From : .. MDY EXPS
လမ်းကွေ့
တွင်စလစ်ဖြစ်ပြီး အသွားလမ်းမှ လမ်းလယ်ကျွန်းကို ကျော်ကာ အပြန်လမ်းဘက်သို့ရောက်ရှိပြီး
ဘေးတစ်စောင်းတိမ်းမှောက်
သွားသော ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ပါသည်။
အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်း
အပါအ၀င် အမျိုးသား(၁၈)ဦး၊ အမျိုးသမီး (၁၁)ဦး၊ ပေါင်း (၂၉)ဦးပါရှိခဲ့ပြီး ယာဉ်မောင်းအပါအ၀င် အမျိုးသား (၁၂)ဦး၊ အမျိုးသမီး(၂)ဦးတို့မှာ ဒဏ်ရာအသီးသီး (အားလုံးမစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်
ထိန်းသိမ်းရေးအဖွဲ့နှင့် အမြန်လမ်းရဲတပ်ဖွဲ့
တို့မှ ပူးပေါင်းပြီး နေပြည်တော်ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ဒဏ်ရာ ရရှိသူ များ တွင် တယ်လီကွန်းကုမ္ပဏီမှ တရုတ်နိုင်ငံသား အင်ဂျင်နီယာအမျိုးသား(၂)ဦးနှင့် သြစတေး လျနိုင်ငံသူ မြန်မာစာ (Ph.D)စာတမ်းပြုစုရန်
လေ့လာနေသူတစ်ဦးတို့ ပါရှိခဲ့ပါသည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သောယာဉ်၏
နောက်ဘီး(၄)ဘီးလုံးမှ တာယာများမှာ တာယာသားပန်းများ
လုံးဝမရှိဘဲပြောင်ချောနေပြီး
စတီးကြိုးများပေါ်သည့်တိုင်အောင် ပါးနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ၄င်းယာဉ်မောင်းသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုဖြစ်စဉ်များ
ဖြစ်ပွားခြင်း မရှိစေရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့နှင့် ရန်ကုန်-မန္တလေးအမြန်လမ်း ပြုပြင်
ထိန်းသိမ်းရေးအဖွဲ့မှပူးပေါင်းပြီး ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ သတ်မှတ်အမြန်နှုန်းဖြင့်
သာမောင်းနှင်စေရေး အချိန်ထိန်းကြီးကြပ်စစ်ဆေးခြင်း
များဆောင်ရွက် လျက်ရှိနေသော နေပြည်တော် (စီ)လမ်းဆုံ တိုးလ်ဂိတ်အားဖြတ်
သန်းမောင်းနှင်ခြင်းမရှိဘဲ အမြန်လမ်းပေါ်တက်ရောက်ရန် ခွင့်ပြုထားခြင်းမရှိသောနေရာမှ
မောင်းနှင်တက်ရောက်ခဲ့ပြီး ရာသီဥတုပုံမှန်မဟုတ်ဘဲမိုးသည်း
ထန်စွာရွာသွန်းနေစဉ်တွင်အရှိန်ပြင်း
စွာမောင်းနှင်ခဲ့မှုကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အဖွဲ့အစည်း များမှ ယာဉ်မတော် တဆမှုများ ဖြစ်ပွားခြင်းမရှိစေရေး
အတွက် အမြန်လမ်းအသုံးပြုသည့် မော်တော်
ယာဉ်များအား ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှု မရှိစေရေး အချိန်ထိန်း
စနစ်ဖြင့်စစ်ဆေးခြင်း၊ ခရီးသည်
တင်ယာဉ်များပေါ်တွင် ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေး စစ်ဆေးကြပ်မတ်ခြင်းများကို
ဆောင်ရွက်လျက်ရှိသော်လည်း ယခုကဲ့သို့ ခရီးသွားပြည်သူများအပေါ် စာနာငဲ့ညှာခြင်းမရှိဘဲ သက်တမ်းကုန်ဆုံးပြီး အရည်အသွေးလုံးဝမရှိသော တာယာဘီးများအသုံးပြုခဲ့သည့်
မော်တော်ယာဉ်ပိုင်ရှင်/
မော်တော်
ယာဉ်လိုင်းနှင့် မိမိယာဉ်၏ကြံ့ခိုင်မှုကို စစ်ဆေးခြင်းမရှိဘဲ မိုးသည်းထန်စွာ ရွာသွန်းနေသည့် ရာသီဥတုအခြေအနေတွင် အရှိန်ပြင်းစွာမောင်းနှင်ခဲ့သူ
မော်တော်
ယာဉ်မောင်းအား ပညာပေးကာလကုန်ဆုံးခဲ့ပြီးဖြစ်
သဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
.. www.MyanmarExpress.net
No comments:
Post a Comment