ရဲကျော်သူရ
တော်ဝင်နှင်းဆီမှာ ဘာတေးလ်လစ်တနာ ပြောခဲ့တဲ့စကားကို The Voice Daily မှာ ကောက်နုတ်ဖေါ်ပြထားတာ ၁၈ ရက်နေ့ထုတ် သတင်းစာမှာ ဖတ်လိုက်ရပါတယ်။
"ဖက်ဒရယ်လား၊ တစ်ပြည်ထောင်လားဆိုတာ ဖြစ်နိုင်ခြေ
များစွာကို ကြည့်တဲံအခါ
အင်မတန်သတိထားရမယ်။ အမေရိကန်ပြည်ထောင်စုမှာဆို ဖက်ဒရယ်ကို လူမျိုးအပေါ်အခြေမခံဘဲ ပထဝီအနေအထားပေါ် အခြေခံတဲ့ ပြည်နယ်တွေ သတ်မှတ်ထားတယ်။ ကနေဒါမှာလည်း လူမျိုးစုအပေါ်
အခြေခံတဲ့ ပြည်နယ်သတ်မှတ်မှုမျိုး မရှိပါဘူး။ ဂျာမနီလည်း ထို့အတူပဲ လူမျိုးစုအပေါ်ကိုအခြေခံထားတဲ့ ဖက်ဒရယ်စနစ်တစ်ခု မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ဘယ် ဖက်ဒရယ်ပြည်ထောင်စုကများ လူမျိုးစုအပေါ်အခြေခံတည်ဆောက်လဲလို့ကြည့်တဲ့အခါ အန္တရာယ်များတဲ့ အနေ အထားတစ်ခု သွားတွေ့တယ်။ ယူဂိုဆလားဗီးယားပြည်ထောင်စုဆိုရင် လူမျိုးစုအပေါ်အခြေခံတဲ့ ပြည်ထောင်စု ဖြစ်ပြီး ၁၉၉၀ မှာ ပြိုကွဲသွားတယ်။ နောက်ဆိုဗီယက်ယူနီယံလည်း ဒီအတိုင်းပဲ မရှေးမနှောင်းမှာ ပြိုကျသွားတယ်။"ဒါ အစိုးရနဲ့ မကြာခဏ ငြိလေ့ရှိတဲ့ သတင်းထောက် ဘာတေးလ်လစ်တနာ
ပြောခဲ့တဲ့စကားပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ၁၉၉၃ ခုနှစ် ဇွန်လ ၇ ရက်က ကျင်းပတဲ့ အမျိုးသားညီလာခံမှာ အဲဒီအချိန်က ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမျိုးညွန့် ပြောခဲ့ဖူးပါတယ်။ ဥပမာ- မွန်ပြည်နယ်အစား ရာမညပြည်နယ်၊ ရှမ်းပြည်နယ်အစား ကမ္ဘောဇပြည်နယ်၊ ရခိုင်ပြည်နယ်အစား ဓညဝတီ ပြည်နယ်၊ ရန်ကုန်တိုင်းအစား ဒဂုံပြည်နယ်၊ ပဲခူးတိုင်းအစား ဥဿာ ပြည်နယ် စသဖြင့် လူမျိုးနာမည်တွေဖျောက်ပြီး သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြုမယ့်အမည်တစ်ခုခု မှည့်ခေါ် ကြရင် မကောင်းဘူးလားပေါ့။ ပြည်နယ်တွေမှာ လူမျိုးစုနာမည် လုံးဝမထည့်ဘဲ အားလုံးတပြေးညီ State ဆို State၊ Division ဆို Division၊ Province ဆို Province ပေါ့။
ဟုတ်ကဲ့ တိုင်းရင်းသားတွေက လုံးဝ သဘောမတူပါဘူး။ အကြောင်းပြချက်က သူတို့ရဲ့ အမျိုးသားရေးသွင်ပြင် လက္ခဏာ ပျောက်သွားမယ်ပေါ့လေ။ ဒါနဲ့ ကိုယ်မှည့်ချင်သလို မှည့်ကြတော့ ရန်ကုန်တိုင်းကနေ ရန်ကုန်တိုင်း ဒေသ ကြီး၊ ပဲခူးတိုင်းကနေ ပဲခူးတိုင်းဒေသကြီး စသဖြင့် ဖြစ်လာတော့တာပါပဲ။ ကြည့်ရတာ ညှိမရရင် မင်းတို့လည်း မှည့်ချင်ရာမှည့်၊ ငါတို့ဗမာတွေလည်း မှည့်ချင်သလိုမှည့်မယ်ဆိုပြီး ရွဲ့ထားပုံရပါတယ်။
"ဒါပေမဲ့ အိန္ဒိယမှာကျတော့ အခြေခံဥပဒေမှာ ဖက်ဒရယ်ပြည်ထောင်စုလို့ ရေးသားဖေါ်ပြထားခြင်းမရှိ
သော်လည်း လက်တွေ့ဖွဲ့စည်းတဲ့ပုံစံက ဖက်ဒရယ်ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာဆို ပြည်နယ်တွေကို လူမျိုးအခြေခံပြီး အမည် သတ်မှတ်ပေမဲ့ ပြည်နယ်တိုင်းမှာက အခြားလူမျိုးစုတွေလည်းရှိနေတယ်။ ဥပမာ- ကချင်မှာဆို ရှမ်းတွေလည်း ရှိနေတယ်။ ရှမ်းမှာဆို ဝ တို့ ပလောင်တို့ရှိနေတော့ တိုင်းပြည်အတွက် အဆင်ပြေနိုင်မယ့် စနစ်တစ်ခုကို ကြည့်မယ် ဆိုရင် အင်မတန်သတိထားဖို့ကောင်းတယ်။
ရွေးချယ်စရာတွေရှိသလို အခက်အခဲတွေလည်းရှိတယ်။ တိုင်းရင်းသား တွေဘက်ကလည်း ဖက်ဒရယ်ကိုပြောနေပေမဲ့ တိကျတဲ့ဖေါ်ပြမှုမတွေ့ရဘူး။ ရှမ်းပြည်နယ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပြီဆိုရင် ဝ တွေက ပျော်မယ်လို့ မထင်ဘူး။" လို့ ဘာတေးလ်လစ်တနာက ဆက်ပြောပါတယ်။
ဒါလည်း တပ်မတော်အစိုးရလက်ထက်ကတည်းက ခဏခဏပြောနေလို့ အပ်ကြောင်းထပ်နေပါပြီ။ ဓာတ်ပြားဟောင်း ကြီးပါ။ မရပါဘူး။ အင်မတန်လက်ပေါက်ကပ်ပါတယ်။ မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေဟာ သူတို့ဘာသာ တခြား နေရာမှာ အားနည်းချင်အားနည်းပေမဲ့ ဒီကိစ္စကိုတော့ အတော့်ကို စိတ်ရှည်လက်ရှည်ဆောင်ရွက်ခဲ့ကြတာပါ။
ဘာတေးလ်လစ်တနာက "ဖက်ဒရယ်တပ်မတော်ဆိုတဲ့ အယူအဆကလည်း သဘာဝမကျလှဘူး။ အရင်က ကချင် တို့၊ ချင်းတို့လို သေနတ် ကိုင်တပ်ရင်းတွေရှိခဲ့တာတောင် စစ်တပ်သဘာဝအရ ဗဟိုကအမိန့်နဲ့ပဲ
ဆောင်ရွက်ရ တာ ဖြစ်ပါတယ်။ သီးခြား ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရတဲ့ အဖွဲ့တွေမဟုတ်ပါဘူး။ ပြောမယ်ဆိုရင် ဖက်ဒရယ်တပ်မတော်ဆိုတဲ့ အယူအဆက လုံးဝလက်တွေ့မဆန်ဘူး။ အစိုးရ အခုလုပ်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့လည်း အတူတူပဲ။ လက်တွေ့ မကျဘူး။" ဆိုပြီး စစ်တပ်နဲ့ပတ်သက်တဲ့ သူ့အမြင်ကို ပြောပါတယ်။
၁၉၄၈-၄၉ ပြည်တွင်းစစ်မီးရဲ့အစဟာ အဲဒီလို တိုင်းရင်းသားနာမည်နဲ့ တပ်တွေဖွဲ့ထားရာက စခဲ့တာပါ။ တိုင်းရင်း သား နှစ်မျိုးလောက်ရောထားတဲ့ တပ်ဆိုရင် တပ်တစ်တပ်ထဲမှာတင် အုပ်စုနှစ်စုကွဲနေပါတယ်။ ဥပမာ- ကျော်ညွန့်နဲ့ စောနယ်လ်ဆင် မူးပြီးရန်ဖြစ်တာကို ဗမာနဲ့ ကရင်ချကုန်ကြပြီဟေ့ ဆိုပြီးသွေးထိုးတဲ့သူက ထိုးတော့တာပါပဲ။
"အိန္ဒိယမှာဆို ပြည်နယ်တွေမှာ ကိုယ်ပိုင်အင်စတီကျူးရှင်းတွေ အပြည့်အစုံရှိပေမဲ့ နယ်စပ်ကိစ္စလိုမျိုးကို ဗဟိုကပဲ တိုက်ရိုက်ကွပ်ကဲပါတယ်။ အစိုးရရဲ့ နယ်ခြားစောင့်တပ်ဆိုတဲ့ လမ်းစဉ်ကလည်း လက်နက်ကိုင်တွေကို သူ့ဆိုင်ရာ ဒေသမှာ လုပ်ချင်ရာလုပ်ကိုင်ခွင့်ပြုထားတဲ့ လူဆိုးအဖွဲ့တွေလို ဖြစ်နေတယ်။ အဖြေတစ်ခုလို့ မဆိုချင်ပေမဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေကို သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ရဲတပ်ဖွဲ့လိုမျိုးမှာ ပေါင်း စည်းပေးနိုင်ရင် ပိုကောင်းမယ်လို့ ယူဆတယ်။ နယ်ခြားစောင့်တပ်ရော ဖက်ဒရယ်တပ်မတော်ရော လက်တွေ့ကျတဲ့ အဖြေမဟုတ်ဘူးဆိုတာ သေချာပါတယ်။"
"……..ဝနဲ့ ပတ်သက်တယ်။ တင့်ကားအသေးစား…….၊ ရဟတ်ယာဉ် လေးစီးအထ လက်ခံရရှိထား တယ်လို့လည်း ကြားထားပါတယ်။ …………………တရုတ်စစ်တပ်ရဲ့ အစိတ်အပိုင်းတစ်ခု လိုဖြစ်နေ တဲ့ ဝ တပ်ဟာ မြန်မာပြည်ထဲမှာ ရှိနေတယ်ဆိုတာ သတိထား သင့်တယ်။"
ကိုယ့်ကိုယ်ကိုယ် ပီဘိနိုင်ငံရေးသမားကြီးတွေပါလို့ ကြွေးကြော်ထားတဲ့သူတွေ အထက်ပါကိစ္စ အားလုံးပြေလည် အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာ သိချင်စမ်းလှပါဘိ။
အော်…တော်တန်ရုံပါဝါနဲ့တော့ မရဘူးနော် လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကနိုဘယ်လ်ငြိမ်း ချမ်းရေးဆုရှင် ဒေါ် အောင်ဆန်းစုကြည်ကိုတောင်မှ ကချင်ပြည်နယ်က အဖွားကြီးတစ်ယောက်က "နင်လည်းနင့်အဖေလိုပဲ လာညာဦး မလို့လား။ နင့်အဖေလည်း ညာခဲ့ပြီးပြီ။ နင်ကရောအခု ဘာလာညာဦးမလို့လဲ…" တဲ့။
အဖြေမရှိဘူးလို့ပြောတာမဟုတ်ပါ။ မလွယ်ဘူးလို့ ပြောတာပါ။ ဖက်ဒရယ်၊ ဖက်ဒရယ်နဲ့ အော်နေ တယ်။ ဘာတွေကို ဖက်ဒရယ်မှာလဲ။ ဘာတွေခွဲမှာလဲ။ တလောက တိုင်းရင်းသား အဖွဲ့တစ်ဖွဲ့ က ပြောတယ်၊ လက်ရှိအစိုးရဟာ MPC (Myanmar Peace Center) မှာ နိုင်ငံခြားသားတွေအပါအဝင် ပညာရှင်ဆိုသူတွေခန့်ထားပြီး ဖက်ဒရယ်ဆိုတာ Power Separation နဲ့ Resource Separation လို့ ပြောပြီး သူတို့ကို ဖက်ဒရယ်လမ်းကြောင်းကနေ လမ်းလွဲသွား အောင်လုပ်နေတယ်တဲ့။
ဒါ့ဖြင့် သူတို့လိုချင်တဲ့ ဖက်ဒရယ်က ဘာကြီးတုန်း။ ကမ္ဘာမှာ တစ်ခါမှ မပေါ်ဘူးသေးတဲ့ ဘယ်နိုင် ငံမှာမှ မကျင့်သုံးဖူး သေးတဲ့ မိုးပေါ်ကကျလာမယ့် ဖက်ဒရယ်လား။ သူတို့ကိုယ်တိုင်လည်း လိပ်ပတ် မလည်ပါဘူး။ လုံးလည်ချာလည် လိုက်နေတယ်လို့ပဲ ပြောချင်ပါတယ်။ Power Separation နဲ့ Resource Separation ဆိုတာ အရေးမကြီးဘူးလား။
ဒါ့ကြောင့်ထင်တယ် ဟိုတလောက အမေရိကန်သမ္မတဟောင်းနဲ့ အင်္ဂလိပ်ဝန်ကြီးချုပ်ဟောင်းတို့ လာတော့ မြန်မာပြည်ရဲ့ အနာဂတ်ကို မြန်မာပြည်သူတွေကပဲ ဆုံးဖြတ်ကြပါလိမ့်မယ်တဲ့။ ဆရာကြီးတွေလေ…ဘယ်သူက တရားခံလုပ်ပြီး ခေါင်းခံလိမ့်မတုန်း။
ကျွန်တော်မြင်တာတော့ ဗမာမုန်းတီးမှုကလွဲလို့ ဘယ်လိုဖက်ဒရယ်မျိုးနဲ့ သွားချင်တယ်ဆိုတာ ဘာတစ်ခုမှ မယ်မယ် ရရ စီမံချက်ချပြီး ရေးဆွဲထားတာ မတွေ့ရဘူး။ ဘာမှလည်း ပွင့်ပွင့်လင်းလင်း မရှိဘူး။ ကြည့်ရတာ မြန်မာနဲ့ ထိုင်း ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်တို့လို အိမ်နီးချင်းနိုင်ငံတစ်ခုခုနဲ့ စစ်ဖြစ်တဲ့အချိန်မျိုးမှာ နောက်ပိုးဝင်သိပ်ပြီး တိုင်းပြည်က ခွဲထွက်ဖို့များ ကြံနေကြလားမသိဘူး။
တစ်ခုတော့ပြောချင်ပါတယ်။ ကျွန်တော်လိုလူမျိုးကတောင် ဒီလောက်စဉ်းစားထားရင် အနှစ်အ စိတ်ကျော်လောက် အချိန်ယူပြင်ဆင်ထားတဲ့ စစ်ခေါင်းဆောင်တွေကို ဆို၊ က၊ ရေး၊ တီး ပွဲတွေ တက်လိုက်၊ ဖဲကြိုးဖြတ်ပွဲတွေ တက်လိုက် မြင်းခင်းသဘင်ပွဲတွေ တက်လိုက်နဲ့ ငါတို့အကြံအစီကို ဒီကောင်တွေမရိပ်မိပါဘူးကွာလို့ လျှော့တွက်ပြီး မကြံသင့် မကြံအပ်ရာ ကြံဖို့စဉ်းစားရင်တော့ တပ်မတော်ကလည်း တိုင်းပြည်မပြိုကွဲအောင် လုပ်သင့်လုပ်ထိုက်တဲ့ စစ်ဆင်ရေး မျိုးနဲ့ အရေး ယူဆောင်ရွက်မှာပါပဲ။ တပ်မတော် ဆိုတာ သုမနကျောမှာ ဒါဏ်ရာတွေနဲ့ဆိုသလို ကောင်းကောင်း
ခံခဲ့ဖူးပြီးသား ဆိုတာလေးလည်း မမေ့ပါနဲ့။
လိုရင်းပြောမယ်ဗျာ။ မြန်မြန်ရှင်းတာ အကောင်းဆုံးပဲ။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှောင့်နှေးတယ်။ ဗမာစာမသင်ချင်ဘူး၊ ရတယ်၊ မသင်နဲ့၊ လွတ်တော်ထဲကိုလာရင် ဗမာစကားပြန်ခေါ်လာ။ ဗမာဆရာ၊ ဆရာမ မလိုချင်ဘူး၊ ရတယ်မပို့နဲ့၊ သက်သာတယ်။ သယံဇာတခွဲဝေမှု ဘယ်လောက်လိုချင်တယ်၊ လိုချင်တာ တည့်တိုးပြော၊ ညှိစရာ ရှိတာညှိ၊ ရှင်းစရာရှိရှင်း။ ဘယ်လိုမှ ညှိနှိုင်းလို့မပြေလည်လို့ တိုက်ရမယ်ဆိုလည်းတိုက်။ ကြာတယ်။ ကျွန်တော်တို့ ဆင်းရဲတယ်၊ အချိန်ကုန်တယ်။ ကျွန်တော်ကတော့ ရည်းစားစ ကားပြော ရင်တောင် သိပ်အချိန်ဆွဲတဲ့ ကောင်မလေးဆို စိတ်မရှည်တော့ဘူး။
ဘာဖြစ်ချင်တာလဲ၊ ဘာလိုချင်တာလဲ၊ ရှင်းရှင်းလင်းလင်း၊ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သား သားပြော။ ဗမာကိုမယုံဘူး…ဗမာကိုမယုံဘူး ထိုင်အော်နေတာနဲ့ ဇာတ်လမ်းက ပြီးမှာမဟုတ်ဘူး။
ဘာလိုချင်လို့ ဘာလိုချင်မှန်းကို မသိဘူး။ ခင်ဗျားတို့တွေ မျှော်မှန်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဆယ်ကိုယ်ခွဲ အုပ်ချုပ်တောင် မြန်မာပြည်က တိုင်းရင်းသားပေါင်းစုံရဲ့ လိုအင်ဆန္ဒပြည့်မှာ မဟုတ်ဘူး။
မယုံဘူးလား။ စောင့်ကြည့်ကြတာပေါ့….။
ရဲကျော်သူရ
No comments:
Post a Comment