Thursday, April 4, 2013

မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားကို အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် တိုက်ခိုက်ရန် အတည်ပြုပြီးဖြစ်ကြောင်း ကြေညာ

မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားကို အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် တိုက်ခိုက်ရန် အတည်ပြုပြီးဖြစ်ကြောင်း ကြေညာ

Thursday  4 April 2013 

မြောက်ကိုရီးယား စစ်တပ်သည် အမေရိကန်နှင့် တောင်ကိုရီးယားကို အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်ရန် နောက်ဆုံးအတည်ပြုချက်ကို လက်ခံရရှိပြီးဖြစ်ကြောင်း ဧပြီလ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ယင်းသည် မြောက်ကိုရီးယား နိုင်ငံတော် သတင်းဌာနဖြစ်သော KCNA မှတစ်ဆင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကို အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ယင်းကြေညာချက်တွင် အမေရိကန်၏ ခြိမ်းခြောက်မှုများကို ပိုမိုသေးငယ်၊ ပိုမိုပေါ့ပါးပြီး မျိုးကွဲ အမျိုးမျိုးရှိသည့် အဆင့်အမြင့်ဆုံး နျူကလီးယား တိုက်ခိုက်မှုများဖြင့် ဖယ်ရှားသွားမည်ဟု ပါရှိသည်။

မြောက်ကိုရီးယား စစ်တပ်၏ ကြေညာချက်တွင် ယခုကိစ္စနှင့် ပတ်သက်၍ တော်လှန်ရေး လက်နက်ကိုင် တပ်မတော်၏ အညှာမဲ့ စစ်ဆင်ရေးနှင့် ပတ်သက်၍ နောက်ဆုံးစစ်ဆေးမှုများ ပြုလုပ်ပြီးစီးပြီးနောက် နောက်ဆုံး အတည်ပြုချက် ချမှတ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်း၌ပေါက်ကွဲမှုကြီး ဖြစ်ပွားမည့် အချိန်သို့ အလျင်အမြန် ချည်းကပ်လာနေပြီဖြစ်ကြောင်း၊ ယင်းသည် ယနေ့ဖြစ်စေ၊ မနက်ဖြန်ဖြစ်စေ အချိန်မရွေး ဖြစ်လာနိုင်ကြောင်းလည်း ဖော်ပြထားသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ရှိ ထောက်လှမ်းရေး ဌာနများမှ ထွက်ပေါ်လာသော အတွင်းသတင်းများကို ကိုးကားလျက် တောင်ကိုရီးယားနိုင်ငံမှ Yonhap သတင်းဌာနက မြောက်ကိုရီးယားသည် တာလက်ပစ် Musudan ဒုံးကျည်ဟု ယူဆရသော အရာကို ၎င်း၏ အရှေ့ကမ်းရိုးတန်းသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ဒုံးကျည်သည် ၁၈၇၅ မိုင် အကွာအဝေးသို့ ရောက်နိုင်ပြီး တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ ပစ်မှတ်များ အားလုံးအတွက် လုံလောက်သည်ဟု ဆိုသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က မြောက်ကိုရီးယားသည် အမေရိကန်နှင့် မဟာမိတ်များအတွက် သိသာထင်ရှားသော အန္တရာယ်တစ်ရပ်အဖြစ် တည်ရှိနေကြောင်း ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယား စစ်တပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ တောင်ကိုရီးယားရှိ အမေရိကန် တပ်များကို အဆင့်အမြင့်ဆုံး သတိပေးချက်အရ နေရာချထားပြီး ချက်ချင်း တုံ့ပြန်နိုင်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း သိရသည်။

အမေရိကန်သည် ယင်းဒေသအတွင်းရှိ ချထားနှင့်ပြီးဖြစ်သော စစ်အင်အားကို B2 လျှို့ဝှက်ဗုံးကြဲ လေယာဉ်များ၊ F22 လျှို့ဝှက် တိုက်လေယာဉ်များနှင့် B 52 ဗုံးကြဲလေယာဉ်များဖြင့် အားဖြည့်ထားပြီး ဂူအမ်သို့လည်း အဆင့်မြင့်ဒုံးကျည် ဘက်ထရီတစ်ခု ပို့ထားကြောင်း သိရသည်။

မြောက်ကိုရီးယားက အသုံးပြုနိုင်ဖွယ်ရှိသည့် တာလက်ပစ် ဒုံးကျည်သည် ဟာဝိုင်အီနှင့် ဂူအမ်သို့ ရောက်ရှိနိုင်ဖွယ် မရှိသော်လည်း တောင်ကိုရီးယားနှင့် ဂျပန်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများမှာ တိုက်ခိုက်ခံရနိုင်ဖွယ် ရှိနေသည်။ မြောက်ကိုရီးယားသည် ဒီဇင်ဘာလအတွင်းက တာဝေးပစ်ဒုံးပျံကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သော်လည်း တိုက်ကြီးများအကြား ဖြတ်ကျော်ပစ်နိုင်သည့် ဒုံးကျည်များ ဖွံ့ဖြိုးလာနိုင်ရန် နှစ်အတန်ကြာ လိုသေးကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းတာဝေးပစ် ဒုံးကျည်သည်သာ အမေရိကန်ပြည်ထောင်စု (ပြည်မ) သို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံကလည်း ၎င်းတို့၏ တပ်များကို မြောက်ကိုရီးယားနှင့် နယ်စပ်တစ်လျှောက် ချထားကာ အမြင့်ဆုံး သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ဧပြီလ ၃ ရက်တွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်ရာ နေရာဖြစ်သော နယ်စပ်ရှိ ကေဆောင်စက်မှုဇုန်အတွင်းသို့ တောင်ကိုရီးယား အလုပ်သမားများ ၀င်ရောက်မှုကို ပိတ်ဆို့ထားခဲ့သည်။ တောင်ကိုရီးယား သက်ဆိုင်ရာ အာဏာပိုင်များက အလုပ်သမားများကို ကေဆောင်မှနေ၍ အလုပ်သမားများကို နေရပ်သို့ ပြန်ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။ သို့သော် ဧပြီလ ၃ ရက်တွင် ကေဆောင်သို့ ၀င်ရောက်မည့် လူပေါင်း ၄၈၀ ကို မြောက်ကိုရီးယားက ၀င်ခွင့်မပြုခဲ့ဟု ဆိုသည်။

Eleven Media Group မြောက်ကိုရီးယားစစ်တပ်သည်အမေရိကန်နှင့် တောင်ကိုရီးယား
ကိုအဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် အညှာ အ တာ ကင်းမဲ့စွာတိုက်ခိုက်ရန် နောက်ဆုံးအတည်ပြုချက်ကို လက်ခံ ရ ရှိပြီးဖြစ်ကြောင်း ဧပြီလ ၃ ရက်တွင် ထုတ်ဖော်ပြောကြား လိုက် သည်။
ယင်းသည် မြောက်ကိုရီးယား နိုင်ငံတော် သတင်းဌာနဖြစ်သော KCNAမှတစ်ဆင့်ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကိုအတည်ပြု
လိုက်ခြင်းလည်း စ်ြသည်။  ယင်းကြေ ညာ ချက်တွင် အမေရိကန်၏ ခြိမ်းခြောက်မှုများကို ပိုမိုသေးငယ်၊ ပိုမိုပေါ့ပါးပြီး မျိုးကွဲ အမျိုးမျိုး ရှိသည့်အဆင့်အမြင့်ဆုံး နျူကလီးယားတိုက်ခိုက်မှုများဖြင့် ဖယ်ရှားသွား မည်ဟု ပါရှိသည်။ မြောက် ကိုရီးယား စစ်တပ်၏ ကြေညာချက်တွင် ယခုကိစ္စနှင့် ပတ်သက်၍ တော်လှန်ရေး လက်နက်ကိုင် တပ်မတော်၏အညှာမဲ့စစ်ဆင်ရေးနှင့်ပတ်သက်၍နောက်ဆုံးစစ်ဆေးမှုများပုလုပ်ပြီးစီးပြီးနောက်   နောက်ဆုံး အတည်ပြုချက်ချမှတ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်း၌ပေါက် ကွဲမှုကြီး ဖြစ်ပွား မည့်အချိန်သို့အလျင်အမြန်ချည်းကပ်လာနေပြီဖြစ်ကြောင်း၊ယင်းသည်ယနေ့ဖြစ်စေ၊မနက်ဖြန်ဖြစ်ေ စအချိန်မရွေး ဖြစ်လာနိုင်ကြောင်းလည်း ဖော်ပြထားသည်။အမေရိကန်နှင့် တောင်ကိုရီးယားတို့ရှိ   ထောက်လှမ်းရေး ဌာနများမှ ထွက်ပေါ်လာသော အတွင်းသတင်း များကို ကိုးကား လျက် တောင် ကိုရီးယားနိုင်ငံမှ Yonhap သတင်းဌာနက မြောက်ကိုရီးယားသည် တာလက်ပစ် Musudan ဒုံးကျည် ဟု ယူဆရသော အရာကို ၎င်း၏ အရှေ့ကမ်းရိုးတန်း သို့ ရွှေ့ပြောင်း ခဲ့ကြောင်း ဖော်ပြထားသည်။ အဆို ပါ ဒုံးကျည်သည် ၁၈၇၅ မိုင် အကွာအဝေးသို့ ရောက်နိုင်ပြီး တောင် ကိုရီးယားနှင့် ဂျပန်နိုင်ငံ ရှိ ပစ်မှတ်များ အားလုံးအတွက် လုံလောက်သည်ဟု ဆိုသည်။အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က မြောက်ကိုရီးယားသည် အမေရိကန်နှင့် မဟာမိတ် များအတွက် သိသာထင် ရှားသော အန္တရာယ်တစ်ရပ်အဖြစ် တည် ရှိနေကြောင်း ပြောကြား ခဲ့ပြီးနောက် မြောက်ကို ရီးယား စစ်တပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ တောင် ကိုရီးယား ရှိ အမေရိကန်တပ်များ ကို အဆင့်အမြင့်ဆုံး သတိပေးချက်အရ နေရာချထားပြီး ချက်ချင်း တုံ့ပြန်နိုင်ရန် အသင့်ပြင်ထား ပြီးဖြစ်ကြောင်း သိရသည်။အမေရိကန်သည် ယင်းဒေသအတွင်းရှိ ချထားနှင့်ပြီးဖြစ်သော စစ်အင် အားကို B2 လျှို့ဝှက် ဗုံးကြဲ လေယာဉ်များ၊ F22 လျှို့ဝှက် တိုက်လေယာဉ်များနှင့် B 52 ဗုံးကြဲလေ ယာဉ်များဖြင့်အားဖြည့်ထားပြီး ဂူအမ်သို့လည်း အဆင့်မြင့်ဒုံးကျည် ဘက်ထရီတစ်ခု ပို့ ထားကြောင်း သိရသည်။မြောက်ကိုရီးယားက အသုံးပြုနိုင်ဖွယ်ရှိသည့် တာလက်ပစ် ဒုံးကျည်သည် ဟာဝိုင်အီနှင့် ဂူအမ်သို့ ရောက် ရှိနိုင်ဖွယ် မရှိသော်လည်း တောင်ကိုရီးယားနှင့် ဂျပန်ရှိ အမေရိကန်စစ်အခြေစိုက် စခန်းများမှာတိုက်ခိုက်ခံရနိုင်ဖွယ်ရှိနေသည်။မြောက်ကိုရီးယားသည်ဒီဇင်ဘာလအတွင်းကတာဝေး ပစ် ဒုံးပျံကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သော်လည်း တိုက်ကြီးများအကြား ဖြတ်ကျော်ပစ်နိုင်သည့် ဒုံးကျည် များ ဖွံ့ဖြိုးလာနိုင်ရန် နှစ်အတန်ကြာ လိုသေးကြောင်း အေအက်ဖ် ပီသတင်း ဌာန က ဖော်ပြခဲ့ သည်။ ယင်းတာဝေးပစ် ဒုံးကျည်သည်သာ အမေရိကန်ပြည်ထောင်စု (ပြည်မ) သို့ ရောက်ရှိနိုင်သည်ဟု ဆို သည်။တရုတ်နိုင်ငံကလည်း ၎င်းတို့၏ တပ်များကို မြောက်ကိုရီးယားနှင့် နယ်စပ်တစ်လျှောက် ချထားကာ အမြင့်ဆုံး သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ဧပြီလ ၃ ရက်တွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင် ရာ နေရာဖြစ်သော နယ်စပ်ရှိ ကေဆောင်စက်မှုဇုန်အတွင်းသို့ တောင်ကိုရီးယား အလုပ်သမားများ ၀င်ရောက်မှုကို ပိတ်ဆို့ထားခဲ့သည်။ တောင်ကိုရီးယား သက်ဆိုင်ရာ အာဏာပိုင်များက အလုပ် သမားများကို ကေဆောင်မှနေ၍အလုပ်သမားများကို နေရပ်သို့ ပြန်ခွင့်ပြု ထားကြောင်း ပြောကြား ခဲ့သည်။ သို့သော် ဧပြီလ ၃ ရက်တွင် ကေဆောင်သို့ ၀င်ရောက်မည့် လူပေါင်း ၄၈၀ ကို မြောက် ကိုရီးယားက ၀င်ခွင့်မပြုခဲ့ဟု ဆိုသည်။

No comments:

Post a Comment