From : .Trend Myanmar
မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် အာဏာရှင် ကင်ဂျုံအန် က One Direction အဖွဲ့ သားတွေသာ ဆံပင် မညှပ်ဘူးဆိုရင် သူ့ နိုင်ငံထဲကို ၀င်ခွင့် ပိတ်ပင် မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားမှာ One Direction အဖွဲ့ လာရောက်ဖျော်ဖြေချင်တယ်ဆိုရင်
အဖွဲ့ သားငါးယောက်လုံးဟာ သူ့ ရဲ့ ဆံပင်တိုတိုပုံစံကို ညှပ်ဖို့ လိုကြောင်း ကင်ဂျုံအန်က အမိန့် ထုတ် ထား တာပါ။
ခေါင်းဆောင်ကြီးကင်ဂျုံအန်ဟာ ကမ္ဘာ့နံပါတ်တစ် အမျိုးသားအဆိုတော်အဖွဲ့ One Direction ရဲ့ ရပ်တည်မှုကို ယှဉ်ပြိုင်စိန်ခေါ်ဖို့ အတွက် အမေရိကန်အဆိုပြိုင်ပွဲ X Factor ပုံစံ ပြိုင်ပွဲတစ်ခု ကို နိုင်ငံ တွင်းပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကင်ဂျုံအန်ဟာ သူ့ ကိုယ်ပိုင် Un Direction လို့ နာမည်ပြောင်ပေးထားတဲ့ အဆိုတော်အဖွဲ့  အတွက် အဖွဲ့ ဝင်တွေကို ဒီအဆိုပြိုင်ပွဲက တဆင့် ရွေးချယ် သွားမှာလို့ သိရပါတယ်။
ဒီဆံပင်ကေဥပဒေဟာ လွန်ခဲ့တဲ့အပတ်က မြောက်ကိုရီးယားကျောင်းသားအချို့ ကို အသက် ၃၁ နှစ်အရွယ် ခေါင်းဆောင်ကြီး ကင်ဂျုံအန်ရဲ့ ဆံပင်ပုံစံအတိုင်း လိုက်ညှပ်စေဖို့ အမိန့် ပေြး ပီးနောက် မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားမြို့ တော် ပြုံယမ်းရဲ့ အတွင်းသတင်းတစ်ချို့ က One Direction အဖွဲ့ သာ ဆံပင်မညှပ်ခဲ့ဘူး ဆိုရင် ဒီမှာလာဖျော်ဖြေခွင့်ရမှာမဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။
No comments:
Post a Comment