Friday, May 9, 2014

မော်တော်ယာဉ်၌ ရဲတပ်ဖွဲ့စာတမ်းနှင့် စတေကာတံဆိပ်များအား အယောင်ဆောင်တပ်ဆင်အသုံးပြုသူကို စစ်ဆေးအရေးယူ

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်း မြို့နယ်၊ ရွှေဘုံသာလမ်း၌ POLICE 
စာတမ်းနှင့် ရဲတပ်ဖွဲ့တံဆိပ် ကပ်ထား
သည့် YGN 9D 3595 နံပါတ်တပ် ဆင် ထားသော မော်တော်ယာဉ်တစ်စီး အား မသင်္ကာဖွယ်တွေ့ရှိကြောင်းသတင်း 
အရ အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက် ခဲ့ပါသည်ထိုသို့စုံစမ်းဆောင်ရွက်နေစဉ် ၈.၅.၂၀၁၄ ရက်နေ့ ၁၆၅၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေး အနောက် ရပ်ကွက်၊ဒေါ်သိန်းတင်လမ်းနှင့်(၈၇)လမ်းထောင့်တွင် အဆိုပါYGN 9D-3595 နံပါတ်တပ်ဆင်ပြီး POLICE စာတမ်းနှင့် ရဲတပ်ဖွဲ့တံဆိပ်တပ်ဆင်ကာ အဖြူရောင်ပေါ်တွင် အနက်ရောင် စတေကာ များ ကပ်ထားသော TOYOTA Probox အမျိုးအစားယာဉ်အား ရပ်ထားသည်ကိုတွေ့ရှိရပြီး ယာဉ်၏ဘေးတွင် ပိုင်ရှင်ဖြစ်သူ ယာဉ်မောင်း ဇေယျာနောင်(ခ)ဇေ ယျာမင်း(ခ)အဒွတ်၊ (၁၉)နှစ်၊ (ဘ)ဦးလှချို၊ ကန်တော်လေး အနောက်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်နေသူကို တွေ့ရှိရပါ သည်။အဆိုပါယာဉ်အားစစ်ဆေးရှာဖွေရာ ယာဉ်အတွင်းမှ ရဲတပ်ဖွဲ့၏အသုံး အဆောင်ပစ္စည်းများ၊ စတေကာတံဆိပ်များ၊ ကတ်ပြားများအားလည်းကောင်း၊ လေးဆစ်ချိုးသံတုတ် အနက်ရောင် (၁)ချောင်း၊ Pietro စာတမ်းပါ ကော်သေနတ်(၁)လက်၊ ယာဉ်နှင့်ပတ်သက်သည့်စာရွက်စာ တမ်း များ၊  YGN 9D-3595 နံပါတ်ပါ အနီရောင်ယာဉ်နံပါတ်ပြား(၂)ခုနှင့်အနက်ရောင်ယာဉ်နံပါတ်ပြား(၁) ခုတို့ကို လည်းကောင်း တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။ယင်းကဲ့သို့ ရဲတပ်ဖွဲ့၏အသုံးအဆောင် ပစ္စည်းများ ကို အယောင်ဆောင်အသုံးပြုသူ ဇေယျာနောင်(ခ) ဇေယျာမင်း(ခ)အဒွတ်ကို မင်္ဂလာတောင်ညွန့် မြို့မ ရဲစခန်း (ပ)၃၁၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၁၇၀/ ၁၇၁ ဖြင့် အမှုဖွင့်အရေးယူကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 

No comments:

Post a Comment