ဓမ္မစေတီခေါင်းလောင်း ကြီးဟု ယူဆရသောပုံရိပ်ကို ရန် ကုန်မြို့တောင်ဘက်
၁၀မိုင်အကွာ သန်လျင်ရေနံချက်စက်ရုံဆိပ်ကမ်း
အနီး
ကိုက်တစ်ရာခန့်ရှိရန်ကုန်မြစ်
အတွင်း ရေအောက် ပေ ၄၀ ၌ တွေ့ရှိ ရ ပြီဖြစ်ကြောင်း
ရှာဖွေ သူပုဂ္ဂလိကသင်္ဘောအရာရှိဟောင်း ဦးကျော်ဝင်း ကပြောသည်။
‘‘ပုံရိပ်တစ်ခုတွေ့တယ်။ လတ္တီကျူ့ လောင်ဂျီကျူ့တွက်ပြီး ပြီ။
စက်ဝိုင်းခြမ်းနှစ်ထပ်ဖြစ်နေတဲ့ အရိပ် တစ်ခုကို ခေါင်းလောင်း လို့
တွက်ထားတယ်။ ရေအောက် ကြမ်းပြင်မှာ ထိပ်ဝတစ်ခြမ်းမြုပ် နေတာ ထူးခြားတယ်။
ဒီနေ့ သက် သေပြဖို့လုပ်နေတယ်’’ဟု ၎င်းက ပြောသည်။
ဓမ္မစေတီခေါင်းလောင်ကြီး သည် သန်လျင်ရေနံချက်စက်ရုံ၏
ဆင်ကျုံးဆိပ်ခံတံတားအနီး N ၁၆ ဒီဂရီ ၄၅ဒသမ ၁၅၁မိနစ်နှင့် E096ဒီဂရီ ၁၂၈ဒသမ
၉၆၁ မိနစ် ကြား မြောက်အရပ်ကိုခေါင်းပြု ၍ မြစ်ကြမ်းပြင်တွင် လဲလျောင်းနစ်
မြုပ်နေပြီး ခေါင်းလောင်းအ၀ သည် မြစ်ကြမ်းပြင်မှ ၁၃ပေ ခန့် ပေါ်ထွက်နေမည်ဟု
အခိုင်အမာ ယုံကြည်ကြောင်း ဦးကျော်ဝင်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ တွင်ရေး
သားထားသည်။
အဆိုပါအရာမှာသင်္ဘောပျက်ဖြစ်နိုင်သကဲ့သို့ထိုနေရာတွင် ရေ၀ဲရှိခြင်းကြောင့်ဂမူလုံးဖြစ်နိုင်ကြောင်း၊ ဂမူလုံးကိုလွန်သွားနှင့်ထိုးဖောက်ပြီး
လွန်သွားတွင် ကြေးပါလျှင်ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်း အစိုး ရအဖွဲ့
ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က မှတ်ချက်ပေး သည်။
‘‘နှစ်ပေါင်းလေးရာကျော်ပြီ လေ။ နှစ် ၁၀၀ဆိုရင်ပဲ ရေ အောက်မှာက သဲနုန်းတွေ
ဖုံးသွား မှာလေ။ ခုအချိန်မှာ အတပ်ပြော လို့မရသေးဘူး။ တစ်ခုခုဖြစ်နိုင် တယ်။
ဂမူလုံးကို လွန်သွား နဲ့ ဖောက်ကြည့်တာ အသေချာဆုံး ပဲ’’ဟု ၎င်းကဆိုသည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေသူ ပုဂ္ဂလိကသင်္ဘောကပ္ပတိန် ဟောင်းဦးကျော်ဝင်း အား
ရေ လမ်း ကြောင်းမထိခိုက်စေရန်နှင့် အများပြည်သူဆီမှ အလှူငွေ
ကောက်ခံခြင်းမပြုလုပ်ရန် စည်း ကမ်း သတ်မှတ်ပေးထားကြောင်း သတင်းရရှိသည်။
ယခုရှာဖွေသူကပ္ပတိန် ဟောင်းဦးကျော်ဝင်းက ခေါင်း လောင်းကြီးကို၎င်းပိုင်ဆိုင်သည့် ငွေကြေးဖြင့် သာရှာဖွေမည်ဖြစ်ပြီး အလှူခံမည်မဟုတ်ဟု ကတိပြု
ထားသည်။
‘‘မရှာခင် သမိုင်းဆရာတွေ နဲ့ အရင်ဆွေးနွေးသင့်တယ်။ ခေါင်းလောင်းကြီးရဲ့
အရွယ်အ စား၊ အတိုင်းအစကအစ အငြင်း ပွားနေတာ။ ပင်လယ်အောက်မှာ မြုပ်နေခဲ့တဲ့
တိုက်တန်းနစ် သင်္ဘော ကို ဘယ်လိုရှာကြလဲလေ့ လာပေါ့။ အဲဒီလို စနစ်တွေနဲ့ရှာ
မှာလား’’ဟု ဆည်မြောင်းအရာရှိ တစ်ဦးကမှတ်ချက်ပေးသည်။
၂၀၁၄တွင် ဦးစံလင်းက ဓမ္မ စေတီခေါင်းလောင်းကို နဂါးအကူ အညီဖြင့်
ဆယ်ယူမည်ဆိုကာ ရန် ကုန်မြစ်ဝ၌ ၄၄ရက်ကြာရှာဖွေခဲ့ သော်လည်း
မအောင်မြင်ခဲ့ပေ။
‘‘ဂူးလ်ဂဲက မျက်နှာပြင်တစ် ပေထပ်ကြီး ရိုက်ပေးနိုင်တယ်။ ရေအောက်က
ပုံရိပ်ကို ရိုက်ဖို့မ လွယ် ဘူး။ အဲဒီလောက်နဲ့ အတည် မဖြစ်နိုင်ဘူး။
သူရှာတဲ့ရေအောက် ရှာတဲ့စက်ကလည်းအဆင့်တစ် ဆင့်ပဲဖြစ်နိုင်တယ်။ ခေါင်း
လောင်းနဲ့ ပုံသဏ္ဍာန်တူတာတွေ အများကြီးရှိနိုင်တယ်။ ဦးစံလင်း
လည်း အဲဒါကြောင့်ထိတာ။ အ တည်ပြုဖို့ လိုတယ်။ အတည်မပြု
နိုင်ခင်တွေ့ပြီလို့မပြောသင့်ဘူး’’ ဟု မွန်သမိုင်းသုတေသနအသင်း
တွဲဖက်အတွင်းရေးမှူးဦးနိုင်ရဲ ဇော်ကမှတ်ချက်ပြုသည်။
ဓမ္မစေတီခေါင်းလောင်းရှာဖွေနေရာ ခေါင်းလောင်းဟုယူဆရသော
ပုံရိပ်ကိုတွေ့ရှိသည်ဟုဆိုကာ ဦးကျော်ဝင်း၏ ဖေ့စ်ဘွတ်ခ်တွင်
ထုတ်ပြန်ခဲ့သောပုံ (ဓာတ်ပုံ - UKyaw Win Facebook)
ဓမ္မစေတီခေါင်းလောင်းရှာဖွေနေသော နေရာတစ်နေရာ
No comments:
Post a Comment