အဖေအမေသေတာတောင်
အဝေးရောက်နေလို့  မမြင်လိုက်ရတဲ့
သားတွေ ပေါ့ ။
အင်ဂျင်နီယာကြီးပါ။
အမေ့အိမ်ကြမ်းအပေါက်ကို
မဖာပေးနိုင်တဲ့ သားတွေပေါ့ ။
ဆရာဝန်ကြီးပါ။
အမေအဖေတွေ ခုတင်ပေါ်ဘုန်းဘုန်းလဲကျတာတောင်
နားကြပ်လေးထောက်လို့ 
ဂရုမစိုက်နိုင်တဲ့ သားတွေပေါ့ ။
ဒါပေမယ့် ..
တိုင်းပြည်အတွက်
သားတို့ ခြေလက်တွေစွန့် ခဲ့ရတယ်အမေ။
တိုင်းပြည်အတွက်
တံတားဆည်တွေ
လမ်းတွေမိုင်းတွေ
ရှင်းလင်းတည်ဆောက်ခဲ့တယ် အဖေ။
ပြည်သူ့ ကျန်းမာရေးတွက်ဆို
ပင်ပန်းဆင်းရဲခံပေးခဲ့တယ်အမေ။
သားတို့  သိပါတယ်။
ဖေဖေမေမေတို့ 
သားတို့ ကိုမျက်ရည်တွေကြားက ပြုံးပြ
နားလည်နေကြမယ်ဆိုတာ။
သားတို့ က
တိုင်းပြည်အတွက်သာ ပေးဆပ်သူ။
မိသားစုအတွက်တော့
တာဝန်ပျက်သူတွေလေ။
အများအတွက်သာ ရဲရင့်တာ။
မိဘတွေအတွက်ဆို သိမ်ငယ်နေသူတွေပါ။
မအိုပါနဲ့ဦးအမေရယ်..
သားတို့ တွေနားချိန်အထိ
အဖေအမေတို့  ကျေးဇူးပြုပြီး
ပျိုရွယ်ပေးပါဦး။ ။
အနီရောင်ကောင်းကင်
No comments:
Post a Comment