် အပင်ပန်းခံခဲ့တယ်။ ဘယ်လောက်အ ထိကြိုးစားခဲ့
တယ်၊ နောက်ပြီး ကိုယ့်သရုပ် ဆောင်ချက်ကို တစ်ယောက် တည်းကြည့်ရတာမှမဟုတ်တာ။ ပညာရှင်တွေရော ပရိသတ်တွေ ရော ကြည့်ပြီးသားဆိုတော့ ရ သင့်ရထိုက်လို့ရမယ်ဆိုရင်လည်း အဲဒီအပေါ်မှာ ကိုယ့်လိပ်ပြာကိုယ် လုံပါတယ်’’ဟု ၎င်းကပြောသည်။
ကြယ်စင်မော်ကွန်းဇာတ် ကားသည် မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းကိုရိုက်ကူးတင်ပြ ထား သည့် ဇာတ်ကားတစ်ကား ဖြစ်ပြီး ဒါရိုက်တာပန်းချီစိုးမိုးက ရိုက်ကူးပုံဖော်ထားကာ နိုင်ငံပိုင် ရုပ်သံ လိုင်းများမှ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းအနေဖြင့်ပြသ ခဲ့သော်လည်း ယင်းရုပ်ရှင်ရုံတင်ပြ သရာ တွင်ရက်တိုးပြသခဲ့ရသည်။
ထို့အပြင် ကြယ်စင်မော် ကွန်းဇာတ်ကားသည် ၂၀၁၃ခုနှစ် အတွက် ရုပ်ရှင်ထူးချွန်ဆုပထမ အဆင့်ရွေး ချယ်ရေးအဖွဲ့က ဆန်ခါတင် ရွေးချယ်ခဲ့သော ရုပ်ရှင်ခြောက်ကားတွင်လည်း ပါဝင် လျက် ရှိသည်။
ရုပ်ရှင်အစည်းအရုံးအနေဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ရာနှုန်းပြည့်ကျင်းပခွင့်ရရှိခဲ့၍ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ တစ်ဦးအနေဖြင့် အခမ်းနားဆုံးကျင်းပနိုင်ရန် စဉ်းစားထားကြောင်း ၎င်းကဆိုသည်။
ရုပ်ရှင်အစည်းအရုံးရွေး ကောက်ပွဲအတွက်လည်းလုပ်ငန်း စဉ်များဆက်လက်ဆောင်ရွက် လျက်ရှိပြီး ရုပ်ရှင်လောကသား များကို ချပြနိုင်မည့်ရုပ်ရှင်ဥပဒေ မူကြမ်းအတွက်လည်း နောက်ဆုံး အဆင့်ရေးဆွဲမှုများ ပြုလုပ်နေ ကြောင်း ၎င်းကဆိုသည်။
No comments:
Post a Comment