ဒီကနေ့ နေ့လည်ပိုင်းအထိ ဆုတံဆိပ်ရရှိမှုအနေအထားအရ မြန်မာနိုင်ငံသည်
ဒုတိယနေရာ တွင် ရောက်ရှိနေပြီး ဗီယက်နမ်၊ အင်ဒို စသည့်
နိုင်ငံများနှင့်လည်း နီးကပ်လျက် ရှိနေပါသည်။
ဆီးဂိမ်းမတိုင်မီ ကျွန်းဆွယ်အားကစားပွဲမှအစပြု၍ ပြီးခဲ့သည့် အင်ဒိုဆီးဂိမ်းအထိ ဆုတံဆိပ်ရ ရှိမှုများကို ပြန်လည်လေ့လာကြည့်လျှင် စတင်ကျင်းပခဲ့သည့် ထိုင်းနိုင်ငံ ကျွန်းဆွယ်ပွဲတွင် ဒုတိယ စတင်ရရှိခဲ့ပါသည်။
ယင်းနောက် ၁၉၆၁ ခုနှစ်၊ ၁၉၆၉ ခုနှစ်တို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ၌ ပထမ ရရှိခဲ့ပါ သည်။ နောက်ပိုင်းတွင် ၁၉၇၅ နှင့် ၁၉၇၉ တို့တွင် တတိယအဆင့် ရရှိခဲ့ပြီးနောက် ဇယားထိပ် ဆုံးနှင့် တဖြည်းဖြည်း ဝေးကွာလာခဲ့ပါသည်။
ယနေ့နေ့လည် (၁)နာရီအထိ သတင်းများအရ မြန်မာနိုင်ငံသည် ရွှေတံဆိပ် (၃၉)ခု၊ ငွေတံဆိပ် (၃၆) ခု၊ ကြေးတံဆိပ်(၃၉)ခု ရရှိထားပြီး (အတည်မပြုနိုင်သေး) ဖြစ်ပါသည်။
နောက်ပိုင်းနှစ်များတွင် ရွှေတံဆိပ် (၂၀) ရအောင် မနည်းကြိုးပမ်းခဲ့ရသည့် အနေအထားများကို သိရှိနိုင်စေရန် ၂၀၀၉ (လာအိုဆီးဂိမ်း) ရရှိမှု၊ ၂၀၁၁ (အင်ဒိုဆီးဂိမ်း) ရရှိမှုများကို တင်ပြလိုက် ပါ သည်။
အိမ်ရှင်အခွင့်အရေးအပြင် မြန်မာ့ဂုဏ်ဆောင်အားကစားသမားများ၏ နှစ်နှင့်ချီ၍ အပင်ပန်းခံ ကြိုး စားအားထုတ်မှုများကြောင့် ဆုတံဆိပ်များ ထိုက်ထိုက်တန်တန် ရရှိနေခြင်း ဖြစ်ပါသည်။ ယခင် က ရွှေဆုတံဆိပ်(၂၀)ကို မရနိုင်ခဲ့သည့်အခြေအနေမျိုးမှ ယနေ့ဆိုလျှင် ဇယားထိပ်ဆုံးတွင် အကြိတ် အနယ် ယှဉ်ပြိုင်နိုင်သည့် အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါသည်။
မူလကတည်းက Top-5 ၀င်ရန်သာ မျှော်မှန်းထားခဲ့ခြင်း ဖြစ်သော်လည်း နိုင်ငံကိုယ်စားပြု အားက စားသမားများ၏ နိုင်လိုစိတ်မှာ လွန်စွာပင် ပြင်းထန်လှသည်ကို တွေ့ရှိရပါသည်။
ရွှေဆုနှင့် လွဲ၍ မျက်ရည်ကျခဲ့ကြသော အားကစားသမားများကို မြင်တွေ့ရသည်မှာ စိတ်မကောင်း ဖွယ်ရာလည်း ဖြစ်ပါသည်။
မည်သို့ပင် ဆိုစေ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ အားလုံးသည် ချီးကျူးဂုဏ်ပြု အပ်သူ များ ဖြစ်ကြောင်း၊ ဤဆီးဂိမ်းမှ ရရှိလာသော အနိုင်မခံ အရှုံးမပေး စိတ်ဓါတ်များဖြင့် ရှေ့လျှောက် ဆက်လက်ကြိုးပမ်းသွားကြလျှင် မကြာမတင် ၁၉၆၁ က နေရာကို ပြန်လည်ရရှိနိုင် မည် ဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်။
မှူးဇော်

No comments:
Post a Comment