မန္တလေး၊ မဇ္ဈိမ။ ။ "လူသားအချင်းချင်း အမုန်းမပွားစေဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ "ဆောင်ပုဒ်ြ ဖင့် ပန်း စကား လှုပ်ရှားမှုကို ကချင်ပြည်နယ် ကေအိုင်အေ အုပ်ချုပ်ရာနေရာများတွင် မေလ ၁၅ ရက်၌ လုပ်ဆောင်သွားမည်ဟု ဦးဆောင်လှုပ်ရှားမည့်သူ ၈၈ မျိုးဆက်ကျောင်းသားဟောင်း OK အုန်းကြည် က မဇ္ဈိမ ကိုပြောသည်။
ကချင်ပြည်နယ်အတွင်းရှိ ဗန်မော်၊ မိုးမောက်၊ မန်စီနှင့် စစ်ပွဲများဖြစ်နေသော နေရာများတွင်ပါ လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်းသိရသည်။
"ကျွန်တော်တို့ အဓိက ကတော့ လူသားအချင်းချင်း အမုန်းမပွားဘဲ စစ်ပွဲတွေရပ်တန့်ပြီး ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေထိုင်ရေးကို ရည်ရွယ်ပြီး လုပ်တာပါ။ ဗန်းမော်တို့ မန်စီတို့ကို လူစည်ကား ရာ ဈေးတွေ ကား ဂိတ်တွေ၊ သင်္ဘောဆိပ်တွေမှာ လက်ကမ်းစာစောင်တွေ ဝေမယ်။ စတေ ကာတွေ ဝေမယ်။ အင်္ကျီတွေ ဝေမယ်။ ဟောပြောပွဲလုပ်ဖို့ကတော့ မသေချာဘူး။ တစ်ချို့နေ ရာတွေ က တားဆီးမှုတွေ ရှိတယ်။ ပြီးတော့ စစ်ပွဲဖြစ်နေတဲ့နေရာတွေ၊ ကျေးရွာတွေ လည်း သွားပြီး ကျွန်တော်တို့လှုပ်ရှားမှာပါ"ဟု OK အုန်းကြည်က ပြောသည်။ထိုဒေသတွင် သွားရောက် လုပ်ကိုင်ရခြင်းမှာ ရင်ထဲ၌ အမုန်းတရားများ ကိန်းအောင်းနေခြင်းများ ပြေပျောက်သွားစေရန်နှင့် တိုင်းရင်းသားအချင်းချင်း အတူလက်တွဲပြီး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ကြောင်း သိရသည်။
ပါးစပ်တွင် ပန်းများကိုက်၍ အမုန်းမပွားစေရေး လှုပ်ရှားမှုများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် အခြားမြို့နယ်အချို့တွင် ဧပြီလအတွင်းက ပြုလုပ်ခဲ့သည်။
No comments:
Post a Comment