ကချင်အိမ်တော်ကြီးတွင်
တည်းခိုလျက်ရှိ
သည့် မြစ်ဆုံစီမံကိန်း အပြီးအပိုင် ဖျက်
သိမ်းရေးအတွက်
လမ်းလျှောက်ဆန္ဒဖော်
ထုတ်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ
နိုင်ငံရေး
အကျဉ်းသားဟောင်း အဖွဲ့ချုပ်
မှ ဦးမျိုးသီဟထွန်း ဦးစီးအဖွဲ့သည်
ဒေသ
“ အစတုန်းက မြစ်ဆုံမှာ သပိတ်စခန်းဖွင့်မယ်လို့ ကြားတာပဲ၊ မနေ့ကတော့
ပြန်သွားကြတာတွေ့ တယ်၊ ငွေကြေးရော အစားအသောက်ပါ၊ ထောက်ပံ့မယ့်သူ
မရှိတော့လို့ ပြန်တာလို့လည်း ပြော သံကြား တယ် ” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက
ပြောသည်။
အဆိုပါ အဖွဲ့သည် ငွေကြေးပြတ်တောက်ခြင်း၊ ထောက်ပံ့ပေးမည့်သူ
မရှိခြင်းတို့ကြောင့် မြစ်ဆုံမှ နံနက် ၈ နာရီခွဲခန့်တွင်
ဒိုင်နာအဖြူရောင်ဖြင့် မြစ်ကြီးနားသို့ ပြန်သွားကြကြောင်း၊ နံနက် ၁၁
နာရီ ခန့်တွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင် ရပ်ကွက်ရှိ အိမ်အမှတ်(၆)နေ
သွေးချင်းဧရာဝတီ ကွန်ယက် အ ဖွဲ့ဝင် ဦးချစ်အေး၏ နေအိမ်ရောက်မှ နေ့လယ်စာ
စားခဲ့ရကြောင်းနှင့် အစားအစာပြတ်လပ် မှုဒဏ် ကို မခံနိုင်၍ ပြန်လာသည်ဟု
အဖွဲ့ဝင်တစ်ဦးက ပြောကြားသွားကြောင်း သိရသည်။
မြစ်ကြီးနားမြို့ မန္တလေးကျောင်းတိုက်၌ တည်းခိုစဉ် အရက်သေစာသောက်စားပြီး
အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ကြောင့်
ကျောင်းထိုင်ဆရာတော်ကိုယ်တိုင်မောင်းထုတ်ခံရသော အဖွဲ့ဖြစ် ၍ ဒေသခံများ၏
ယုံကြည်မှုမရှိတော့ ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ ဘုန်းကြီးကျောင်းမှာ တည်းပြီး အရက်သောက်တယ်၊ ပြီးတော့ အော်ကြီးဟစ်ကျယ်နဲ့
ရန်ဖြစ်ကြ လို့ ကျောင်းထိုင် ဆရာတော်က မောင်းထုတ်ရတဲ့အခြေအနေ ဖြစ်ခဲ့တာဗျ၊
ရပ်ကွက် ထဲက လူတွေ က အဲ့ဒီအဖွဲ့ကို ၀ိုင်းရိုက်မယ် လုပ်ကြသေးတယ်၊
အုပ်ချုပ်ရေးမှူးက တားလို့ မလုပ်ဖြစ်ခဲ့တာ၊ အဲဒီ လို အဖွဲ့ကို ထောက်ခံဖို့
မပြောနဲ့ မြင်ကို မမြင်ချင်တာ၊ ပြန်သွားတာပဲ ကောင်းပါတယ် ” ဟု
ကိုလွန်းခေါန်က ပြောသည်။
ငွေကြေးအရှုပ်အရှင်းများကြောင့် အဆိုပါအဖွဲ့အတွင်း ခေါင်းဆောင်အချင်းချင်း
စကားများ ရန်ဖြစ်ခြင်း၊ အဖွဲ့ဝင် အချင်းချင်း အဖွဲ့ရန်ပုံငွေ
အလွဲသုံးစားလုပ်မှုကိစ္စနှင့်ပတ်သက်၍ အမြင်မ ကြည် လင်မှုများရှိခြင်း၊
ခေါင်းဆောင်အချို့၏ ရန်ပုံငွေ အလွဲသုံးစား လုပ်မှုကို အဖွဲ့ဝင်များက
မကျေနပ်ခြင်းတို့ကြောင့် ပြိုကွဲကာ နေရပ်ပြန်သွားရခြင်း ဖြစ်ကြောင်း
သိရသည်။
“ ညနေ ၃ နာရီလောက်မှာ တစ်ဖွဲ့၊ ၄ နာရီမှာ တစ်ဖွဲ့၊ ည ၇ နာရီကျော်လောက်မှာ
တစ်ဖွဲ့ မြစ်ကြီး နားဘူတာ ကနေ ပြန်သွားကြပါပြီ၊
စုစုပေါင်း(၄၀)ကျော်လောက်တော့ ရှိတယ်၊ မြစ်ဆုံအပြီးတိုင် ရပ်စဲရေးကိစ္စလည်း
ဘယ်လိုပြီးသွား လဲတော့မသိဘူး၊ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြန်နေကြတာပဲ တွေ့ တယ်၊
ရန်ကုန်ကနေ မြစ်ကြီးနားအထိ အလှူခံလာတဲ့ ငွေတွေ ကုန်လို့ ပြန်တာပဲဖြစ်မှာပါ၊
အစောကတည်းက အဆင့်အတန်းမရှိတဲ့ သူတွေ ဦးဆောင် တဲ့ အဖွဲ့လို့ တော့ သိသားပဲ၊
ဒါပေမယ့် အခုလောက် ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ပြန်သွားကြမယ်လို့ မထင်ထားဘူး
” ဟု မြို့ခံစီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသွားသည်။
ဇော်ဆိုင်း
No comments:
Post a Comment