အစိုးရ ၀န်ထမ်းများ လစာတိုးမြှင့်မှုနှင့်အတူ ပင်စင်စားများ၏ လစာများလည်း
ဧပြီလကုန်တွင် ထပ်တိုး ခဲ့ကြောင်း နေပြည် တော် ပင်စင်ဦးစီးဌာနမှ သိရှိရသည်။ဧပြီလကုန်မှ စတင် ၍ ပင်စင်လစာများထပ်တိုးရာတွင် အစိုးရ၀န်ထမ်းများ
လစာတိုး သည့် ငွေကျပ် ၂၀၀၀၀ ပေါ်မူတည်၍ တွက်ချက်တိုးမြှင့်ခြင်း ဖြစ်သည်ဟုသိရသည်။ ယင်းသို့ ပင်စင်လစာထပ်တိုးခြင်း အား သက်ဆိုင်ရာပင်စင်စားများထံသို့အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။ဧပြီလကုန်မှ ထပ်တိုး ခဲ့သည့် ပင်စင်လစာငွေအတွက် ၅၄ ရာခိုင်နှုန်းကျော်ကို
တွက်ချက်ကာ ဘဏ် များသို့ ပေးပို့ပြီးဖြစ်ပြီး ၎င်းတို့အနေဖြင့် ဧပြီလကုန်တွင်
ခံစားခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသည့် ၄၂ ရာခိုင်နှုန်းခန့်မှာမူ
တွက်ချက်နေဆဲဖြစ် . . . . .
"အခု ပင်စင်လစာ ထပ်တိုးတာက အစိုးရ ၀န်ထမ်းတွေတိုးတဲ့ ငွေကျပ် ၂၀၀၀၀ ပေါ် မူတည်ပြီး တွက်ချက် တာ ဖြစ်ပါတယ်။ အရပ်ဘက် ၀န်ထမ်းလုပ်ခဲ့တဲ့ ပင်စင်စားတစ်ဦးရဲ့ လုပ်သက်ကို ငွေကျပ် ၂၀၀၀၀ နဲ့ မြှောက်ပြီး ၇၀ နဲ့ ပြန်စားပြီး တွက်ချက်လို့ရလာတဲ့ ငွေကို တိုးမြှင့်တာပါ။ အဲဒီအတွက် လုပ်သက်ပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ထပ်တိုးပင်စင်လ စာကို ဧပြီလကုန်မှ စတင်ခံစား ရမှာ ဖြစ်ပါတယ်" ဟု နေပြည်တော် ပင်စင်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းသို့ တွက်ချက်မှုအရ ပင်စင်စားတစ်ဦးလျှင် ပျမ်းမျှအနိမ့်ဆုံး တစ်ဦးလျှင် ကျပ် ၃၀၀၀ နီးပါးမှ အမြင့် ဆုံးကျပ် ၁၂၀၀၀ တိုးခြင်းဖြစ်သည်ဟု သိရသည်။ အစိုးရ၀န်ထမ်း လုပ်သက် ၁၀ နှစ်ရှိသည့် ပင်စင်စား တစ်ဦးသည် ပင်စင်လစာသည် ဧပြီလကုန်တွင် ပင်စင်လစာ ၂၈၅၇ ကျပ် တိုးမြှင့်မည်ဖြစ်သည်။
ြ့မန်မာတစ်နိုင်ငံလုံးတွင် ပင်စင်စားဝန်ထမ်းဦးရေ ခုနစ်သိန်းကျော်ရှိပြီး ငါးသိန်းကျော်မှာ အရပ်ဘ က် ပင်စင်စားဝန်ထမ်းများ ဖြစ်ပြီး ကျန်ရှိသည့် သူများမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ပင်စင်စား များ ဖြစ်သည် ဟု သိရသည်။ ယခုအခါ ဧပြီလကုန်မှ ထပ်တိုးခဲ့သည့် ပင်စင်လစာငွေအတွက် ၅၄ ရာခိုင်နှုန်းကျော်ကို တွက်ချက်ကာ ဘဏ်များသို့ ပေးပို့ပြီးဖြစ်ပြီး ၎င်းတို့အနေဖြင့် ဧပြီလကုန်တွင် ခံစားခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ ကျန်ရှိသည့် ၄၂ ရာခိုင်နှုန်းခန့်မှာမူ တွက်ချက်နေဆဲဖြစ်ပြီး ၎င်းတို့အား ယခုမေလအတွင်း အပြီးတွက် ချက်ပေးမည်ဖြစ်ကာ မေလကုန်တွင် ဧပြီလနှင့် မေလနှစ်လပေါင်းကာ ခံစားခွင့် ရရှိမည်ဖြစ်သည်။
၁၉၉၃ ခုနှစ် ဧပြီ ၁ ရက်တွင် ပင်စင်လစာအပေါ်၌ ၂၅ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဧပြီ ၁ ရက်တွင်မူ ထုတ်ယူခံစားလျက်ရှိသော ပင်စင်လစာ၏နှစ်ဆ တိုးမြှင့်ပေးခဲ့ကြောင်း ပင်စင်ဦးစီးဌာနမှ သိရပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လကုန်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံးမှ အမိန့်ကြော်ငြာစာ အမှတ် ၁၀၆/၂၀၁၁ ဖြင့် ပင်စင်လစာကို နောက်ဆုံး တိုးမြှင့်ပေးခဲ့ကြောင်းနှင့် ယင်းအချိန်တွင် ပင်စင်စား ၀န်ထမ်းများ၏ လစာမှာ အနည်းဆုံး ကျပ် ၂၀၀၀၀ မှ အများဆုံးကျပ် ၁၁၀၀၀၀ အထိ ခံစားခွင့်ရခဲ့ခြင်း ဖြစ်သည်။

No comments:
Post a Comment