တင်ဒါခေါ်ထားခဲ့တာပါ။
ထိုကဲ့သို့ အပျိုစင်ဘဝကို ဈေးပြိုင်တင်ဒါခေါ်ဖို့ တစ်နှစ်ခန့် သူမက အချိန်ယူခဲ့ရသည်ဟု သိရပြီး အစပထမတွင် သူမဘယ်သူလဲဆိုတာ ရုပ်ဖော်ပြခြင်း မပြုခဲ့ပေမယ့် တင်ဒါပြိုင် ဈေးပေးသူတွေကို ပိုစိတ်ဝင်စားလာအောင် တင်ဒါပိတ်ဖို့ ရက်သတ္တပတ်အလိုတွင် သူမ၏ရုပ်သွင်အား တင်ဒါခေါ်ရင်း ဖော်ပြဖြစ်ခဲ့ကြောင်း သိရသည်။
ယခုလက်ရှိတွင် အမြင့်ဆုံး ဈေးပေးငွေဟာ အမေရိကန်ဒေါ်လာ ငါးသိန်းငါးသောင်း ဖြစ်နေပြီး တင်ဒါပိတ်ရက်မှာ မေလ(၇)ရက်နေ့ ဖြစ်ကြောင်းလည်း သိရသည်။
အင်တာနက်စာမျက်နှာပေါ် သူမရေးသား ဖော်ပြထားချက်အရ သူမဟာ အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်း၌ မွေးဖွားလာခဲ့သူဖြစ်ပြီး သူမ၏မိခင်ဟာ သူမ(၁၀)နှစ်သမီးအရွယ်တွင် ဆုံး ပါး သွားခဲ့ကြောင်း သိရသည်။
သူမဟာ သူမ၏ဖခင်၏ အလုပ်ကြောင့် ဖခင်နှင့် ဆော်ဒီအာရေးဗျ နိုင်ငံတွင် အနေများခဲ့ကြောင်း ၊ စာသင်ကျောင်း နှင့် သူမဟာ နေ့စဉ်အလုပ်ရှုပ်နေခဲ့သည့်အတွက် အမျိုးသားတွေကို သူမအချိန် မပေးနိုင်ခဲ့ကြောင်း သူမက ဆိုထားသည်။
ပိုက်ဆံကို အသားပေးပြီး ယခုလို အပျိုစင်ဘဝကို ဈေးပြိုင်ရောင်းခဲ့တဲ့ သူမဟာ ဇီဝဗေဒနဲ့အင်ဂျင်နီ ယာဘွဲ့များအားပိုင်ဆိုင်ထားပြီးသူဖြစ်ကာMD/PhDအတွက်ကြိုးစားနေသူတစ်ယောက် ဖြစ်သည်ဟု

လည်း သိရသည်။
သူမကိုယ်သူမ လက်ရှိအချိန်အထိ အပျိုစင်လေးပါဟု ဆိုထားသည့် Elizabeth Raine ဟာသူမ၏ အပျိုစင်ဘဝကို ဈေးအများဆုံးပေးပြီး ဝယ်သည့်သူအား သူမက အနမ်းပေးကာ ၎င်းဆန္ဒရှိလျှင် ချစ်သူအဖြစ် လက်တွဲသွားဖို့လည်း အဆင်သင့်ပါပဲလို့ သူမက ဆိုထားသည်။တင်ဒါခေါ်ရာတွင် ဘယ်လောက် ဈေးပြိုင်ပေးပေမယ့် သူမဟာ သူမ၏ အပျိုစင်ဘဝကို အခြားအမျိုးသမီးတစ်ဦး အတွက် ဆုံးရှုံးမှာတော့ စိတ်မဝင်စားဘူးလို့ ဆိုထားတဲ့အတွက် လိင်တူဆက်ဆံဖို့ စိတ်မဝင် စားကြောင်း ဖော်ပြလိုက်တာပါ။
သူမ၏ အပျိုစင်ဘဝကို တင်ဒါအောင်သူသို့ ပေးအပ်သည့်အချိန်တွင် ထိုသူဟာ အရက် ၊ မူးယစ်ဆေး သောက်စားထားခြင်းမျိုး ၊ စအိုလိင်ဆက်ဆံခြင်းမျိုး ၊ သူမအား အကြမ်းဖက်ခြင်း မျိုးတွေ မပြုလုပ်ရဟု ကန့်သတ်ထားပြီး ထိုသူဟာ condom သုံးဖို့ သဘောတူသည့် လိင်ပိုင်းဆိုင်ရာ ကူးစက်မည့် ရောဂါပိုးမရှိသူလည်း ဖြစ်ရမည်ဟု ကန့်သတ်ထားကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် တရားဝင် ပြည့်တန်ဆာပြုခြင်းဟာ ဥပဒေနဲ့ ငြိစွန်းသည့်အတွက် တင်ဒါအောင်သူနဲ့ သူမဟာ တရားဝင်ပြည့်
တန်ဆာပြုနိုင်သည့် ဥပဒေရှိသော သြစတြေးလျနိုင်ငံတွင် တရားဝင်စွာ လိင်မှုပြုမည်ဖြစ်ကြောင်း ၊သူမ နှင့် တင်ဒါအောင်သူအကြားတွင် တရားဝင်စာချုပ် ထားရှိသွားမှာ ဖြစ်ကြောင်းလည်း သိရသည်။
Myawady News

No comments:
Post a Comment