Monday, November 11, 2013

ကြေးဆင်းတုတော်မှ ဆံတော်များ ပွင့်ဟုဆိုကာ စိတ်ဝင်တစား ဖူးမြော်သူများပြား

မိတ္ထီလာ မြို့ အမှတ်(၁) အထက် တန်း ကျောင်း ဓမ္မာရုံတွင် ပူဇော် ထားသည့် ဉာဏ်တော် ၂ပေခန့် ရှိကြေးဆင်း တုတော်မှ ဆံတော် များပွင့်နေ သဖြင့် လာရောက်  ဖူးမြော်နေကြ သူများဖြင့် စည် ကားလျက်ရှိသည်။ နိုဝင် ဘာ ၇ ရက်တွင် လွန်ခဲ့ သော နှစ် ၂ဝခန့်က အမှတ်(၁) အထက်တန်းကျောင်းဓမ္မာ ရုံတွင်ပူဇော်ထားသော ဉာဏ်တော် ၂ပေခန့်ရှိ ကြေးဆင်းတုတော် အား သတ္တမတန်း မှ ကျောင်း သား မောင်စည်သူအောင်က ကြေး ဆင်းတုတော်ကို ပန်းကုန်း ပူဇော်ရာမှ ဆံတော်များ ပွင့်နေ သည် ကိုဖူးမြော်ရသဖြင့် အတန်းပိုင် ဆရာမမှတစ်ဆင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်မာလာအား သတင်းပေးပို့ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်မာလာနှင့် ဆရာ၊ ဆရာမများ သွားရောက်ကြည် ညိုရာ ဘူမိဖဿ မုဒြ ပုံစံကြေး ဆင်းတုတော်၏ ဦးခေါင်းတော် မှ ထူးဆန်းစွာဆံတော်များပွင့်နေ သည်ကို ဖူးတွေ့ကြရကြောင်း သိရသည်။
အမှတ်(၁)အထက်တန်း ကျောင်းဓမ္မာရုံတွင်ကိန်းဝပ်နေ သော ကြေးဆင်းတုတော်မှဆံ တော်များ ပွင့်နေ သည့် သတင်း ကြောင့် သွားရောက်ဖူးမြော်ကြည် ညိုကြရာ အမှတ်(၁) အထက် တန်းကျောင်း တွင် ဘုရားဖူးများ အထူးစည်ကား လျက်ရှိသည်။


.

No comments:

Post a Comment