Monday, November 11, 2013

တောင်ကြီးတန်ဆောင်တိုင် ဗုံးမကွဲရေး စစ်တပ်လုံခြုံရေးယူပေးမည်

ယနေ့စတင်ကျင်းပမည့် တောင်ကြီး
တန်ဆောင်တိုင်ပွဲတော် လုံခြုံရေး
အတွက်အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်
၏ အကူအညီကိုရယူထားကြောင်း 
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး
 မြင့်ထူး၏ ပြောကြားချက်ကို ကိုးကား
၍ တောင်ကြီးရောက် People power 
သတင်းထောက် မင်းသူရ ကပေးပို့သည်။
ပြီးခဲ့သည့်လပိုင်းများက မြန်မာနိုင်ငံ


အနှံ့တွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးလန့်မှုများဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ကြောင့် လုံခြုံရေးနှစ်ဆ တိုးမြှင့် ခဲ့ ပြီး စစ်တပ်၏ အကူအညီကို ရယူထားကြောင်း ဒုတိယရဲမှူး ကြီးမြင့် ထူးက ပြောကြားသည်။
ပွဲတော်လုံခြုံရေး အတွက် ရဲတပ်ဖွဲ့၏အင်အား ၁၀၀၀ဖြင့် တာဝန်ယူနေကြောင်း မြို့အဝင်ဂိတ်များ တွင် ယခင်နှစ်များထက် လုံခြုံရေးကို တင်းကြပ်စွာပြုလုပ်နေပြီး စေ့စပ်သေ ချာစွာရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ကြောင်း People power သတင်းထောက်က သတင်းပေးပို့သည်။

No comments:

Post a Comment