From :
.. 7day
ယနေ့နေ့လယ်က အမြန်လမ်း
မိုင်တိုင်၂၂၁အနီးတွင် ဂျေဂျေ
ခရီးသည်တင်ယာဉ်တိမ်းမှောက်ခဲ့ပြီး
ခရီးသည် ၁၆ဦး ဒဏ်ရာရရှိ
ခဲ့ကြောင်းနေပြည်တော်အမြန်လမ်း
ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းကပြော
ကြားသည်။
နေပြည်တော်မှ မန္တလေးသို့ထွက်ခွာသွားသည့် ခရီးသည် ၃၁ဦးပါ ဂျေဂျေခရီးသည်တင်ယာဉ်
တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၆ဦးကိုနေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ထားသည်။
‘‘မိုင်တိုင် ၂၂၁/၁မှာ လမ်းချော်ပြီး တစ်ဖက်ယာဉ်ကြောမှာမှောက်တာ။ ဒဏ်ရာရရတဲ့ ၁၆ယောက် ကိုနေပြည်တော် ခုတင်တစ်ထောင်ကိုပို့ထားပါတယ်။ စိုးရိမ်စရာလည်း မရှိပါဘူး’’ဟု ရဲမှူးကြီးနေ၀င်း ကပြောသည်။
ယာဉ်မှောက်ချိန်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး တစ်နာရီလျှင် ကီလို ၇၀ခန့်ဖြင့် မောင်းနေ စဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ဂျေဂျေခရီးသည်တင်ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦး ကပြော သည်။
ယာဉ်တိမ်းမှောက်ပြီးနောက် ခရီးသည်တစ်ဦးက အမြန်လမ်းအရေးပေါ်ဖုန်းဝန်ဆောင်မှု ဖုန်းနံ ပါတ် ၁၈၈၀သို့ အကြောင်းကြားခဲ့ပြီးကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်နီးစပ်ရာရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်းအဆိုပါဖုန်းဝန်ဆောင်မှုဌာနမှ သတင်းရရှိသည်။

No comments:
Post a Comment