Monday, November 11, 2013

ရန်ကုန်မြို့၏ကတ္တရာလမ်းများကို လူအင်းအားသုံးပြုပြင်ခြင်းအစား လမ်းခြစ်စက်များဖြင့်ပြုပြင်နေ

ဓါတ်ပုံ-အင်တာနက်လက်ရှိပြုလုပ်နေသည့် လူများနှင့် လမ်းပြင်ခြင်းအစားကတ္တရာ
လမ်းများကို လမ်းခြစ်စက်များ အသုံးပြု၍ ပြုပြင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ
ယာရေးကော်မတီ လမ်းတံတား ဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က မဇ္ဈိမကို ပြောသည်။
လမ်းခြစ်ပြုပြင်ခြင်းကို ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အထက်ကြည်မြင့်တိုင်လမ်း၊
ကမ်းနားလမ်းတို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိတွင်ဆူးလေဘုရားဝန်ကျင်းနှင့် ကုန်သည် လမ်း တွင် ဆောင်ရွက်လျက် ရှိနေသည်။ရန်ကုန်မြို့ရှိ ကတ္တရာလမ်းမများကို ယခင်ကလူအင် အားအသုံးပြု ကာ ပြုပြင်မှုကြောင့် လုပ်ငန်းတွင်ကျယ်မှု အားနည်းပြီး လမ်းညီညာမှု လည်းကောင်း မွန်မှုမရှိသည့်အတွက် ယခုကဲ့သို့ ပြောင်းလဲအသုံးပြု နေခြင်းဖြစ်သည်။လမ်းတံတား ဌာန မှ ဒုတိယဌာနမှူးဦးမျိုးလွင်က “ထုထည်ထူပြီး မျက်နှာပြင်မညီတဲ့ ကတ္တရာလမ်းတွေကို ခြစ် ထုတ် ပြီး ခြစ် ထားတာတွေကို ကတ္တရာပြန်ထည့်ပြီး လမ်းအသစ်ပြန်ခင်းတယ်။ ဘတ်ဂျက်ရရင် ရသ လိုဆောင်ရွက်သွားမယ်”ဟု ပြောသည်။လမ်းခြစ်ပြုပြင်ခြင်းကို လမ်းမညီညာသည့်  မီးပွိုင့်ရပ် ပြီးပြန်အတွက် နေရာများ၊ ကားအကွေ့နေရာများ၊ ခုံးအတက်၊ အဆင်းများနှင့် လမ်းနှုတ်ခမ်း သားများတွင် ပြုပြင်သွားမည်ဖြစ်ကြောင်း။ ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့် အတွက် ညပိုင်းများတွင်ပြုပြင်သွားမည်ဖြစ်သည်။လမ်းခြစ်ပြုပြင်သည့် စက်ကိုဂျာ မနီနို င်ငံမှ အကြီးတစ်စီး၊ အသေးတစ်စီးဝယ်ယူထားပြီး ယခုနှစ်သြဂုတ်လက လမ်းခြစ်ပြုပြင်ခြင်းကို စတင်ဆောင်ရွက်နေခြင်း ဖြစ်သည်။တက္ကဆီယာဉ်မောင်း အမျိုးသား တစ်ဦးက “လမ်းခြစ် ပြီး ပြန်ခင်း တဲ့အတွက်လမ်းမှာ လှိုင်းတွေမရှိတော့ ဘူး။ အန္တရာယ်လဲကင်းသွားတယ်။ ဒါပေမဲ့ လမ်းကောင်းတဲ့အတွက် အိမ်ကား၊ ပြိုင်ကား၊ မိန်းကလေး မောင်းတဲ့ကားတွေ သတိနဲ့ ထိန်းထိန်း သိမ်း သိမ်းမောင်းသင့်တယ်” ဟု ပြောသည်။ယခင်က ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော် မတီမှ မိမိဘတ်ဂျတ်ဖြင့် ရပ်တည်ပြီးယခုအခါတွင် တိုင်းဒေသကြီး ရန်ပုံငွေမှဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်ပြန်လည်ခွဲဝေပေးထား ခြင်းဖြစ်သည်။

No comments:

Post a Comment