ဗုဒ္ဓဘာသာကို " ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု " မဲပေးရွေးချယ် တာနဲ
့ပတ်သက်ပြီး အိုင်စီအေအာရ် ယူအက်စ် ညွှန်ကြားရေးမှုး " ဟန်.စ် ဂရိုလီချင် "
ရဲ့  မှတ် ချက်ကတော့ ........"..စိတ်ဝင်စား စရာ ကောင်း တာက ရွေးချယ်ရမယ့်
စံသတ်မှတ်ချက်များ ချပြ လိုက် တာနဲ့  ဘာသာရေး ခေါင်းဆောင် အများ အပြား ဟာ
မိမိတို့ ရဲ့  ဘာသာကို မရွေးချယ်ပဲ ဗုဒ္ဓ ဘာသာကိုသာ ရွေးချယ် ကြခြင်းပါပဲ
။ဗုဒ္ဓဘာသာ ဦးရေ အနည်း ငယ်သာပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆု ကို ရတယ်ဆိုတာ
အလွန်စိတ်ဝင် စားဖွယ် ၊ ရင်ခုန် ဖွယ်ကောင်းလှပါတယ် ။ ".......တဲ့ ။
အိုင်စီအေ အာရ် ယူ အက်စ် အဖွဲ့ ရဲ့ သုတေသန ညွှန်ကြား ရေးမှုး " ဂျွန်နာဟာတ် (
Joona Hult )" က ပြောတာ ကတော့ .....".
.ဗုဒ္ဓဘာသာက ကမ္ဘာမှာ အကောင်းဆုံးဆုရတာဟာ ဆန်းတော့ မဆန်းပါဘူး ၊
ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ရယ်လို့  ဘယ်လို
သာဓက တစ်ခုမှ ရှာမရနိုင်ခြင်းကြောင့်ပါ ၊ စစ်ထဲ လိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင်
ဘုန်းကြီး တစ်ပါးပါးကို တွေ့ ရဖို့ ဆိုတာ ရှာမှရှားပါပဲ ။
ဗုဒ္ဓဘာသာ ၀င်တွေဟာယှဉ်လို့ မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့ အတိုင်း
ကျင့်ကြံနေထိုင်ကြ သူတွေ ဖြစ်ကြပါတယ် ."..........တဲ့ ။
ဒီဆုရွေးချယ်ရတာနဲ့ ပတ်သက်လို့ ဘဲလ်ဖတ်စ်မြို့ ကကက်သလစ်ဘုန်းတော်ကြီး"တက်အို ရှောင်နတ် ဆီ " ပြောတာကတော့ ......".ကျွန်တော်က ကက်သလစ်
ဂုဏ်းတော်ကို ချစ်ကြည်ညို ပါတယ် ။ ဒါပေမယ့် ကျမ်းစာထဲမှာ မေတ္တာ ထားကြဖို
့ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ ကျတော့ အလိုတော် အတိုင်း ပြုရတယ်
ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန် စိတ်ရှုပ်စေပါတယ် ။
ဒါကြောင့်လည်း ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ
။"......တဲ့ ။ ပါကစ္စတန်က ဘာသာရေးဆရာ " တာလ်ဘင်ဝါဆတ် " ကလည်း ..".ဒေါသ
အမျက်တွေ နဲ့  သွေး ထွက် သံယို ဖြစ်မှုတွေအတွက် ဗုဒ္ဓဘာသာ က အဖြေ
ရှာပြီးသားဖြစ်တယ် " .........လို့ မှတ် ချက်ပေး ပါတယ် ....။
ဂျေရုဆလင်ကဂျူး ဓမ္မဆရာ " ရှမြူယယ်ဝပ်ဆာစတိန်း" ကလည်း
......."ပွင့်ပွင့်လင်း လင်း ၀န်ခံ ပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော်
ကိုးကွယ်တဲ့ ဘာသာအရ ၀တ်ပြုဆုတောင်း မပြုမီမှာ နေ့  တိုင်း
ဝိပဿနာကမ္မဌာန်းထိုင်လာတာ ၁၉၉၃ ကတည်းကပါ ။
ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော် နားလည်ပါတယ် ။".........တဲ့ ။.....
ဒါတွေကို အထောက်အကူ သာဓက ပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီး
ပျက်သုဉ်းရေး ကိုဦးတည်နေတဲ့ ဘာသာရေး မဟုတ်ဘူး ၊ စစ်ပွဲတွေ ၊
သွေးထွက်သံယိုမှုတွေ ကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက်ခံစားနိုင်ရေးဆီဦးတည်နေတဲ့ဘာသာ ဖြစ်တယ်ဆိုတာ အခြားဘာသာ ၀င်ကြီးေ တွကတောင်
အသိအမှတ်ပြုထား တယ်ဆိုတာ သဘောပေါက်စေဖို့ ပါ ။ ( မူရင်းကို အပြည့်အစုံ
ကြည့် လိုတယ် ဆိုရင်တော့ (WWW.sikhpilosophy.net/ ) မှာ အမြဲ
လွှင့်တင်ထားပါတယ် ) ....။
( ဓမ္မဘေရီ အရှင်ဝီရိယ -တောင်စွန်း )
Credit : Here
No comments:
Post a Comment