နံနက် ၁၀နာရီ ၃၅ မိနစ် အချိန်တွင်
မောင်ချီဟော့၊ မမီးကျူ၊ မောင်လင်ချွင်ဖ၊
မောင်ခွာကြာထွန်း၊ မောင်ရီဟော့
တို့ ၅ ဦး
သည်နမ့်ခမ်းမြို့မှ မံစီမြို့ရှိ ၄င်းတို့၏ ဆွေမျိုးများထံသို့
အလည်သွားရန်အတွက် ဆိုင်ကယ် ၃ စီးဖြင့် ထွက်ခွာလာရာ လဂတ်တော့ရွာအထွက်
ကားလမ်းဘယ်ဘက်ခြမ်းမှရီမုမိုင်း ၁ လုံး ဖောက်ခွဲခဲ့သဖြင့် မောင်ချီဟော့ (ဘ
ဦးလင်းစနေ၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည် မိုင်းစထိမှန်၍ နေရာ၌ပင်နောက်ကြော ပွင့် ထွက်ပြီးသေဆုံးသွားပါသည်။
မမီးကျူ (ဘ ဦးရင်တေ့၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည်
ဘယ်ပေါင်ရင်းနှင့် ဘယ်ဒူးအောက်တို့တွင် မိုင်းစထိမှန်၍ စိုးရိမ်ရ၊
မောင်လင်ချွင်ဖ (ဘ ဦးလင်ကျီရင်း၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည်
လည်ပင်း၊ ညာညှပ်ရိုး၊ ၀မ်းဗိုက်၊ ညာပေါင်၊ ဘယ်ရင်ဘတ် တို့တွင်
မိုင်းစထိမှန်၍ မစိုးရိမ်ရ၊ မောင်ခွာကြာထွန်း(ဘ ဦးခွာဆန်၊ လီဆူ/ခရစ်ယာန်၊
နမ့်ခမ်းမြို့နေ) သည် ညာပေါင်ရင်း၊ ညာရင်ဘတ်တွင် မိုင်းစထိမှန်၍
မစိုးရိမ်ရ၊ မောင်ရီဟော့ (ဘ ဦးရင်တေ၊ လီဆူ/ခရစ်ယာန်၊ နမ့်ခမ်းမြို့နေ) သည်
ထိခိုက်မှု မရှိကြောင်း နှင့် ထိခိုက်ဒဏ်ရာရရှိသူများကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင် ရွက်ပေးပြီး နမ့်ခမ်းဆေးရုံသို့ ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment