မြန်မာနိုင်ငံ တွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး နှင့်အတူ ပြည်တွင်း
စစ်လည်း ဖွားဖက်တော် အဖြစ် ပေါ်ပေါက် လာခဲ့သည် ဟု အဆို ရှိသည်။ အဆိုပါ
ပြည်တွင်းစစ် နှင့်အတူ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ သည်လည်း မွေးချင်း
သားချင်း အဖြစ် ပေါ်ပေါက်ခဲ့ သည်ဟု ဆိုလျှင် အကျိုး ရလဒ်ကို ကြည့်ပြီး
တော်တော် များများက ယုံကြည်မည် မထင်ပေ။ အမှန်စင်စစ် ငြိမ်းချမ်းရေး နှင့်
ပတ်သက်သော ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်မှုများသည်ငြိမ်းချမ်းရေးကိုစတင်စစ်ကြေညာ ခဲ့သည့် ၁၉၄၈ ခုနှစ် က ပင် ထပ်ကြပ်မကွာ ပေါ်ပေါက် လာခဲ့ကြောင်း
သမိုင်း မှတ်တမ်းများ က ပြဆိုလျှက် ရှိသည်။
ထိုစဉ်က တပ်မတော် အကြီးအကဲ ပါဝင်ခဲ့သည့် လက်ဝဲ ညီညွတ်ရေး ဆွေးနွေးပွဲ များသည် မြန်မာ ကွန်မြူနစ် တို့အား လက်နက်ကိုင် လမ်းစဉ်အား ပါလီမန် ဒီမိုကရေစီ စနစ်ကို ရွေးချယ်ရန် ဦးတည် ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အဆိုပါ လက်ဝဲ ညီညွတ်ရေး အဖွဲ့အတွင်း မှာပင် အာဏာ ခွဲဝေရေး နှင့် ပတ်သက်ပြီး ညီညွတ်သော သဘောထားများ မရရှိခဲ့ သဖြင့် ကွန်မြူနစ် တို့၏ လက်နက်ကိုင် တောခိုမှု တို့ အား ထိရောက်စွာ မဟန့်တား နိုင်ခဲ့ပေ။ ထိုမှ လက်နက်ကိုင် လမ်းစဉ် သဘောထားများ ပြန့်ပွား သွားပြီး ကရင် လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ၁၉၄၉ ခုနှစ် အင်းစိန် တိုက်ပွဲ ဖြစ်ပွားခဲ့စဉ် ၌ပင် အစိုးရ နှင့် ကေအင်န်ယူ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ သေးသည်။
ယင်းသို့ ငြိမ်းချမ်းရေး အတွက် နှစ်ဦးနှစ်ဖက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် ခဲ့သည့် နည်းတူ လွတ်ငြိမ်း ချမ်းသာခွင့်များ သင်ပုန်းချေ မှုများ ကိုလည်း လုပ်ခဲ့ကြ ကြောင်း တွေ့ရှိ ရသည်။ ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေး နိုင်ရန် အတွက် နှစ်ဦးနှစ်ဖက် ယုံကြည် စိတ်ချရသူ သောင်းကျန်းသူ ခေါင်းဆောင် အချို့ကို ထောင်မှ လွှတ်ပြီး တောတွင်းသို့ ငြိမ်းချမ်းရေး တမန်များ အဖြစ် စေလွှတ်ခဲ့သည် အထိ ကြိုးပမ်း ခဲ့သည်များလည်း ရှိသည်။
၁၉၅၈ ခုနှစ်တွင် ငြိမ်းချမ်းရေး ရောင်ခြည်များ သန်းလာခဲ့သည်။ တောတွင်း လက်နက်ကိုင် အများအပြား သည် လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်မည် ဟုဆိုကာ လက်နက်ချ လာကြသည်။ အဖွဲ့လိုက်ရော၊ တစ်ဦးချင်းပါ လက်နက် စွန့်ပြီး ဥပဒေဘောင် အတွင်း ဝင်ရောက် လာကြခြင်း ဖြစ်သည်။ ထိုစဉ်က တောတွင်း၌ အင်အား အကောင်းဆုံး ဖြစ်သည့် ဗမာပြည် ကွန်မြူနစ် ပါတီကလည်း ဥပဒေဘောင် အတွင်း ဝင်ရောက် နိုင်ရေး လူလွှတ်ပြီး တာဝန်ရှိသူ အကြီးအကဲ များနှင့် ဆွေးနွေး ညှိနှိုင်း လာသည်အထိ တိုင်းပြည် အတွက် အကောင်း ဘက်ကို လုံးလုံးလျားလျား ဦးတည် လာခဲ့သည်။
သို့ရာတွင် မြန်မာ့ နိုင်ငံရေး၌ စိန်ကောင်း ကျောက်ကောင်း ရောင်းဝယ် ရာတွင် ဆေးရိုးသည်က ကန့်လန့် ကန့်လန့် ဆိုသကဲ့သို့ ဖြစ်ရမည့်ကဲ ဇာတာများ ပါလာခဲ့ သလား ဆိုရမတတ် မလိုလား အပ်သော ပြဿနာများ ဘွားကနဲ ပေါ်ခဲ့သည်။ ထိုအချိန်က အစိုးရ အာဏာရရှိ ထားသော ဖဆပလ အဖွဲ့ချုပ် အတွင်း ညီညွတ်ရေး ပျက်ယွင်းကာ တည်မြဲနှင့် သန့်ရှင်း ဟူ၍ အတိအလင်း ကွဲခဲ့ကြ သည်။ ထို အကွဲဂယက် က နယ်ပယ် အသီးသီးသို့ ကူးစက် ဂယက်ထကာ အစိုးရ အဖွဲ့လည်း မရိုဖရဲ ဖြစ်ခဲ့သည်။ ခိုင်မာ အားကောင်းသော အစိုးရအဖွဲ့ နှင့် ညီညွတ် ကြံ့ခိုင်သော နိုင်ငံရေး ပါတီတို့ ထပ်တူညီမျှ စွမ်းအား မရှိသော အခါ ဆန့်ကျင်ဘက် အဖွဲ့က မည်ကဲ့သို့ လေးစား ခန့်ညား ပါတော့ မည်နည်း။
သောင်းကျန်းသူ တွေဟာ ဆယ်နှစ် ဆယ်မိုး ထြ<ွက သောင်းကျန်း လာခဲ့ကြရာမှာ ပြည်ထောင်စု အစိုးရရဲ့ နှိမ်နင်း တိုက်ခိုက်မှု ဒဏ်ကြောင့် နိုင်ငံရေး အရ လည်းကောင်း၊ စစ်ရေး အရ လည်းကောင်း၊ မရှုမလှ ကျဆုံး လာခဲ့သဖြင့် ၁၉၅၇ ခုနှစ် နောက်ပိုင်းနှင့် ၁၉၅၈ ခုနှစ် နှစ်ဦးပိုင်းမှာ အချို့ကလဲ မိမိတို့ ထြ<ွက သောင်းကျန်း မိတာ မှားကြောင်း သိလို့ တစ်ချို့ကလဲ အခြေအနေ မလှလို့ ပရိယာယ်နဲ့ အလင်းကို အစုလိုက် အပြုံလိုက် ဝင်ရောက် လာကြတာကို ပြည်သူများ အသိပဲ ဖြစ်ပါတယ်။ အဲဒီလို သောင်းကျန်းမှု အစိုင်အခဲကြီး ပြိုကွဲပြီး အလင်းကို အစုလိုက် အပြုံလိုက် ဝင်လာ နေခဲ့ကြတဲ့ အချိန်အတွင်း မှာပဲ အာဏာရ နိုင်ငံရေး လောကမှာ နိုင်ငံရေး လှုပ်ရှားမှုတွေ နိုင်ငံရေး ကစားမှုတွေ အပြင်းအထန် ဖြစ်ပေါ် လာခဲ့တယ်။
၁၉၅၈ ခု ဇွန်လအတွင်းမှာ အာဏာရ နိုင်ငံရေး အဖွဲ့အစည်းကြီး အတိအလင်း ကွဲသွားပြီ ဆိုတာ သိတာနဲ့ တပြိုင်တည်း အလင်းကို ဝင်တော့မယ့် ဆဲဆဲရှိ နေကြတဲ့ သူပုန်တွေရဲ့ ခြေလှမ်းဟာ သိသိသာသာကြီး ရပ်တန့်သွား ခဲ့ပါတယ်။ ဗမာပြည် ကွန်မြူနစ် ပါတီ ဆိုရင် သူတို့ဆီက ကိုယ်စားလှယ် တစ်ယောက်ကို စေလွှတ်ပြီး အလင်းဝင်ဖို့ စကား ကမ်းလှမ်း စေ့စပ်နေဆဲ အချိန်မှာ ပါတီ တစ်ရပ်လုံး အနေနဲ့ အလင်းဝင်ဖို့ အစစ အရာရာ သဘော တူညီမှု ရသလောက် ဖြစ်လာပြီးမှ အာဏာရ နိုင်ငံရေး အဖွဲ့အစည်း အတွင်းမှာ အကျဉ်းအကျပ် တွေ့ပြီ ဆိုတာနဲ့  တစ်ပြိုင်နက် လေသံပြောင်း သွားခဲ့တယ်။ ဥပဒေ အတွင်းကို ဝင်လာမယ့် ခြေလှမ်းဟာ ချက်ချင်း တန့်သွား ပြီးတော့ အစိုးရကို အကျပ်ကိုင်တဲ့ တောင်းဆိုချက် အသစ်တွေကို ထပ်ပြီး ဖော်ထုတ် လာကြ ပြန်တယ်။
ဖော်ပြပါ လွှတ်တော်၌ တင်ပြခဲ့သည့် ငြိမ်းချမ်းရေး ရပ်ဆိုင်းခဲ့ ရသည့် မှတ်တမ်းသည် ယနေ့ ငြိမ်းချမ်းရေး ဖော်ဆောင် နေသူများ အတွက် ကြီးမားသော သင်ခန်းစာ ယူစရာ ဖြစ်ကြောင်း ရှုမြင်မိသည်။ ငြိမ်းချမ်းရေး လိုလားသူများ ကိုယ်တိုင် ငြိမ်းချမ်း နေရပါမည်။ စည်းလုံး ညီညွတ်မှုကို တည်ဆောက်လို သူများ ကိုယ်တိုင် ငြိမ်းချမ်း နေရပါမည်။ ပြည်တွင်းစစ် နှင့် ငြိမ်းချမ်းရေး နိုင်ငံရေး၊ ပဋိပက္ခ နှင့် ငြိမ်းချမ်းရေး၊ အကွဲအပြဲ နှင့် ငြိမ်းချမ်းရေး မည်သည့်နည်း နှင့်မျှ ယှဉ်တွဲ၍ ရနိုင်မည် မဟုတ်ပေ။ တွေ့ ဆုံ ဆွေးနွေးခြင်းသည် ထာဝရ ငြိမ်းချမ်းရေး ရရှိရေး အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်သဖြင့် တိုင်းပြည် အတွင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းရေး မျော်လင့် ချက်ဖြည့်ဆည်း နိုင်မည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက် ရပါသည်။
ရန်နိုင်ဦး

No comments:
Post a Comment