လားရှိုးမြို့ တွင် မေ ၁၆ ရက် နံနက်
၃ နာရီ ၃၀ မိနစ် အချိန်ခန့်က
မိနစ်
အနည်ငယ် ကွာခြားလျက် ပေါက်
ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိ
ရသည်။
ဖြစ်စဉ်မှာ ရပ်ကွက်(၃) ဗိုလ်ချုပ်လမ်းနှင့် သဇင်လမ်းထောင့်ရှိ ကမ္ဘောဇ
ဘဏ်(၁) အောက်ဘက် ဝင်ပေါက် အနီးတွင် ပေါက်ကွဲမှုကြောင့် ပြူတင်းပေါက်မှ
မှန်များအားလုံး ကွဲကြေခဲ့ပြီး ရပ်ကွက်(၂) စံကောင်းလမ်းနှင့် သိန်းနီ
လမ်းထောင့်ရှိ သမဝါယမဘဏ် အဆောက်အဦး ဘေးကပ်လျက်ရှိသည့် (၁၁/၀.၄)ကေဗွီ
(၁၆၀)ကေဗွီအေ ထရန်စဖော်မာ (၂) တိုင်စင်အောက် အနီးတွင် ပေါက်ကွဲမှု
ဖြစ်ပွားခဲ့ပြီး ၄င်း ထရန်စဖော်မာတွင် တပ်ဆင်ထားသည့် 400 V Panel, Cap
actior Bank နှင့် မီတာအမှတ် (XS -050483) (200/5) Aစီတီမီတာများ
ကွဲကြေပျက်စီးသွားခဲ့ပြီး ဘဏ်နှင့်ကပ်လျှက် ဝင်းကားပစ္စည်းဆိုင်
အလှကပ်မှန်များ ကွဲကြေခဲ့ကာ လူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိကြောင်း
သိရှိရသည်။
MOI Webportal Myanmar
No comments:
Post a Comment