Monday, November 4, 2013

လွိုင်ကော်ခရိုင် NLD ဥက္ကဋ္ဌ ဦးအောင်ရှိန် မှ ELEVEN MEDIA ၏ သတင်းထောက် ဒေါ်အေးအေးဖြိုး အား သိက္ခာမဲ့စွာ သတင်းရယူရန်ကြိုးစား၍ မောင်းထုတ်

လွိုင်ကော်မြို့နယ်ရှိ Eleven Media Group သတင်းထောက်ဖြစ်သူ မခိုင်သည် အောက်တိုဘာ ၂၇ ရက်တွင် ရှေ့နေတစ်ဦး၏ နေအိမ်သို့ သွားရောက် သတင်းမေးမြန်းရာ တရားစွဲဆို ခံခဲ့ရကြောင်း သိရသည်။
သတင်းထောက် မခိုင်သည် အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခွဲတွင် သတင်းမေးမြန်းရန် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်၌ နေထိုင်သူ အထက်တန်းရှေ့နေ ဒေါ်အေးအေးဖြိုး၏ နေအိမ်သို့ သွားရောက်ခဲ့ပြီး ထိုသို့သွားရောက်ရာတွင် ၎င်းနှင့်အတူ ဦးသန်းဇော်ဝင်း၏ ဇနီးယောက်ဖတို့နှင့်အတူ သွားရောက်ခဲ့ကြောင်း သတင်းထောက်မခိုင် ၏ ပြောကြားချက်အရ သိရသည်။
သတင်းထောက် မခိုင်နှင့်အတူပါသည့် ဦးသန်းဇော်ဝင်းသည် ဆင်ဆာမဲ့ခွေများ ငှားရမ်းမှုဖြင့် လွိုင်ကော်မြို့နယ် တရားရုံးက ဒဏ်ငွေတစ်သိန်း (ငွေဒဏ်) ချမှတ်ခံထားရသူ ဖြစ်သည်။
ယင်းငွေဒဏ် ချမှတ်ခံရသည့် အမှုတွင် သိမ်းဆည်းခံရသော ဆင်ဆာမဲ့ အခွေများတွင် ဦးသော်တာသိန်း ဆိုသူ၏ မူပိုင်မြန်မာ ဇာတ်ကား ၁၃ ကား ပါဝင်ကြောင်းနှင့် ယင်းအမှုတွင် ဦးသော်တာသိန်းက တရားလိုအဖြစ် ထွက်ဆိုခဲ့ကြောင်း သိရသည်။

ဦးသော်တာသိန်းသည် ရှေ့နေဒေါ်အေးအေးဖြိုး၏ တရားလိုဖြစ်ပြီး ဦးသော်တာသိန်းက ရှေ့နေငှားရမ်းခနှစ်သိန်း ဒေါ်အေးအေးဖြိုးသို့ သွားပေးရန် ဦးသန်းဇော်ဝင်းကို တောင်းဆိုထားခြင်းကြောင့် ဦးသန်းဇော်ဝင်းက ယင်းကိစ္စညှိနှိုင်းရန် ဒေါ်အေးအေးဖြိုးထံသို့ ၂၇ ရက်တွင် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စကို သတင်းရယူရန် သတင်းထောက် မခိုင်က လိုက်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထောက် မခိုင်က "ကယားပြည်နယ်မှာ ဆင်ဆာမဲ့ ဗီဒီယိုခွေတွေကို ဖမ်းဆီးတာနဲ့ ပတ်သက်လို့ တရားခံတွေကို တွေ့ဆုံမေးမြန်းပြီးတော့ ဦးသော်တာသိန်းရဲ့ သီရိမွန် ဗီဒီယိုဖြန့်ချိရေး (ရှမ်းမြောက်ပိုင်း) ရပ်ကွက်နေတဲ့သူကို တွေ့ဆုံမေးမြန်း လိုပေမယ့်လို့ မတွေ့ခဲ့ရပါဘူး။ ဒါကြောင့် ဦးသော်တာသိန်း နေအိမ်ကို တွေ့ဆုံမေးမြန်းဖို့ တရားခံတွေက ရှေ့နေခ ပေးချေတဲ့နေ့မှာ လိုက်လာဖို့ ပြောတဲ့အတွက် ၂၇ ရက်ညမှာ သွားရောက်ဖြစ်ခဲ့ ပါတယ်။ အိမ်ရှင် ဒေါ်အေးအေးဖြိုးက ဦးသန်းဇော်ဝင်း ဇနီးနဲ့ ယောက်ဖဖြစ်သူတို့ကို တံခါးဖွင့်ပေး ခဲ့တာပါ။ ဦးသန်းဇော်ဝင်းတို့က ရှေ့နေခ မပေးနိုင်တဲ့အတွက် တောင်းပန်တဲ့ အခါကျမှ ကျွန်မက မေးမြန်းခွင့်ပြုဖို့ ရှေ့နေဒေါ်အေးအေးဖြိုးကို ခွင့်တောင်းတဲ့အခါ သူမက ခွင့်ပြုခဲ့ပါတယ်။ ကျွန်မက မမေးမြန်းခင်မှာ ကျွန်မ Eleven က သတင်းထောက် ဖြစ်ကြောင်းကို ပြောပြီးမှ မေးမြန်းခဲ့ပါတယ်။ မေးမြန်းတဲ့ အခါမှာ ရှေ့နေခ ဘယ်လောက်ပေးလဲလို့ မေးလိုက်တဲ့အခါ ဒေါ်အေးအေးဖြိုးက စိတ်ဆိုးသွားပြီး သူမရဲ့ ဖခင်ဖြစ်သူ ဦးအောင်ရှိန်ကို ခေါ်ပါတယ်။ အဲဒီအခါ

 "ဦးအောင်ရှိန်က မင်းငါ့ကိုသိလား ငါကခရိုင် NLD ဥက္ကဋ္ဌ မှုခင်းသတင်းထောက် ရှေ့နေလည်း ဖြစ်တယ်လို့ ပြောဆိုပြီး သတင်းမပေးနိုင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒီခရိုင်မှာ ဘယ်သတင်းထောက်မှ သတင်းလာယူခွင့် မရှိဘူးဆိုတာ မသိဘူးလား"



လို့ ပြောပါတယ်။အဲဒီနောက် ဒေါ်အေးအေးဖြိုးကကျွန်မသတင်းထောက်ကတ်ကို တောင်းလို့ ပြခဲ့ပါတယ်။

 ပေးတော့ မပေးခဲ့ပါဘူး။ ကျွန်မက ဥပဒေတွေကို မသိလို့ ဦးသန်းဇော်ဝင်းနဲ့ လိုက်လာပြီး မေးမြန်းခြင်း ဖြစ်ကြောင်းကို ပြောပြပါတယ်။ အဲဒီအခါ ဦးအောင်ရှိန်က သမီးဖြစ်တဲ့ ဒေါ်အေးအေးဖြိုးကို စခန်းမှူးကို ဖုန်းဆက်ခေါ်လို့ပြောပြီး ခြိမ်းခြောက်ပါတယ်။ ပြီးတော့ မောင်းထုတ်လို့ ဦးသန်းဇော်ဝင်းက တောင်းပန်ပြီး ထွက်လာတော့ ကျွန်မတို့ကို ခြံပြင်ရောက်တော့ သူခိုးသတင်းထောက်လို့ အော်ဟစ်မောင်းထုတ် ပါတယ်" ဟု ပြောကြားခဲ့သည်။

"ကျွန်တော့်အနေနဲ့ ဒေါ်အေးအေးဖြိုးအိမ်ကို သွားရတဲ့ အကြောင်းအရင်းက ဆင်ဆာမဲ့ အခွေကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်နစ်နာကြေး သိန်း ၂၀ တောင်းခဲ့တဲ့ တရားလို ဦးသော်တာသိန်းက နစ်နာကြေးကို မပေးနဲ့တော့ သူရဲ့ရှေ့နေနဲ့ သွားတွေ့လိုက်ပါလို့ ပြောတယ်။ ရှေ့နေကို ၂၅ ရက်နေ့မှာ ကျွန်တော်သွားတွေ့တော့ ရှေ့နေက နှစ်သိန်းပေးပါလို့ ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း ပိုက်ဆံမရှိတဲ့အတွက် အရစ်ကျ ပေးပါရစေလို့ ၂၇ ရက်မှာ သွားရောက်တောင်းပန်တာကို ရှေ့နေက လက်မခံပါဘူး။ အဲဒီအချိန်မှာမခိုင်ကစကားပြောခွင့်ပေးဖို့ ရှေ့နေဒေါ်အေးအေးဖြိုးကို တောင်းဆိုခဲ့ပါတယ်။

 ရှေ့နေကလည်း ခွင့်ပြုခဲ့ပါတယ်။ မခိုင်က Eleven က သတင်းထောက်ဖြစ်ကြောင်းပြောပြီး

 မေးမြန်းတာ ဖြစ်ပါတယ်" ဟု ဦးသန်းဇော်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။

တရားလို ဦးသော်တာသိန်းသည် ဆင်ဆာမဲ့ အခွေကိစ္စဖြင့် တရားစွဲဆိုခံရသူ ဦးသန်းဇော်ဝင်းထံသို့ အောက်တိုဘာ ၁၆ ရက်နေ့က နို့တစ်စာပို့ပြီး ဆင်ဆာမဲ့အခွေကိစ္စနှင့် ပတ်သက်ပြီး နစ်နာကြေး ငွေသိန်း ၂၀ ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက် ညပိုင်းက မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့ ရှေ့နေနေအိမ်သို့ သွားရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ အောက်တိုဘာ ၂၉ ရက်တွင် မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့အား တရားရုံးက ဆင့်ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ ထိုသိုက ဆင့်ခေါ်ရခြင်းမှာ ရှေ့နေဒေါ်အေးအေးဖြိုးက တရားလိုပြုလုပ်၍ တရားစွဲဆို ထားခြင်းဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၃၁ ရက်တွင် မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့က တရားရုံးသို့ သွားရောက်ခဲ့ရာ၌ ဒေါ်အေးအေးဖြိုးက ပိုင်နက်ကျူးလွန်မှု ခြိမ်းခြောက်မှု၊ ညစ်ညမ်းစွာ ပြောဆိုမှုဆိုင်ရာ ပုဒ်မတို့ဖြင့် တရားစွဲဆို ထားခြင်းဖြစ်ကြောင်း ဒုမြို့နယ် တရားသူကြီး ဦးမြမင်းဟန်က ရှင်းပြခဲ့ကြောင်း မခိုင်က ဆိုသည်။

မခိုင်သည် နို့တစ်စာ အချခံထားရသူနှင့် လိုက်လာကြောင်း၊ ရှေ့နေများ၊ ဥပဒေများ၊ တရားသူကြီးများကို ဂျာနယ်ထဲတွင် ကြော်ငြာထည့်ရ လိမ့်မည်ဆိုသည့် ပုံစံမျိုးဖြင့် အိမ်ပေါ်သို့ အဓမ္မ တက်လာကြောင်း၊ ၎င်းအနေဖြင့် မခိုင်အား မပြောသော်လည်း သန်းဇော်ဝင်းအား နှင်ထုတ်ခဲ့ကြောင်း "မင်းဘာဖြစ်လို့ ခေါ်လာတာလဲ" ဟုဆိုကာ ၎င်းကိုယ်တိုင် မောင်းထုတ်ခဲ့ကြောင်း၊ အဲ့ဒါနဲ့ ပတ်သက်ပြီး မင်းဥပဒေမဲ့ မလုပ်ရဘူးဟု ပြောခဲ့ကြောင်း၊ ထိုအခါတွင် အဲဒီသူက ဆဲသွားကြောင်း၊ အဲဒါနှင့် ပတ်သက်ပြီး တရားစွဲထားကြောင်း၊ ပုဒ်မ-၄၅၁၊ ၂၉၄၊ ၅၀၆ (ပထမပိုင်း)နှင့် စွဲထားကြောင်း၊ တရားလိုမှာ မအေးအေးဖြိုးဖြစ်ပြီး ၎င်းအနေဖြင့် သက်သေလိုက်မည်ဖြစ်ကြောင်း တရားလို မအေးအေးဖြိုး၏ဖခင် ဦးအောင်ရှိန် (လွိုင်ကော်ခရိုင် NLD ဥက္ကဋ္ဌ) က ပြောကြားခဲ့သည်။

"ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးရာ ရောက်တဲ့အတွက် ကျွန်တော်တို့ သတင်းထောက်ဘက်က ရပ်တည်ပြီး ဥပဒေကြောင်းအရ လုပ်ဆောင်သွားပါမယ်။ ဒီဖြစ်စဉ်ကို စုံစမ်းဖို့ လွိုင်ကော်ကို အကြီးတန်း အယ်ဒီတာတစ်ဦး စေလွှတ်ထားပါတယ်" ဟု Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

No comments:

Post a Comment